အမေရိကန်သမ္မတသစ်ရဲ့ နိုင်ငံခြားအထောက်အပံ့ ဆိုင်းငံ့မှုကြောင့် တရုတ်နဲ့ယဉ်ပြိုင်မှု ထိခိုက်မလား ဆိုတာကို လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
သမ္မတ Donald Trump ရဲ့ ၃ လကြာ ဒီ နိုင်ငံခြားကူညီမှု ဆိုင်းငံ့တာကြောင်၊့ တရုတ်နဲ့ ကမ္ဘာ့နိုင်ငံတွေအပေါ် သြဇာ သက်ရောက်မှု ပြိုင်ဆိုင်ရတာအပေါ် ထိခိုက်လာနိုင်တာကို အမေရိကန်လွှတ်တော်အမတ်တွေ မနေ့က ကြားနာဆန်းစစ် ခဲ့ကြပါတယ်။
သမ္မတ Trump အနေနဲ့ ကျမ်းသစ္စာကြိမ်ဆိုအပြီး နာရီပိုင်းထဲမှာပဲ အခုလို အမေရိကန်ရဲ့ နိူင်ငံတကာ အထောက်အပံ့တွေကို အမေရိကန်ပထမ မူဝါဒနဲ့ ညီမညီ ဆန်းစစ်ဖို့ ဆိုင်းငံ့ခဲ့တာအပေါ် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဌ Jim Resch ကတော့ ကြိုဆိုလိုက်ပါတယ်။
SEE ALSO: အမေရိကန် အစိုးရဝန်ထမ်းတွေကို လစာကြိုယူပြီး အလုပ်ထွက်ဖို့ ကမ်းလှမ်း
အခုလို ဆိုင်းငံ့လိုက်တာဟာ အမေရိကန်မှာ အကြွေး ၃၆ ထရီလီယံအထိ ရှိနေချိန်မှာ ဘဏ္ဍာရေး တာဝန်ခံမှုရှိဖို့ လိုအပ်တဲ့ ဦးစားပေးမှုပါလို့ လွှတ်တော်မှာ ထောက်ခံပြောခဲ့ပါတယ်။
ဒါပေမဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ အမတ်တွေကတော့ အခုလို ဆိုင်းငံ့တာကြောင့် ဟာသွားတဲ့ အထောက်အပံ့တွေ နေရာကို တရုတ်က ဝင်ယူသွားနိုင်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။
ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Chirs Coons က ဒီဆိုင်းငံ့မှုကြောင့် ပြည်တွင်းမှာရော ပြည်ပမှာပါ တရုတ်က နေရာဝင်ယူလာပြီး သြဇာချဲ့ထွင်လာမှာကို အထူး စိုးရမ်ပါတယ်လို့ ဒီလွှတ်တော်ကြားနာပွဲမှာ ပြောခဲ့ပါတယ်။
Your browser doesn’t support HTML5
ကန်နိုင်ငံခြားအထောက်အပံ့ရပ်ဆိုင်းမှု သက်ရောက်နိုင်ခြေ လွှတ်တော်မှာဆွေးနွေး