Donald Trump အမှု ကြားနာစစ်ဆေးမယ့် အထက်လွှတ်တော်အမတ်တွေ ကျမ်းသစ္စာ ကျိန်ဆို

Donald Trump အမှု ကြားနာစစ်ဆေးမယ့် အထက်လွှတ်တော်အမတ်များ ကျမ်းသစ္စာ ကျိန်ဆိုပြီး ထွက်လာစဉ်

(Zawgyi/Unicode)

ဇန်နဝါရီလ (၆)ရက်နေ့က Trump ထောက်ခံသူထောင်ပေါင်းများစွာကနေ လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်စီးနင်းမှုမှာ လှုံဆော်ခဲ့တဲ့ ပြစ်မှုနဲ့ သမ္မတဟောင်း Donald Trump ကို အရေးယူမယ့်ကိစ္စနဲ့ ပတ်သက်လို့ ကြားနာစစ်ဆေးဖို့ မနေ့ အင်္ဂါနေ့က အမေရိကန် အထက်လွှတ်တော် အမတ်တွေဟာ တရားသူကြီးတွေနဲ့ ဂျုရီလူကြီးတွေအဖြစ် ထမ်းဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

ဒီမိုကရက်အမတ် ၅၀ နဲ့ ရီပါပလင်ကန် အမတ် ၅၀ စုစုပေါင်း အမတ် ၁၀၀ ရှိနေတဲ့ အထက်လွှတ်တော်မှာ Trump ကိုတရားစွဲထားတဲ့ အမှုကို ဖေဖေါ်ဝါရီလ ၉ရက်နေ့မှာ ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်ကြောင်းဆုံးဖြတ်ချက် ချဖို့အတွက် အထက်လွှတ်တော်မှာ မဲအရေအတွက် သုံးပုံနှစ်ပုံ လိုအပ်ပါတယ်။ ဆိုလိုတာက- ဒီမိုကရက် အမတ် ၅၀ လုံးက ထောက်ခံမဲပေးတယ်လို့ ယူဆမယ်ဆိုရင် ရီပါပလင်ကန်အမတ်တွေဘက်က ၁၇ ဦးကနေ Trump မှာ အပြစ်ရှိကြောင်း ထောက်ခံတဲ့မဲပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားကြောင်း စီရင်ချက် ချမယ်ဆိုရင် Trump အနေနဲ့ သမ္မတ အပါအဝင် အများပြည်သူဆိုင်ရာ ရာထူးတွေနဲ့ပတ်သက်လို့ ထမ်းဆောင်ခွင့် သူ့ တသက်လုံး ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ကတော့ Trump ကိုအရေးယူဖို့ အထက်လွှတ်တော်မှာ ကြားနာ စစ်ဆေးမှာကို သူ့အနေနဲ့ ထောက်ခံပေမယ့် လုံလောက်တဲ့ မဲအရေအတွက်ရဖို့ ရီပါပလင်ကန်တွေဘက်က ဆောင်ရွက်မယ်လို့ မထင်ကြောင်း CNN သတင်းဌာနကို တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

Donald Trump အမှု ကြားနာစစ်ဆေးမယ့် အထက်လွှတ်တော်အမတ်တွေ ကျမ်းသစ္စာ ကျိန်ဆို


..............

Donald Trump အမှု ကွားနာစဈဆေးမယ့ျ အထကျလှှတျတောျအမတျတှေ ကမြျးသစ်စာ ကြိနျဆို

(Unicode)



