အမေရိကန် Portland မြို့မှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေ

Portland မြို့ ဆန္ဒပြ လူအုပ်ထဲ ပစ်ခတ်နေတဲ့ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့ဝင်တဦး။ (ဇူလိုင် ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းက Oregon ပြည်နယ် Portland မြို့မှာ မနေ့ သောကြာနေ့ညက လူတွေ ထောင်နဲ့ချီပြီး နောက်ထပ် ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတ Trump အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြသူတွေကို ဖက်ဒရယ် အစိုးရလုံခြုံရေးတွေက ဖမ်းဆီးတဲ့အခါ လုံခြုံရေးအဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ကန့်သတ်ဖို့ Oregon ပြည်နယ်က လျှောက်ထားတာကို အမေရိကန် ဖက်ဒရယ်တရားသူကြီးတဦးက ပယ်ချလိုက်တဲ့ တရက်တည်းမှာပဲ အဲဒီလို လူတွေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ တယောက်နဲ့တယောက် ပုခုံးချင်းယှဉ် ရင်ဘောင်တန်းပြီး လူမည်းတွေရဲ့အသက်ကို တန်ဖိုးထားဖို့၊ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့တွေ ကိုယ့်နေရာ ကိုယ်ပြန်ကြဖို့ ကြွေးကြော်သံတွေအော်၊ ပိုစတာတွေ ကိုင်ပြီးတော့ တရားရုံးကို ချီတက် ဆန္ဒပြခဲ့ကြတာပါ။

SEE ALSO: ဖယ်ဒရယ်အစိုးရလုံခြုံရေးတပ်တွေပြန်ရုပ်ဖို့ ကန်မြို့တော်ဝန် ၁၅ ဦးတောင်းဆို

ဖက်ဒရယ်တရားသူကြီး Michael Mosman ကတော့ ပြည်နယ်အစိုးရအနေနဲ့ ဆန္ဒပြသူတွေကိုယ်စား လျှောက်ထားပိုင်ခွင့် မရှိဘူးလို့ မနေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒီစီရင်ချက်ရဲ့ ဂယက်ဟာ အလွန်ကို ပြဿနာဖြစ်စေတယ်လို့ ပြည်နယ်ရှေ့နေချုပ်က ပြောပါတယ်။

Oregon ပြည်နယ်ရှေ့နေချုပ် Ellen Rosenblum ရဲ့ လျှောက်ထားချက်ထဲမှာတော့ ဖက်ဒရယ်လုံခြုံရေးတွေဟာ ဆန္ဒပြသူတွေကို အကြောင်းအရာ ခိုင်ခိုင်လုံလုံမရှိဘဲ ဖမ်းဆီးခဲ့ပြီး အင်အားအလွန်အကျွံ သုံးတယ်လို့ စွပ်စွဲထားပါတယ်။

Oregon မှာရှိတဲ့ ဒီမိုကရက်ခေါင်းဆောင်တွေက ကန့်ကွက်နေတဲ့ကြားကပဲ သမ္မတ Trump က Portland မြို့ လူထုဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် ဖက်ဒရယ်လုံခြုံရေးတွေကို Portland မြို့မှာ ချခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဖက်ဒရယ်အစိုးရ လုံခြုံရေးတွေကို ချလိုက်တဲ့အတွက် တင်းမာမှုတွေ ပိုများလာပြီး ဖက်ဒရယ်အစိုးရအာဏာကို ကန့်သတ်ဖို့ရာမှာလည်း အကျပ်အတည်း ဖြစ်လာပါတယ်။

Your browser doesn’t support HTML5

အမေရိကန် Portland မြို့မှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေ

----------------------------------

(Unicode)

အမရေိကနျ Portland မွို့မှာ ဆန်ဒပွပှဲတှေ ဆကျဖွဈနေ





SEE ALSO: ကန်ဆန္ဒပြပွဲတွေအတွင်း စစ်တပ်အခန်းကဏ္ဍ လွှတ်တော်မှာ ရှင်းလင်းတင်ပြမယ်

