(Zawgyi / Unicode)
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ဘက်မှာ ပစ်ခတ်မှုတွေရှိနေလို့ ဒေသခံတွေ သွားလာနေထိုင် လုပ်ကိုင်ရေးတွေမှာ အခက်အခဲတွေ့ရသလို စိုးရိမ်ပူပန်နေကြပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှု တလနီးပါး ရပ်တန့်နေရာကနေ အခုရက်ပိုင်းအတွင်း ရသေ့တောင်မြို့နယ်ဘက်မှာ အရပ်သားတွေရှိတဲ့ နေရာတွေကို လှမ်းပစ်တာတွေ ရှိတဲ့အတွက် ကျောက်ရံ မောင်ဖြူကျေးရွာသားတွေ စပါးရိတ်သိမ်းလို့ မရဘူးလို့ ကျောက်ရံကျေးရွာသားတဦးက ပြောပါတယ်။
“အခြေအနေကတော့ သူတို့ကတော့ ငြိမ်းချမ်းရေး လုပ်ထားတယ်။ လူထုတွေကတော့ တော်တော်ဒုက္ခတွေ့တယ်ဗျာ။ စပါးသိမ်းလို့မရ သေနတ်တွေနဲ့ပစ်တာ။ ကျောက်ရံမှာ ဧက ၉၉.၄၀ ရှိတယ်။ အဲဒါကို စပါးရိတ်သိမ်းရင် ရိတ်တာနဲ့ အမျက်တောင်နဲ့ ရေစိုးချောင်းဗျူဟာကနေ ပစ်တာ။ ကျောက်ရံရွာနဲ့ မောင်ဖြူကျေးရွာကို သူတို့က ပစ်နေတာ။”
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ပစ်ခတ်မှု ရပ်တန့်နေစဉ်အခိုက်မှာ စစ်ရှောင်နေရာကနေ စိုက်ပျိုးထားတဲ့ လယ်မြေက စပါးရိတ်သိမ်းဖို့ ခေတ္တပြန်လာကြပေမယ့် ရိတ်သိမ်းဖို့ အခွင့်မသာဘူးလို့ သူကဆိုပါတယ်။
ဒါ့အပြင် မကြာသေးခင်က ဖွင့်ထားတဲ့ မေယုမြစ်ကြောင်းလမ်းကိုလည်း သွားလာရေး တဖန်ကန့်သတ်ထားတယ်လို့ ရေဘုတ်ရွာသား ဦးစိန်ဖြူက ဆိုပါတယ်။
“ဟုတ်တယ်။ မေယုမြစ်က တားတယ်။ နယ်လုံထောက်ခံချက် လိုတယ်တို့ ဘာတို့ အဲဒီလိုမျိုး ပြန်ဖြစ်နေတယ်ပေါ့။ ဟိုလအတွင်း နည်းနည်းပြန်ဖွင့်ပေးတာပေါ့။ နောက် အသွားအလာတွေကို ပြန်ကန့်သတ်လိုက်တာပေါ့။ မသွားရဘူး ပြန်ပိတ်လိုက်တယ်။”
SEE ALSO: တပ်မတော်နဲ့ AA ကြား စေ့စပ်ပေးသူတွေရှိကြောင်း နှစ်ဘက်အတည်ပြုနိုဝင်ဘာလ ၁၂ ရက်နေ့နောက်ပိုင်း မေယုမြစ်ကြောင်းလမ်း သွားလာမှုကို တပ်မတော်ရေတပ်ကနေ ဖွင့်လှစ်ပေးခဲ့ပေမယ့် အခုတဖန် ပြန်လည်စိစစ် ကန့်သတ်မှုတွေ ပြုလုပ်လာတာပါ။
အပစ်ရပ်နေတဲ့ ကာလအတွင်း မြန်မာ့တပ်မတော်အနေနဲ့ ကုန်းလမ်း၊ ရေလမ်းတွေကနေ လက်နက်ခဲယမ်း ရိက္ခာတွေကို စုဆောင်းနေဆဲ အခြေအနေကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်တယ်လို့ ရေဘုတ်ရွာသား ဦးစိန်ဖြူက ဆိုပါတယ်။
“အခုက ဒီကြားထဲမှာက မြန်မာ့တပ်မတော်ကနေပြီးတော့ လက်နက်ခဲယမ်းမီးကျောက်တွေ စားနပ်ရိက္ခာတွေ တအားတင်တာ။ ဒါက ဒုတိယလှိုင်းအတွက် ပြင်ဆင်နေပြီလား သံသယရှိတယ်။ စစ်ပွဲတကျော့ပြန်ပေါ့။”
တပ်မတော်က ရခိုင်ပြည်နယ်မှာ ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းထားပြီး လမ်းတံတား လုံခြုံရေးကိုသာ အဓိက ဆောင်ရွက်နေတယ်လု့ိလည်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လုံခြုံရေးအတွက် စိတ်မချရတာကြောင့် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုလိုက်ပြီးနောက် တိုက်ပွဲတွေ ငြိမ်သက်လာရာကနေ နေရပ်ပြန်သွားတဲ့ စစ်ဘေးရှောင်တချို့လည်း ရှိလာပါတယ်။
ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဒေသက ကံပြင်၊ ရွှေလောင်းတင်၊ မြင်းဂန်ချောင်း၊ ကူတောင် စတဲ့ မေယုမြစ်ကမ်းဘေးက စစ်ရှောင်ရွာသားတွေ နေရပ်ပြန်တာရှိပေမယ့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ဖူးတဲ့ ကျောက်တန်း ထီးစွဲဒေသမှာတော့ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။
တိုက်ပွဲငြိမ်သက်လို့ နေရပ်ကို ပြန်လာကြည့်ရှုတာမျိုး ရှိတယ်လို့လည်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
“ပြန်တဲ့သူတွေက ကိုယ့်ရပ်ရွာနဲ့ ကိုယ့်အိမ်ကို သွားကြည့်တာ အခြေအနေ၊ တချို့ကျတော့ သူတို့ စပါးရိတ်ဖို့ သွားတာ။ နေတဲ့သူက သိပ်နည်းတယ်။ သူတို့လိုအပ်ချက်က ရွာမှာ ဘာမှမရှိတော့ဘူးလေ။ အိမ်ပြင်ဖို့ သစ်က ဝါးကအစ မရှိဘူး။ တောတောင်သွားဖို့လည်း ခက်တယ်။ ရွာပြင်သွားဖို့လည်း မိုင်းတွေကို သူတို့ ကြောက်တာလည်းရှိတယ်။ တချို့ အိမ်ပျက်သွားပြီး လက်နက်ကြီးကျလို့ နောက် မီးလောင်သွားတဲ့အိမ် မီးရှို့ခံရတဲ့အိမ် နောက် စားစရာ ကြက်ဝက်ကျွဲနွားလည်း ဘာမှမရှိတော့ဘူး။”
နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲရပ်တန့်နေတဲ့ အခြေအနေကြောင့် နေရပ်ပြန်သူတွေ၊ စပါးရိတ်သိမ်းဖို့ ပြန်တဲ့သူတွေ ရှိတဲ့အတွက် စစ်ပြေးဒုက္ခသည် အရေအတွက်က အနည်းငယ် လျော့သွားပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့အထိဆိုရင် စစ်ဘေးရှောင်ဦးရေ ၁၉၀,၀၀၀ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) စာရင်းအရ သိရပါတယ်။
အခုနှစ် ဒီဇင်ဘာလ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့် အစိုးရကနေ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ မပါဝင်ခဲ့ပါဘူး။
ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ခက်ခဲတဲ့ဒေသတွေကို ဆေးဝါးရိက္ခာ ပို့ဆောင်ရေး၊ အပြန်အလှန် ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းဖို့အတွက် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တပ်မတော် အဆင့်မြင့်အရာရှိတွေနဲ့ Online က ဆွေးနွေးခဲ့ကြကြောင်းနဲ့ နှစ်ဖက် လူချင်းတွေ့ဆုံ ဆွေးနွေးဖို့ကို ညှိနှိုင်းနေကြောင်း AA အဖွဲ့ကနေ ဒီလဆန်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Your browser doesn’t support HTML5
-------------------------
(Unicode)
SEE ALSO: တပ်မတော်နဲ့ AA ကြား ဆက်သွယ်ပြောဆိုမှုပေါ် အကောင်းမြင်ကြိုဆိုမွနျမာစဈတပျနဲ့ ရခိုငျလကျနကျကိုငျ AA အဖှဲ့တို့အကွား ပဈခတျမှု ရပျတန့ျနစေဉျအခိုကျမှာ စဈရှောငျနရောကနေ စိုကျပြိုးထားတဲ့ လယျမွကေ စပါးရိတျသိမျးဖို့ ခတေ်တပွနျလာကွပမေယ့ျ ရိတျသိမျးဖို့ အခှင့ျမသာဘူးလို့ သူကဆိုပါတယျ။