ယူကရိန်း၊ အာဆီယံ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ပြင်ဆင် 

  • ဗွီအိုအေမြန်မာပိုင်း

FILE PHOTO: Ukraine's Foreign Minister Dmytro Kuleba attends a news conference in Odesa (မှတ်တမ်းဓါတ်ပုံ)

ယူကရိန်း၊ အာဆီယံ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ပြင်ဆင်

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံများအသင်း ASEAN နဲ့ ဆက်ဆံရေး တိုးမြှင့်နေပြီး ဒီသီတင်းပတ် နှောင်းပိုင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ သံတမန်ရေး သဘောတူညီချက် တရပ်ကိုလည်း လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ဟာ အရှေ့တောင်အာရှ ဆက်ဆံရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် TAC ကို လူကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ASEAN အခမ်းအနား တချို့ကိုလည်း တက်ရောက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ TAC သဘောတူညီချက်ဆိုတာဟာ တနိုင်ငံရဲ့ အချုပ်အခြာ၊ နယ်နမိတ် နဲ့ အမျိုးသားရေး လက္ခဏာတွေကို အပြန်အလှန် လေးစားလိုက်နာရေး အတွက် ASEAN ကို စတင် တည်ထောင်ခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေက ၁၉၇၆ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်ဖြစ်ပါတယ်။

ASEAN အဖွဲ့ဝင်မဟုတ်တဲ့ ယူကရိန်းနိုင်ငံ နဲ့ သဘောတူညီချက်ဟာ သံတမန်ရေး သဘောသာဖြစ်ပြီး၊ ရုရှားနိုင်ငံနဲ့ စစ်ဖြစ်နေတဲ ယူကရိန်းနိုင်ငံကို ငွေကြေး နဲ့ ရုပ်ဝတ္ထုတွေ ပေးအပ်ဖို့အတွက် မဟုတ်ပါဘူးလို့ ကမ္ဘောဒီယား အစိုးရ အကြီးတန်း အရာရှိတဦး က ပြောပါတယ်။

ဒီနှစ် ၂ဝ၂၂ သြဂုတ်လ အထိ TAC သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ အထဲမှာ အမေရိကန် ၊ တရုတ် နဲ့ ရုရှားတို့ အပါအဝင် ၄၉ နိုင်ငံရှိပါတယ်။ ASEAN အလှည့်ကျ ဥက္ကဌ တာဝန်ထမ်းဆောင်နေတဲ့ ကမ္ဘောဒီးယား နိုင်ငံဟာဆိုရင် ရုရှား က ယူကရိန်း အပေါ် ကျူးကျော်မှုကို မတ်လအတွင်းက ရှုတ်ချထားပြီး အပစ်အခတ် ရပ်စဲကြဖို့ ASEAN ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက ASEAN ထိပ်သီးဆွေးနွေးပွဲနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကို အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး ရုရှားသမ္မတကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ဖနွမ်းပင်မြို့တော်ကို လာရောက်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်း၊ အာဆီယံ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ပြင်ဆင်

................................................................


{{Zawgyi/Unicode}}



