(Zawgyi / Unicode)
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားလာတာကြောင့် ၁၅ လကြာ ရပ်ဆိုင်းထားရတဲ့ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းကို အမေရိကန်မှာ စနေေနေ့က ပြန်လည်စတင်လိုက်ပါပြီ။
စနေနေ့မှာ ဖလော်ရီဒါပြည်နယ် Fort Lauderdale ဆိပ်ကမ်းကနေ ပထမဆုံး စထွက်တဲ့ Celebrity Edge အပျော်စီးသင်္ဘောမှာတော့ လိုက်ပါနိုင်တဲ့ ခရီးသည်အရေအတွက်ရဲ့ ၄၀ ရာခိုင်နှုန်းကိုပဲ တင်ဆောင်မှာဖြစ်သလို ခရီးသည်အားလုံးလိုလို ကိုဗစ်ကာကွယ်ဆေး ထိုးထားရမှာ ဖြစ်ပါတယ်။
ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဗဟိုဌာန (CDC) ရဲ့ သတ်မှတ်ချက်အရ ခရီးသည် အနည်းဆုံး ၉၅ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးပြီးသား ဖြစ်ဖို့လိုပြီး သူတို့သင်္ဘောမှာ လိုက်ပါမယ့်သူ ၉၉ ရာခိုင်နှုန်းက ဆေးထိုးပြီးသားဖြစ်ကြောင်း Celebrity Edge က ပြောပါတယ်။
အပျော်စီးသင်္ဘောကြီးတွေမှာ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့နောက် အခု ပထမဆုံးသင်္ဘော စတင်ထွက်ခွာပြီး အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်လိုက်တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကိုဗစ်အလွန် ပထမဆုံး အပျော်စီးသင်္ဘော ဖလော်ရီဒါက ထွက်ခွာ
------------------------
(Unicode)