ကို႐ုိနာဗိုင္းရပ္စ္ ကာကြယ္ေဆးရခါနီး ဆက္ၿပီး သတိထားဖို႔ ပညာရွင္ေတြ သတိေပး

ဖေလာ္ရီဒါျပည္နယ္မွာ COVID-19 စစ္ဖို႔ တန္းစီေနသူအခ်ဳိ႕။ (ႏုိဝင္ဘာ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္နိုင္ငံမွာ COVID-19 ကာကြယ္ေဆးေတြ သိပ္မၾကာခင္မွာ ရရွိေတာ့မွာျဖစ္ေပမယ့္ ကာကြယ္ေဆးမရခင္ ႀကိဳတင္ကာကြယ္မႈေတြ ဆက္မလုပ္ဘဲ ေနရင္ေတာ့ ဆိုးဆိုးရြားရြား ဒုကၡေရာက္သြားႏုိင္တယ္လို႔ ကို႐ုိနာဗိုင္းရပ္စ္ဆိုင္ရာ ထိပ္တန္းကၽြမ္းက်င္သူႏွစ္ဦးက ေျပာပါတယ္။

တနဂၤေႏြေန႔က CNN သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ အိမ္ျဖဴေတာ္ ဗိုင္းရပ္စ္ စမ္းသပ္စစ္ေဆးေရးအဖြဲ႔ ေခါင္းေဆာင္ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Admiral Brett Giroir က ဒီႏွစ္ကုန္မွာ လူ သန္း ၂၀ အတြက္ လုံေလာက္တဲ့ ကာကြယ္ေဆးေတြ ရရွိေတာ့မွာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ အေမရိကန္ျပည္သူေတြ အေနနဲ႔ ကာကြယ္ေဆး က်ယ္က်ယ္ျပန္႔ျပန္႔ အသုံးမျပဳႏုိင္ခင္ မွန္ကန္တဲ့ လုပ္ေဆာင္ခ်က္ေတြျဖစ္တဲ့ ႏွာေခါင္းစည္းဝတ္တာ၊ အေဆာက္အဦေတြအတြင္း လူစုၿပဳံစုေဝးတာကို ေရွာင္ရွားဆိုတဲ့ အခ်က္ေတြကို ဆက္လက္ လုပ္ေဆာင္ရလိမ့္မယ္လို႔လည္း သတိေပးလိုက္ပါတယ္။

ရာထူးကဆင္းေတာ့မယ္ သမၼတ Donald Trump နဲ႔ ေရြးေကာက္ခံသမၼတ Joe Biden တို႔အၾကား အကူးအေျပာင္းကာလအတြင္း ကာကြယ္ေဆး ျဖန္႔ျဖဴးတာကလည္း အဆင္ေျပေခ်ာ့ေမြ႔လိမ့္မယ္လို႔ ေျပာပါတယ္။

SEE ALSO: ေလာ့စ္အိန္ဂ်လိစ္မွာ မလိုအပ္ဘဲ အျပင္မထြက္ဖို႔ အမိန္႔ထုတ္

ကူးစက္ေရာဂါဆိုင္ရာ ထိပ္တန္းပညာရွင္ Dr. Anthony Fauci ကေတာ့ အကူအညီေတြ လမ္းတဝက္မွာ ေရာက္ရွိေနၿပီျဖစ္ေၾကာင္းနဲ႔ ကနဦး ကာကြယ္ေဆးကို ဒီဇင္ဘာလလယ္မွာ ရရွိႏုိင္ေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ ခရစၥမတ္ အားလပ္ရက္မွာ လူေတြ ျပန္ဆုံ စုေဝးၾကရင္ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈ ပိုမ်ားဖို႔အႏၲရာယ္ ရွိတယ္လို႔လည္း ေျပာပါတယ္။

အေမရိကႏုိင္ငံမွာ လြန္ခဲ့တဲ့ ေျခာက္ရက္က ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈေပါင္း ၁၂ သန္း ရွိရာကေနက ေသာၾကာေန႔က ကူးစက္မႈ ၁၃ သန္းေက်ာ္ ေရာက္ရွိသြားၿပီး ေနာက္ပိုင္းမွာ အခုလို က်န္းမာေရးဆိုင္ရာ ထိပ္တန္း တာဝန္ရွိသူႏွစ္ဦးရဲ႕ ေျပာၾကားခ်က္ ထြက္ေပၚလာတာပါ။

ေသဆုံးသူက ၂၆၆,၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ေရာဂါေၾကာင့္ ေဆး႐ုံေပၚ တက္ေရာက္ကုသေနရသူေပါင္း ၉၁,၀၀၀ ရွိၿပီး ၁၈,၀၀၀ ေက်ာ္က အထူးၾကပ္မတ္ကုသမႈ ခံယူေနရတာ ျဖစ္ပါတယ္။

တကမၻာလုံး အတိုင္းအတာအရေတာ့ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁.၄ သန္းခြဲ ေက်ာ္သြားၿပီျဖစ္ၿပီး ကူးစက္မႈေပါင္း ၆၂ သန္းေက်ာ္သြားၿပီ ျဖစ္တယ္လို႔ AFP သတင္းက ေျပာပါတယ္။

Your browser doesn’t support HTML5

ကို႐ုိနာဗိုင္းရပ္စ္ ကာကြယ္ေဆးရခါနီး ဆက္ၿပီး သတိထားဖို႔ ပညာရွင္ေတြ သတိေပး

------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရခါနီး ဆက်ပြီး သတိထားဖို့ ပညာရှင်တွေ သတိပေး

အမေရိကန်နိုင်ငံမှာ COVID-19 ကာကွယ်ဆေးတွေ သိပ်မကြာခင်မှာ ရရှိတော့မှာဖြစ်ပေမယ့် ကာကွယ်ဆေးမရခင် ကြိုတင်ကာကွယ်မှုတွေ ဆက်မလုပ်ဘဲ နေရင်တော့ ဆိုးဆိုးရွားရွား ဒုက္ခရောက်သွားနိုင်တယ်လို့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူနှစ်ဦးက ပြောပါတယ်။

တနင်္ဂနွေနေ့က CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ အိမ်ဖြူတော် ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ရေတပ်ဗိုလ်ချုပ်ကြီး Admiral Brett Giroir က ဒီနှစ်ကုန်မှာ လူ သန်း ၂၀ အတွက် လုံလောက်တဲ့ ကာကွယ်ဆေးတွေ ရရှိတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ခင် မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ နှာခေါင်းစည်းဝတ်တာ၊ အဆောက်အဦတွေအတွင်း လူစုပြုံစုဝေးတာကို ရှောင်ရှားဆိုတဲ့ အချက်တွေကို ဆက်လက် လုပ်ဆောင်ရလိမ့်မယ်လို့လည်း သတိပေးလိုက်ပါတယ်။

ရာထူးကဆင်းတော့မယ် သမ္မတ Donald Trump နဲ့ ရွေးကောက်ခံသမ္မတ Joe Biden တို့အကြား အကူးအပြောင်းကာလအတွင်း ကာကွယ်ဆေး ဖြန့်ဖြူးတာကလည်း အဆင်ပြေချော့မွေ့လိမ့်မယ်လို့ ပြောပါတယ်။

ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် Dr. Anthony Fauci ကတော့ အကူအညီတွေ လမ်းတဝက်မှာ ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ ကနဦး ကာကွယ်ဆေးကို ဒီဇင်ဘာလလယ်မှာ ရရှိနိုင်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ခရစ္စမတ် အားလပ်ရက်မှာ လူတွေ ပြန်ဆုံ စုဝေးကြရင် ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု ပိုများဖို့အန္တရာယ် ရှိတယ်လို့လည်း ပြောပါတယ်။

SEE ALSO: COVID-19 ကူးစက္မႈနဲ႔ ေသဆံုးမႈ အေမရိကန္မွာ အမ်ားဆံုးဆက္ရွိေန

အမေရိကနိုင်ငံမှာ လွန်ခဲ့တဲ့ ခြောက်ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၁၂ သန်း ရှိရာကနေက သောကြာနေ့က ကူးစက်မှု ၁၃ သန်းကျော် ရောက်ရှိသွားပြီး နောက်ပိုင်းမှာ အခုလို ကျန်းမာရေးဆိုင်ရာ ထိပ်တန်း တာဝန်ရှိသူနှစ်ဦးရဲ့ ပြောကြားချက် ထွက်ပေါ်လာတာပါ။

သေဆုံးသူက ၂၆၆,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ရောဂါကြောင့် ဆေးရုံပေါ် တက်ရောက်ကုသနေရသူပေါင်း ၉၁,၀၀၀ ရှိပြီး ၁၈,၀၀၀ ကျော်က အထူးကြပ်မတ်ကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာအရတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁.၄ သန်းခွဲ ကျော်သွားပြီဖြစ်ပြီး ကူးစက်မှုပေါင်း ၆၂ သန်းကျော်သွားပြီ ဖြစ်တယ်လို့ AFP သတင်းက ပြောပါတယ်။