ကုလ လူ့အခွင့်အရေး မဟာမင်းကြီး တရုတ် Xinjiang နယ်ကို သွားရောက်မည်

(Zawgyi / Unicode)

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ဟာ လာမယ့် မေလမှာ တရုတ်နိုင်ငံ Xinjiang ပြည်နယ် အပါအဝင် တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ Michelle Bachelet က အကြောင်းကြောင်း ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ခရီးစဉ်ကို မကြာခင်သွားဖြစ်တော့မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC ကို မနေ့ အင်္ဂါနေ့က ပြောလိုက်ပါတယ်။

တရုတ်အစိုးရက မိမိခရီးစဉ်ကို မကြာသေးခင်က ခွင့်ပြုသဘောတူညီခဲ့ပါတယ်လို့ သူကကြေညာလိုက်ပါတယ်။ မိမိခရီးစဉ်ရဲ့ ရှေ့ပြေးအနေနဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA က အဖွဲ့တဖွဲ့ဟာ ရှေ့လထဲမှာ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ပြောပါတယ်။

ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Xu ကလည်း လာမယ် မေလအတွင်း Xinjiang ပြည်နယ် သွားရောက်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ ခရီးစဉ်ကို ကြိုဆိုပါကြောင်းနဲ့ မိမိတို့အနေနဲ့ ဒီခရီးစဉ်အတွက် အကောင်းဆုံးပြင်ဆင်ဖို့ အတူတကွ ဆောင်ရွက်နေကြကြောင်း ပြောပါတယ်။

အနောက်နိုင်ငံတွေက တရုတ်အစိုးရဟာ Xinjiang ပြည်နယ်က Uyghur လူနည်းစု မွတ်ဆလင်တွေ ခန့်မှန်း ၁,၀၀၀,၀၀၀ လောက်ကို လူမျိုးတုန်းအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း တရုတ်အစိုးရဟာ Uyghur လူမျိုးတွေကို ပညာပေး စခန်းတွေပို့ဆောင်ပြီး အဓမ္မလုပ်အားပေးခိုင်းစေနေတာ နဲ့ သားကြောဖြတ်တာတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ တရုတ်အစိုးရ ကတော့ အနောက်နိုင်ငံတွေက စွပ်စွဲထားတာတွေကို ငြင်းပယ်ပြီး Uyghur ပညာပေးစခန်းတွေထားရှိတာဟာ အစွန်းရောက် မွတ်ဆလင်တွေ ရန်က ကာကွယ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

ကုလ လူ့အခွင့်အရေး မဟာမင်းကြီး တရုတ် Xinjiang နယ်ကို သွားရောက်မည်

(Unicode)





