၂၄နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၃၉၇၇ဦး၊ သေဆုံး ၅၇ဦး 

ကလေးမြို့က ကိုဗစ်ရောဂါနဲ့သေဆုံးသူတဦးကို လာရောက်ယူဆောင်စဉ် ( ဓာတ်ပုံ - Chin Land)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဒီကနေ့ Covid-19 ရောဂါ ပိုးကူးသူ ၂၄နာရီအတွင်း ၄ထောင်ထောင်နီးပါး စံချိန်တင် ဓါတ်ခွဲအတည်ပြုချက်တွေ့ပါတယ်။ ဓါတ်ခွဲစစ်ဆေးမှုပေါင်း ၁သောင်း ၄ ထောင်ကျော်ထဲမှာ ပိုးတွေ့သူ (၃၉၄၇ )ဦးရှိကြောင်း မြန်မာအားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အခုည ၈နာရီမှာ ကြေငြာခဲ့တာပါ။

၂၄ နာရီအတွင်း သေဆုံးသူက (၅၇) ဦး စံချိန်တင်ရောက်လာပြီး၊ အခုထိဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းက ၃၅၇၀ ရှိပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ပိုးတွေ့သူတွေရော သေဆုံးသူပါ တနေ့ထက်တနေ့ စံချိန်တင်တိုးလာနေတာပါ။ ကပ်ရောဂါစတင်ချိန်ကတည်းက ဓာတ်ခွဲစစ်ဆေးမှုပေါင်း (၂၈)သိန်းဝန်းကျင်လုပ်ထားပြီးပါပြီ။ ဒီနေ့ ကိန်းဂဏန်းတွေအရဆိုရင် ဓာတ်ခွဲစစ်ဆေးမှုမှာပိုးတွေ့သူ ၂၇ ရာခိုင်နှုန်းထိရောက်လာပါတယ်။ ပိုးတွေ့သူစုစုပေါင်း ၁သိန်း ၇ သောင်း ၅ ထောင်ကျော်ရှိသလို ပြန်လည်သက်သာပျောက်ကင်းသွားသူက ၁သိန်း ၄ သောင်းကျော်ရှိတယ်လို့လည်း ဆိုထားပါတယ်။

နိုင်ငံတဝှမ်းပိုးကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ကပ်ရောဂါထိန်းချုပ်ရေး မလိုအပ်ပဲ အိမ်ပြင်မထွက် Stay-at-Home အမိန့်တွေ ထပ်တိုးထုတ်ပြန်လိုက်ပါတယ်။ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်နဲ့သံဖြူဇရပ်မြို့နယ်၊ ရန်ကုန်တိုင်းထဲက မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်၊ အင်းစိန်၊တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဥက္ကလာပ၊ ဗဟန်း၊ မရမ်းကုန်းမြို့နယ်တွေမှာ ဂျူလိုင် (၈)ရက်၊ မနက်၄ နာရီကစပြီး အိမ်ထဲမှာပဲနေဖို့ Stay-at-Home အမိန့်တွေလည်း ထုတ်ပြန်လိုက်တာပါ။

လက်ရှိချိန်ထိ Stay-at-Home အမိန့်ထုတ်ပြန်ထားတဲ့မြို့နယ် ၄၄ ခုရှိသွားပါပြီ။ မြန်မာနိုင်ငံတွင်းခုနှစ်ဆန်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကြောင့် ရောဂါပိုးစစ်ဆေးနိုင်မှုအားနည်းနေသလို ကျန်းမာရေးစနစ်လည်း လုံး၀ ပြိုလဲမလိုဖြစ်နေပါတယ်။

.............................................................................................


(Unicode)







..............................................................................................


(Unicode)



