"အေျခအေနေကာင္းတယ္လို႔ ထင္ပါတယ္" - သမၼတ Trump

အေမရိကန္သမၼတ Donald Trump.

(Zawgyi / Unicode)

COVID-19 ေရာဂါ ကူးစက္ခံထားရတဲ့ အေမရိကန္သမၼတ Donald Trump က "အေျခအေနေကာင္းတယ္လုိ႔ က်ေနာ္ထင္ပါတယ္၊ အားလံုးကုိ ေက်းဇူးတင္ပါတယ္၊ ခ်စ္ျခင္းျဖင့္" ဆိုၿပီး ေဆး႐ုံတက္ေနရင္း တြစ္တာကေန ေျပာလိုက္ပါတယ္။

သမၼတ Trump ရဲ႕ အေျခအေနဟာ အလြန္ေကာင္းမြန္ၿပီး သူ႔ကို ေအာက္ဆီဂ်င္ေပးထားဖို႔ မလိုေၾကာင္း၊ ဒါေပမယ့္ အထူးကုေတြနဲ႔ တုိင္ပင္ေဆြးေႏြးၿပီးတဲ့ ေနာက္မွာေတာ့ Remdesivir ေဆး ၁ ႀကိမ္ေပးထားၿပီး သက္ေတာင့္သက္သာ အနားယူေနတယ္လို႔ သမၼတရဲ႕ သမားေတာ္ႀကီး Dr. Sean Conley က အိမ္ျဖဴေတာ္ ျပန္ၾကားေရးအရာရွိ Kayleigh McEnany ကို ေပးပုိ႔တဲ့ အိမ္ျဖဴေတာ္မွတ္တမ္းထဲမွာ ေျပာထားပါတယ္။

သမၼတ Trump ကို မေန႔ ေသာၾကာေန႔ ေန႔လယ္က ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္နား Bethesda မွာရွိတဲ့ Walter Reed စစ္ေဆး႐ုံကို တင္ခဲ့တာျဖစ္ၿပီး သမၼတ Trump ဟာ အဲဒီမွာရွိတဲ့ သူ႔ရဲ႕ ေဆး႐ုံအထူးခန္းကေန အလုပ္လုပ္သြားမွာ ျဖစ္ပါတယ္။

SEE ALSO: ကုိဗစ္ ကူးစက္ခံထားရတဲ့ သမၼတ Trump ကုိ စစ္ေဆးရုံမွာ ေျပာင္းေရႊ႕ကုသမႈေပး

မေန႔က ေဆး႐ုံကိုသြားတဲ့အခ်ိန္ အိမ္ျဖဴေတာ္ကေန သူ႔ရဲ႕ Marine One ရဟတ္ယာဥ္ေပၚကို မတက္ခင္မွာ သမၼတ Trump က သတင္းေထာက္ေတြကို လက္မေထာင္ျပသြားခဲ့ပါတယ္။ အဲဒီေနာက္ ေဆး႐ုံေရာက္တဲ့အခ်ိန္မွာလည္း သမၼတဟာ သူ႔ရဲ႕ ရဟတ္ယာဥ္ကေန ကားဆီကို လမ္းေလွ်ာက္သြားခဲ့ပါတယ္။

ေသခ်ာ အထူးဂ႐ုစိုက္ၿပီး သမၼတရဲ႕ ဆရာဝန္နဲ႔ ေဆးဘက္ဆုိင္ရာ ကၽြမ္းက်င္သူေတြရဲ႕ အႀကံေပးခ်က္အရ သမၼတဟာ လာမယ့္ရက္ေတြအတြင္း Walter Reed ေဆး႐ုံကေန အလုပ္လုပ္သြားမွာ ျဖစ္တယ္လို႔လည္း အိမ္ျဖဴေတာ္ ျပန္ၾကားေရးအရာရွိ McEnany က ေၾကညာခ်က္မွာ ေျပာထားပါတယ္။ ဒါ့အျပင္ သမၼတ Trump ဆီကေန ဒု-သမၼတ Mike Pence ကို အာဏာလႊဲေပးထားတာ မရွိဘူးလို႔ အိမ္ျဖဴေတာ္ တာဝန္ရွိသူေတြကလည္း ေျပာပါတယ္။

Your browser doesn’t support HTML5

"အေျခအေနေကာင္းတယ္လို႔ ထင္ပါတယ္" - သမၼတ Trump

--------------------------

(Unicode)

"အခြေအနေကောင်းတယ်လို့ ထင်ပါတယ်" - သမ္မတ Trump

COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ အမေရိကန်သမ္မတ Donald Trump က "အခြေအနေကောင်းတယ်လို့ ကျနော်ထင်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်၊ ချစ်ခြင်းဖြင့်" ဆိုပြီး ဆေးရုံတက်နေရင်း တွစ်တာကနေ ပြောလိုက်ပါတယ်။

သမ္မတ Trump ရဲ့ အခြေအနေဟာ အလွန်ကောင်းမွန်ပြီး သူ့ကို အောက်ဆီဂျင်ပေးထားဖို့ မလိုကြောင်း၊ ဒါပေမယ့် အထူးကုတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတဲ့ နောက်မှာတော့ Remdesivir ဆေး ၁ ကြိမ်ပေးထားပြီး သက်တောင့်သက်သာ အနားယူနေတယ်လို့ သမ္မတရဲ့ သမားတော်ကြီး Dr. Sean Conley က အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ Kayleigh McEnany ကို ပေးပို့တဲ့ အိမ်ဖြူတော်မှတ်တမ်းထဲမှာ ပြောထားပါတယ်။

သမ္မတ Trump ကို မနေ့ သောကြာနေ့ နေ့လယ်က ဝါရှင်တန်ဒီစီမြို့တော်နား Bethesda မှာရှိတဲ့ Walter Reed စစ်ဆေးရုံကို တင်ခဲ့တာဖြစ်ပြီး သမ္မတ Trump ဟာ အဲဒီမှာရှိတဲ့ သူ့ရဲ့ ဆေးရုံအထူးခန်းကနေ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။

SEE ALSO: သမၼတ Trump နဲ႔ဇနီးတုိ႔ ကုိဗစ္ကူးစက္ခံရတဲ့အေပၚ ကန္ ႏုိင္ငံေရးအသုိင္း၀ုိင္းရဲ႕ တုန္႔ျပန္မႈမ်ား

မနေ့က ဆေးရုံကိုသွားတဲ့အချိန် အိမ်ဖြူတော်ကနေ သူ့ရဲ့ Marine One ရဟတ်ယာဉ်ပေါ်ကို မတက်ခင်မှာ သမ္မတ Trump က သတင်းထောက်တွေကို လက်မထောင်ပြသွားခဲ့ပါတယ်။ အဲဒီနောက် ဆေးရုံရောက်တဲ့အချိန်မှာလည်း သမ္မတဟာ သူ့ရဲ့ ရဟတ်ယာဉ်ကနေ ကားဆီကို လမ်းလျှောက်သွားခဲ့ပါတယ်။

သေချာ အထူးဂရုစိုက်ပြီး သမ္မတရဲ့ ဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်အရ သမ္မတဟာ လာမယ့်ရက်တွေအတွင်း Walter Reed ဆေးရုံကနေ အလုပ်လုပ်သွားမှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ McEnany က ကြေညာချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် သမ္မတ Trump ဆီကနေ ဒု-သမ္မတ Mike Pence ကို အာဏာလွှဲပေးထားတာ မရှိဘူးလို့ အိမ်ဖြူတော် တာဝန်ရှိသူတွေကလည်း ပြောပါတယ်။