အစ္စရေးလ်နိုင်ငံ Tel Aviv မြို့ ကာကွယ်ရေးဝန်ကြီးဌာနအနီးမှာ မနေ့က ဗုဒ္ဓဟူးနေ့တုန်းက ဈေးဝယ်သူတွေနဲ့ ညစာ စားနေသူတွေကို ပါလက်စတိုင်း သေနတ်သမားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ ်အပြီးမှာတော့ ပါလက်စတိုင်းသား ၈၃,၀၀၀ ကို ရာမာဒန် ဥပုသ်လအတွင်း ခရီးသွားလာခွင့် အစ္စရေးက ပိတ်လိုက်ပါတယ်။ မနေ့က တိုက်ခိုက်မှုကြောင့် လူ ၄ ယောက်သေဆုံးပြီး ငါးယောက် ဒဏ်ရာရခဲ့တာပါ။
ရာမာဒန် ဥပုပ်လအတွင်း ခွင့်ပြုထားတဲ့ ခွင့်ပြုချက်တွေ အားလုံး၊ အထူးသဖြင့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း ကနေ အစ္စရေးကို လာရောက်လည်ပတ်ကြတဲ့ မိသားစုတွေရဲ့ ခရီးသွားလာခွင့်အားလုံးကို ပိတ်လိုက်တဲ့အကြောင်း ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသရဲ့ အရပ်ဘက်ရေးရာ ကိစ္စတွေကို စီစဉ်ဆောင်ရွက်တဲ့ COGAT အဖွဲ့က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
အခုထုတ်ပြန်ချက်ကြောင့် ဂါဇာမှာရှိတဲ့ ရာနဲ့ချီတဲ့ ပါလက်စတိုင်းသားတွေ၊ တိုက်ခိုက်သူတွေအဖြစ် သံသယရှိ ထားသူတွေထဲက တဦးရဲ့ ဆွေမျိုး ၂၀၄ ယောက် တို့ကို မိသားစုတွေထံ လည်ပတ်တာ၊ ဂျေရူစလင်မြို့က ရာမာဒန် ဆုတောင်းပွဲတွေကို တက်ရောက်တာတွေ ခွင့်မပြုတော့သလို၊ သူတို့အားလုံးကို Tel Aviv နိုင်ငံတကာလေဆိပ်ကနေ ခရီးသွားလာခွင့် ပိတ်ပစ်လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ဒေသမှာ တပ်ဖွဲ့တွေရာနဲ့ချီ တိုးမြင့်ချသွားမယ်လို့ အစ္စရေး စစ်တပ်ကလည်း ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က လည်း ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုဟာကို ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုအဖြစ် ရှုတ်ချလိုက်ပါတယ်။
Your browser doesn’t support HTML5
Tel Aviv ပစ်ခတ်မှုအပြီး ပါလက်စတိုင်း ၈၀,၀၀၀ ကျော် ခရီးသွားခွင့်ပိတ်ခံရ
Your browser doesn’t support HTML5
Tel Aviv ပစ်ခတ်မှုအပြီး ပါလက်စတိုင်း ၈၀,၀၀၀ ကျော် ခရီးသွားခွင့်ပိတ်ခံရ