ဒီကနေ့ အင်္ဂါနေ့မှာကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် လွှတ်တော် နှစ်ရပ်လုံးကို အများစုနဲ့ထိန်းချုပ်နိုင်ရေးဟာ အရေးပါတဲ့ကိစ္စဖြစ်ပါတယ်။ သမ္မတအသစ်ရဲ့ အစီစဉ်တွေကို ထောက်ခံ အားပေးမလား၊ ဒါမှမဟုတ်ကန့်ကွက်မလား ဆိုတာကတော့ လွှတ်တော်နှစ်ရပ်ရဲ့ လက်ထဲမှာ ရှိပါတယ်။
လွှတ်တော်နှစ်ရပ်စလုံးအတွက် ကိုယ်စားလှယ်တွေကိုလည်း ဒီအင်္ဂါနေ့ သမ္မတ ရွေးကောက်ပွဲမှာ တပြိုင်နက်တည်းရွေးချယ်မှာ ဖြစ်ပါတယ်။ အခုကျင်းပတဲ့ သမ္မတရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ်လွှတ်တော်မှာ ဆန္ဒပြမှုတွေနဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲလည်းဖြစ်သလို မမျှော်လင့်တဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ကြုံနေရချိန် လည်းဖြစ်ပါတယ်။
စီးပွားရေးဆိုင်ရာကိစ္စ၊ နယ်စပ်ကိစ္စ၊ သန္ဓေသားဖျက်ခွင့်ကိစ္စ စတဲ့အကြောင်းအရာတွေအပါအဝင် အရေးကြီးကိစ္စတွေ ကိုလွှတ်တော်မှာ ငြင်းခုံဆွေးနွေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် တဦး နှစ်ဦးကအစအနည်းအများကွာခြားမှုဟာ ပါတီနှစ်ခုကြား ချိန်ခွင်လျှာကိုအပြောင်းအလဲဖြစ်စေမှာဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်အမတ်တွေ ထိန်းချုပ်ထားတဲ့ နယူးယောက်၊ ကာလီဖိုးနီးယားပြည်နယ် အောက်လွှတ်တော် အမတ်နေရာတွေကို ဒီမိုကရက်တွေ ပြန်ရနိုင်ဖို့ ကြိုးပမ်းနေသလို မွန်တားနား၊ ပင်ဆယ်ဘေးနီးယား၊ မီရှီဂန်၊ ဝစ္စ်ကွန်ဆင် စတဲ့ပြည်နယ်တွေက အထက်လွှတ်တော်အမတ် နေရာတွေကိုလည်း ဒီမိုကရက်တွေထံကနေ ပြန်ရဖို့ ရီဘပတ်ဘလစ်ကန်တွေကြိုးပမ်းနေပါတယ်။
Your browser doesn’t support HTML5