ကန်နိုင်ငံသား သန်း ၆၀ ကိုဗစ် အားဖြည့်ကာကွယ်ဆေး ထိုးခွင့်ရမည်

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (သြဂုတ် ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

COVID-19 ရောဂါ အားဖြည့်ကာကွယ်ဆေး ထိုးလို့ရတဲ့ အမေရိကန်နိုင်ငံသား သန်း ၆၀ လောက်ရှိတယ်လို့ သမ္မတ Joe Biden က သောကြာနေ့မှာ ပြောပါတယ်။

ထိုးလို့ရတဲ့ အမေရိကန်တွေအားလုံး အားဖြည့်ကာကွယ်ဆေး ထိုးကြဖို့ သမ္မတ Biden က တိုက်တွန်းခဲ့သလို သူကိုယ်တိုင်လည်း စောနိုင်သမျှ အစောဆုံး ထပ်ထိုးမယ်လို့ ပြောပါတယ်။

"ပထမတလုံးနဲ့ ဒုတိယတလုံး ထိုးခဲ့သလိုပါပဲ၊ အားဖြည့်ထိုးဆေးဟာလည်း အခမဲ့ဖြစ်ပြီး အလွယ်တကူ ရပါတယ်" လို့ သမ္မတ Biden က အိမ်ဖြူတော်ကနေ သောကြာနေ့မှာ ပြောခဲ့ပါတယ်။

အသက် ၆၅ နှစ်နဲ့အထက် အမေရိကန်နိုင်ငံသားတွေအတွက် ကိုဗစ် အားဖြည့်ကာကွယ်ဆေးအဖြစ် ထိုးဖို့ Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) က ကြာသပတေးနေ့မှာ အတည်ပြုပေးခဲ့တာပါ။ ဆရာ ဆရာမတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ COVID-19 ရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ အလုပ်အကိုင်မျိုး လုပ်နေရသူတွေ၊ နဂိုရောဂါအခံရှိတဲ့ အသက် ၅၀ ကနေ ၆၄ နှစ်ကြားအရွယ်တွေ အားဖြည့်ကာကွယ်ဆေး ထိုးခွင့်ရမှာ ဖြစ်ပါတယ်။

Pfizer ကာကွယ်ဆေးကို အနည်းဆုံး လွန်ခဲ့တဲ့ ၆ လမှာ ထိုးခဲ့ပြီးသူတွေကို အားဖြည့်ကာကွယ်ဆေး ထိုးပေးမှာပါ။

အားဖြည့်ကာကွယ်ဆေး ချက်ချင်းထိုးလို့ရတဲ့ အမေရိကန်နိုင်ငံသား သန်း ၂၀ ရှိပြီး အရင်ထိုးခဲ့ပြီးတဲ့နောက် ၆ လပြည့်တဲ့အခါ အားဖြည့်ကာကွယ်ဆေး ထပ်ထိုးလို့ရမယ့် လူအရေအတွက်က သန်း ၆၀ ရှိတယ်လို့ သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ Pfizer-BioNTech COVID-19 ကာကွယ်ဆေး တတိယတလုံးကို အသက် ၁၆ နှစ်အထက်တွေအတွက် ထိုးပေးဖို့ အတည်ပြုမပြုဆိုတာကို အောက်တိုဘာလဆန်းမှာ ဆုံးဖြတ်ဖို့ စီစဉ်ထားတယ်လို့ ဥရောပသမဂ္ဂ (EU) က ကြာသပတေးနေ့မှာ ပြောပါတယ်။

Your browser doesn’t support HTML5

ကန်နိုင်ငံသား သန်း ၆၀ ကိုဗစ် အားဖြည့်ကာကွယ်ဆေး ထိုးခွင့်ရမည်

---------------------

(Unicode)




"ပထမတလုံးနဲ့ ဒုတိယတလုံး ထိုးခဲ့သလိုပါပဲ၊ အားဖွည့ျထိုးဆေးဟာလညျး အခမဲ့ဖွဈပွီး အလှယျတကူ ရပါတယျ" လို့ သမ်မတ Biden က အိမျဖွူတောျကနေ သောကွာနေ့မှာ ပွောခဲ့ပါတယျ။



