(Zawgyi / Unicode)
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ တိုကျို အိုလံပစ် ပွဲတော်နောက်ဆုံးနေ့ ဖြစ်တဲ့ တနင်္ဂနွေနေ့က ပြိုင်ပွဲတွေမှာ အမေရိကန် အားကစားသမားတွေက ရွှေတံဆိပ် ၃ ခု ထပ်မံ ဆွတ်ခူးခဲ့ပြီးနောက်မှာတော့ ရွှေတံဆိပ် ၃၈ ခု ရထားတဲ့ တရုတ်ကို ကျော်ပြီး ရွှေတံဆိပ် ၃၉ ခုနဲ့ အမေရိကန်တို့က အိုလံပစ် ရွှေတံဆိပ် အများဆုံး ရရှိခဲ့ပါတယ်။
အမေရိကန်က ရွှေ၊ ငွေနဲ့ ကြေးတံဆိပ် စုစုပေါင်း ၁၁၃ ခု ရရှိခဲ့ပြီး ရွှေတံဆိပ် အများဆုံး အပြင် စုစုပေါင်း ဆုတံဆိပ် အများဆုံး ရရှိခဲ့ပါတယ်။
တရုတ်က ဆုတံဆိပ် စုစုပေါင်း ၈၈ ခု၊ ရုရှား အားကစား သမားတွေက ဆုတံဆိပ် ၇၁ ခု၊ ဗြိတိန်က ဆုတံဆိပ် ၆၅ ခု ရခဲ့ပြီး အိမ်ရှင် ဂျပန်က ဆုတံဆိပ် စုစုပေါင်း ၅၈ ခု ရရှိခဲ့ပါတယ်။
အမေရိကန် သမ္မတ ကတော် Jill Biden ကျင်းပခဲ့တဲ့ အမေရိကန် အိုလံပစ် အားကစားသမားတွေနဲ့ စနေနေ့ ညနေခင်း အွန်လိုင်းကနေ တွေ့ဆုံပွဲမှာ အားကစား သမားတွေ အတွက် သိပ်ကို ဂုဏ်ယူရကြောင်း သမ္မတ Joe Biden က ပြောခဲ့ပါတယ်။ လာမယ့် ဆောင်းဦးရာသီ အရောက်မှာ သမ္မတ အိမ်ဖြူတော်ကို လာရောက်ဖို့ အားကစား သမားတွေကို သမ္မတ Biden က ဖိတ်ကြားခဲ့ပါတယ်။
Your browser doesn’t support HTML5
(Unicode)