ရခိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ကုလဌာနေကိုယ်စားလှယ်ပြော

တိုက်ပွဲဖြစ်ပွါးရာ ချိန်ခါလီကျေးရွာမှ ပိတ်မိသူ သက်ကြီးရွယ်အိုများကို ကယ်ထုတ်စဉ်။ (ဓါတ်ပုံ -MP Oung Thaung Shwe)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်း ဒေသတွေမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရ တာတွေ တိုးပွားလာသလို အိုးအိမ်မဲ့ စွန့်ခွာ ထွက်ပေးတွေ များပြား လာတဲ့အတွက် အလွန် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ရန်ကုန်မြို့ ကုလသမဂ္ဂ အဖွဲ့ရုံးက ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ola Almgren က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ ပဋိပက္ခတွေတွေထဲ စက်တင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရရှိခဲ့ပြီး လူနေ အိမ်ခြေ ၁၀၀ မီးလောင် ပျက်စီးခဲ့ပြီး လူ ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရတယ်လို့ လည်း Ola Almgren က ပြောပါတယ်။

မကြာခင်သေးခင် ရက်တုန်းကလည်း မြေပုံ မြို့နယ်မှာ ဗုံးဆံတွေ ကျရောက်တာကြောင့် လူပေါင်း ၂၀၀၀ လောက် အိုးအိမ် စွန့်ခွာခဲ့ရသလို ကလေးငယ် ၂ ဦး အပါအဝင် လူ လေးဦး သေဆုံးခဲ့ရကြောင်းနဲ့ ကလေးငယ် ၃ ဦး အပါအဝင် လူနောက်ထပ် ၁၄ ဦး ဒဏ်ရာရှိခဲ့တယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ဖော်ပြထားတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ဥပဒေအရ ပဋိပက္ခအတွင်း နှစ်ဖက် တိုက်ခိုက်သူနေတွေ အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရမှာ ဖြစ်တာ ကြောင့် လူနေတဲ့အရပ်တွေထဲ ဖေါက်ခွဲရေး လက်နက်တွေ အသုံးမပြုဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂက တိုက်တွန်းတောင်းဆို ထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ကုလဌာနေကိုယ်စားလှယ်ပြော


................

(Unicode)



