အမျိုးသမီးတွေ တန်းတူအခွင့်အရေး အမှန်တကယ် ရနေပါရဲ့လား …

ကျား-မ တန်းတူညီမျှရေး လှုံ့ဆော်သည့် ကုလသမဂ္ဂ ပိုစတာ။

မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အခွင့်အရေးအားလုံးမှာ အမျိုးသားတွေနဲ့တန်းတူ ခံစားခွင့်ရနေတယ်လို့ မြင်ကြပါသလား။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက တန်းတူအခွင့်အရေးရဖို့ တိုက်တွန်း လှုပ်ရှားနေကြချိန် တန်းတူအခွင့်အရေးရပြီးသား၊ ဘာများ ထပ်တောင်းနေဖို့ လိုသေးသလဲလို့ ပြန်ပြီး ငြင်းချက်ထုတ်သူတွေလည်း ရှိပါတယ်။

ဒီအပေါ် အမြင်သဘောထားတွေကို ပင်တိုင်ဆွေးနွေးသူတွေဖြစ်တဲ့ ကျား-မ တန်းတူ ညီမျှရေးကွန်ယက်က ဒါရိုက်တာ ဒေါ်မေစပယ်ဖြူ၊ ညီမျှခြင်းမြန်မာအဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့နဲ့အတူ သောတရှင်တွေ ကိုယ်တိုင် တိုက်ရိုက်ပါဝင်ဆွေးနွေးထား ပါတယ်။

Your browser doesn’t support HTML5

အမျိုးသမီးတွေ တန်းတူအခွင့်အရေး အမှန်တကယ် ရနေပါရဲ့လား …