(Zawgyi/Unicode)
ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးနဲ႔ ကုသနည္းဆိုင္ရာ သုေတသနလုပ္ေနတဲ့ အေနာက္ႏိုင္ငံေတြက ကုမၸဏီေတြနဲ႔ သုေတသနဌာနေတြဆီက အခ်က္အလက္ေတြကို ခိုးယူဖို႔ ရုရွားက ဆိုင္ဘာေဖာက္ထြင္းမႈေတြ အႀကီးအက်ယ္ လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္၊ ၿဗိတိန္နဲ႔ ကေနဒါ အရာရွိေတြက စြပ္စြဲၾကပါတယ္။
ဒီ ဆိုင္ဘာေဖါက္ထြင္းမႈဟာ ေဖေဖၚဝါရီလက စတင္ခဲ့တာ ျဖစ္ၿပီး အခုထိလည္း လုပ္ေဆာင္ေနဆဲ ျဖစ္တယ္လို႔ ၃ ႏိုင္ငံအစိုးရေတြ ပူးတြဲထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
SEE ALSO: Moderna ကုမၸဏီရဲ႕ ကိုဗစ္ကာကြယ္ေဆးစမ္းသပ္ခ်က္ တုိးတက္မႈရေန
အေမရိကန္နဲ႔ ကေနဒါ ႏိုင္ငံေတြက ဆိုင္ဘာလံုၿခံဳေရးဌာနေတြနဲ႔ လက္တြဲ ေဆာင္ရြက္ေနတဲ့ ၿဗိတိန္ႏိုင္ငံရဲ့ ဆိုင္ဘာလံုၿခံဳေရးဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ၿပီး ဒီေဖာက္ထြင္းတုိက္ခိုက္မႈကို Cozy Bear လို႔အမည္ဝွက္ေပးထားတဲ့ ရုရွား ဆိုင္ဘာေဖါက္ထြင္းအဖြဲ႔ APT29 ကလုပ္ေဆာင္တာ ျဖစ္ေၾကာင္း ေဖၚျပထားပါတယ္။
APT29 အဖြဲ႔ဟာ အစိုးရအဖြဲ႔ေတြ၊ သံတမန္ေတြ၊ တတ္သိပညာရွင္အဖြဲ႔ေတြ၊ က်န္းမာေရးနဲ႔ စြမ္းအင္ဆိုင္ရာ အဖြဲ႔အစည္းေတြ ကို ပစ္မွတ္ထားၿပီး ဒီအဖြဲ႔အစည္းေတြဆီက အခ်က္အလက္ေတြ ေထာက္လွမ္းဖို႔ လုပ္ေဆာင္ေနတာ ကာလ အေတာ္ၾကာၿပီျဖစ္ေၾကာင္းနဲ႔ ဒီအဖြဲ႔ရဲ႕ အႏၱရာယ္ကို လူတိုင္း အေလးအနက္ထားၾကဖို႔လည္း အေမရိကန္ အမ်ိဳးသားလံုၿခံဳေရးေအဂ်င္စီ NSA က ဆိုင္ဘာလံုၿခံဳေရး ဆိုင္ရာ အႀကီးအကဲ Anne Neuberger က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။
အခုလို ဆိုင္ဘာအတိုက္ခိုက္ခံရတာအတြက္ ၿဗိတိန္ အမ်ိဳးသားဆုိင္ဘာ လံုၿခံေရးဗဟိုဌာန အႀကီးအကဲ တဦးျဖစ္တဲ့ Paul Chichester ကလည္း ရႈံ႕ခ်လိုက္ၿပီး Cozy Bear အဖြဲ႔ဟာ ရုရွားေထာက္လွမ္းေရးအဖြဲ႔ရဲ့ အစိတ္အပိုင္း တခုဆိုတာ ေသခ်ာသေလာက္ပဲ လို႔ေျပာပါတယ္။
ကိုရိုနာဗိုင္းရပ္စ္ေရာဂါ ဆိုင္ရာ သုေတသနအတြက္ အကာကြယ္ေပးႏုိင္ဖို႔ အေမရိကန္၊ ၿဗိတိန္နဲ႔ ကေနဒါ ၃ ႏိုင္ငံက ႀကိဳးစားေနၾကတာ ျဖစ္ၿပီး ေဆးကုမၸဏီေတြ၊ တကၠသိုလ္ေတြနဲ႔ တျခားသုေတသနဌာန ေတြအတြက္ ဆိုင္ရာလံုၿခံဳေရး ဆိုင္ရာ အႀကံေပးခ်က္ အသစ္ေတြ ထုတ္ျပန္ၾကပါတယ္။
ဒီလို အတိုက္ခိုက္ခံရမႈအတြက္ ႏိုင္ငံႀကီး ၃ ႏိုင္ငံက ေမလထဲမွာ ပထမဆံုးအႀကိမ္ သတိေပးခ်က္ထုတ္ျပန္ခဲ့ေပမယ့္ ဘယ္သူ႔လက္ခ်က္ဆိုတာ အဲဒီအခ်ိန္က မသိခဲ့ၾကပါဘူး။
Your browser doesn’t support HTML5
အေနာက္ႏုိင္ငံေတြက ကုိဗစ္ဆုိင္ရာ သုေတသနအခ်က္အလက္ေတြ ရုရွားခုိးယူဖုိ႔ႀကိဳးစား
...............
အနောက်နိုင်ငံတွေက ကိုဗစ်ဆိုင်ရာ သုတေသနအချက်အလက်တွေ ရုရှားခိုးယူဖို့ကြိုးစား
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ ကုသနည်းဆိုင်ရာ သုတေသနလုပ်နေတဲ့ အနောက်နိုင်ငံတွေက ကုမ္ပဏီတွေနဲ့ သုတေသနဌာနတွေဆီက အချက်အလက်တွေကို ခိုးယူဖို့ ရုရှားက ဆိုင်ဘာဖောက်ထွင်းမှုတွေ အကြီးအကျယ် လုပ်ဆောင်နေတယ်လို့ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ အရာရှိတွေက စွပ်စွဲကြပါတယ်။
ဒီ ဆိုင်ဘာဖေါက်ထွင်းမှုဟာ ဖေဖေါ်ဝါရီလက စတင်ခဲ့တာ ဖြစ်ပြီး အခုထိလည်း လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ၃ နိုင်ငံအစိုးရတွေ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေက ဆိုင်ဘာလုံခြုံရေးဌာနတွေနဲ့ လက်တွဲ ဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံရဲ့ ဆိုင်ဘာလုံခြုံရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဒီဖောက်ထွင်းတိုက်ခိုက်မှုကို Cozy Bear လို့အမည်ဝှက်ပေးထားတဲ့ ရုရှား ဆိုင်ဘာဖေါက်ထွင်းအဖွဲ့ APT29 ကလုပ်ဆောင်တာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
SEE ALSO: ကုိ႐ုိနာဗုိင္းရပ္စ္ ကာကြယ္ေဆး တ႐ုတ္ႏုိင္ငံမွာ ဒုတိယအဆင့္ စမ္းသပ္
APT29 အဖွဲ့ဟာ အစိုးရအဖွဲ့တွေ၊ သံတမန်တွေ၊ တတ်သိပညာရှင်အဖွဲ့တွေ၊ ကျန်းမာရေးနဲ့ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတွေ ကို ပစ်မှတ်ထားပြီး ဒီအဖွဲ့အစည်းတွေဆီက အချက်အလက်တွေ ထောက်လှမ်းဖို့ လုပ်ဆောင်နေတာ ကာလ အတော်ကြာပြီဖြစ်ကြောင်းနဲ့ ဒီအဖွဲ့ရဲ့ အန္တရာယ်ကို လူတိုင်း အလေးအနက်ထားကြဖို့လည်း အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA က ဆိုင်ဘာလုံခြုံရေး ဆိုင်ရာ အကြီးအကဲ Anne Neuberger က ကြေညာချက်မှာ ပြောဆိုထားပါတယ်။
အခုလို ဆိုင်ဘာအတိုက်ခိုက်ခံရတာအတွက် ဗြိတိန် အမျိုးသားဆိုင်ဘာ လုံခြံရေးဗဟိုဌာန အကြီးအကဲ တဦးဖြစ်တဲ့ Paul Chichester ကလည်း ရှုံ့ချလိုက်ပြီး Cozy Bear အဖွဲ့ဟာ ရုရှားထောက်လှမ်းရေးအဖွဲ့ရဲ့ အစိတ်အပိုင်း တခုဆိုတာ သေချာသလောက်ပဲ လို့ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဆိုင်ရာ သုတေသနအတွက် အကာကွယ်ပေးနိုင်ဖို့ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ ၃ နိုင်ငံက ကြိုးစားနေကြတာ ဖြစ်ပြီး ဆေးကုမ္ပဏီတွေ၊ တက္ကသိုလ်တွေနဲ့ တခြားသုတေသနဌာန တွေအတွက် ဆိုင်ရာလုံခြုံရေး ဆိုင်ရာ အကြံပေးချက် အသစ်တွေ ထုတ်ပြန်ကြပါတယ်။
ဒီလို အတိုက်ခိုက်ခံရမှုအတွက် နိုင်ငံကြီး ၃ နိုင်ငံက မေလထဲမှာ ပထမဆုံးအကြိမ် သတိပေးချက်ထုတ်ပြန်ခဲ့ပေမယ့် ဘယ်သူ့လက်ချက်ဆိုတာ အဲဒီအချိန်က မသိခဲ့ကြပါဘူး။