ကိုဗစ်ဖြစ်နေတဲ့ ကန်သမ္မတနဲ့ ဇနီးတို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဆုတောင်းပေး

အမေရိကန်သမ္မတ Donald Trump နဲ့ ဇနီး Melania Trump.

(Zawgyi / Unicode)

သောကြာနေ့မှာ အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ COVID-19 ကူးစက်ခံနေရကြောင်း သတင်းတွေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ ကမ္ဘာတလွှားက ခေါင်းဆောင်တွေနဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက သမ္မတနဲ့ သမ္မတကတော်တို့ အမြန်ပြန်ကျန်းမာစေဖို့ ဆုမွန်ကောင်းတွေ တောင်းပေးနေကြသလို စနေနေ့မှာတော့ တရုတ်၊ မြောက်ကိုရီးယားနဲ့ နယူးဇီလန် ခေါင်းဆောင်တွေကပါ ဆုတောင်းပေးခဲ့ကြပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော်တို့မှာ ဒီရောဂါ ကူးစက်ခံရကြောင်း သိရတဲ့အတွက် တရုတ်သမ္မတ Xi Jinping နဲ့ သမ္မတကတော် Pend Liyuan တို့က စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ အမြန်သက်သာ ပျောက်ကင်းစေဖို့ ဆုတောင်းပေးနေကြောင်း အောက်တိုဘာလ ၃ ရက်နေ့ တရုတ်အစိုးရ ရုပ်သံသတင်းမှာ ကြေညာခဲ့ပါတယ်။ ဒီရောဂါပြန့်ပွားမှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှုတွေ ဖြစ်နေတာပါ။

SEE ALSO: သမ္မတ Trump ကျန်းမာရေးအခြေအနေအပေါ် သမ္မတဆရာဝန်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကလည်း သမ္မတ Donald Trump အမြန်ပြန်ကျန်းမာစေဖို့ ဆုတောင်းပေးတဲ့ သတင်းစကားကို စနေနေ့မနက်ပိုင်း မြောက်ကိုရီးယားအစိုးရ KCNA သတင်းမှာ ကြေညာခဲ့ပါတယ်။

COVID-19 ကူးစက်ခံနေရတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော်တို့ အမြန်ကျန်းမာစေဖို့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern ကလည်း စနေနေ့မှာပဲ ဆုတောင်းပေးခဲ့ပါတယ်။

သမ္မတ Trump အတွက် ပထမဆုံး ဆုတောင်းပေးသူကတော့ သူနဲ့ အရင်းနှီးဆုံးသူ တဦးဖြစ်တဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဖြစ်ပါတယ်။ ရုရှားသမ္မတ Vladimir Putin၊ ကိုယ်တိုင် ဒီရောဂါ ကူးစက်ခံခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့ကြတာပါ။

Your browser doesn’t support HTML5

ကိုဗစ်ဖြစ်နေတဲ့ ကန်သမ္မတနဲ့ ဇနီးတို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဆုတောင်းပေး

----------------------

(Unicode)





SEE ALSO: သမ္မတ Trump တို့ ဇနီးမောင်နှံ ကိုဗစ်ကူးခံရတဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တုန့်ပြန်မှုများ

