ဂါဇာကမ်းမြောင်ဒေသမှာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်မူကြမ်းကို အချေအတင် ဆွေးနွေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီကနေ့ အရေးပေါ် စည်းဝေးပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဒီမူကြမ်းအရ ဂါဇာကမ်းမြောင်မှာ ကပ်ဘေးသင့်နေတဲ့သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အခြေအနေနဲ့ ပါလက်စတိုင်းအရပ်သားတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေအပေါ် စိုးရိမ်ပူပန်မှုတွေ အပါအဝင်၊ အစ္စရေးနဲ့ ပါလက်စတိုင်းအရပ်သားတွေကို နိုင်ငံတကာဥပဒေအရ အကာအကွယ်ပေး နိုင်ဖို့အတွက် အလေးထားဖော်ပြထားပါတယ်။
ဒီဆွေးနွေးပွဲမှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို အဖွဲ့အစည်းအားလုံး လိုက်နာကြဖို့နဲ့ အရပ်သားတွေကို နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေအောက်မှာ အကာအကွယ်ပေးနိုင်ဖို့အတွက် အလေးထားဆွေးနွေးတောင်းဆိုကြမှာဖြစ်သလို၊ ဓားစာခံများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ သေချာရောက်စေဖို့အတွက်လည်း ဆွေးနွေးသွားကြမှာပါ။
အလားတူ အလားတူ အဆိုပြုချက် မူကြမ်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ပေမဲ့ အမေရိကန်ရဲ့ ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ ဒီကနေ့ အထွေထွေညီလာခံမှာ ဆွေးနွေး မဲခွဲကြမယ့် ဆုံးဖြတ်ချက်မူကြမ်းကတော့ မဖြစ်မနေ လိုက်နာရမယ့် အဆိုပြုချက်မျိုးတော့ မဟုတ်ပါဘူး။ လုံခြုံရေးကောင်စီရဲ့ အဆိုပြုချက်မူကြမ်းကိုတော့ အမေရိကန်အနေနဲ့ ဆန့်ကျင်ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller က မနေ့က သတင်းထောက်တွေကို ပြောပါတယ်။
Your browser doesn’t support HTML5