တရားသူႀကီးဦးေရ မျပည့္တဲ့ အေမရိကန္ တရား႐ုံးခ်ဳပ္ တနလၤာေန႔မွာ သက္တမ္းသစ္စတင္

ဝါရွင္တန္ဒီစီရွိ အေမရိကန္ တရား႐ုံးခ်ဳပ္။ (ၾသဂုတ္ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္တရား႐ုံးခ်ဳပ္ရဲ႕ ၉ လၾကာ သက္တမ္းအသစ္ဟာ တနလၤာေန႔မွာ စတင္မွာ ျဖစ္ပါတယ္။ မၾကာေသးခင္ကမွ လစ္ဘရယ္ျဖစ္တဲ့ တရားသူႀကီး Ruth Bader Ginsburg ကြယ္လြန္သြားခဲ့ၿပီး သူမေနရာကို ဆက္ခံမယ့္သူအတြက္ အထက္လႊတ္ေတာ္မွာ အတည္ျပဳေရးဟာ အႀကိတ္အနယ္ျဖစ္ဖို႔ ရွိပါတယ္။

အေမရိကန္ႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရတဲ့အျပင္ သမၼတေရြးေကာက္ပြဲကလည္း မၾကာခင္မွာပဲ က်င္းပဖုိ႔ ရွိေနတာျဖစ္ၿပီး ဒီအခ်ိန္မ်ိဳးမွာ တရား႐ုံး တရားသူႀကီးေတြရဲ႕ ဆံုးျဖတ္ခ်က္ကို ရယူဖို႔ ေတာင္းခံတာေတြ ရွိလာႏိုင္တာပါ။

ဒီလိုအခ်ိန္မ်ိဳးမွာ ထံုးစံအတိုင္း တရားသူႀကီး ၉ ဦး ရွိရမယ့္ ႏိုင္ငံေတာ္တရား႐ုံးခ်ဳပ္မွာ ၈ ဦးပဲ ရွိေနတာျဖစ္ၿပီး က်န္းမာေရး ေစာင့္ေရွာက္မႈဆိုင္ရာ Obamacare ဥပေဒကို ပယ္ဖ်က္ဖုိ႔ ရီပတ္ဘလစ္ကန္ေတြရဲ႕ ေတာင္းဆိုမႈအတြက္ ေရြးေကာက္ပြဲအၿပီး တပတ္အၾကာ ႏိုဝင္ဘာ ၁၀ ရက္ေန႔မွာ အေခ်အတင္ ေဆြးေႏြးဖို႔ အပါအဝင္ အမႈႀကီးအေတာ္မ်ားမ်ားကို ကိုင္တြယ္ေျဖရွင္းရဖုိ႔ ရွိေနပါတယ္။

SEE ALSO: ကြယ္လြန္သူ တရားသူႀကီး Ginsburg ေနရာမွာ အစားထုိးခန္႔ထားဖုိ႔ Amy Coney Barrett ကုိ သမၼတ Trump အဆုိျပဳ

တကယ္လို႔ ကြယ္လြန္သူ တရားသူႀကီး Ginsburg ေနရာမွာ သမၼတ Donald Trump အမည္တင္သြင္းထားတဲ့ အယူခံတရား႐ုံး တရားသူႀကီး Amy Coney Barrett ကို အထက္လႊတ္ေတာ္က အတည္ျပဳေပးခဲ့မယ္ဆိုရင္ ႏုိင္ငံေတာ္တရား႐ုံးခ်ဳပ္မွာ ကြန္ဆာေဗးတစ္ေတြက လစ္ဘရယ္ထက္ အားပိုမ်ားသြားၿပီး ၆ ေယာက္ ၃ ေယာက္ ျဖစ္သြားဖို႔ရွိပါတယ္။ အထက္လႊတ္ေတာ္မွာလည္း ရီပတ္ဘလစ္ကန္ေတြ ႀကီးစိုးေနတာေၾကာင့္ သူမကို အတည္ျပဳေပးဖုိ႔ ရွိေနတာပါ။

ထံုးစံအတိုင္း ႏိုင္ငံေတာ္တရား႐ုံးခ်ဳပ္မွာ သက္တမ္းအသစ္ကို ေအာက္တိုဘာလရဲ႕ ပထမဆံုး တနလၤာေန႔မွာ စတင္ေလ့ရွိပါတယ္။ ဒီတခါ တရား႐ုံး ဖြင့္လွစ္တဲ့အခါ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ စတင္ၾကားနာမယ့္ အမႈ ၂ ခုအတြက္ အြန္လိုင္းကေန ျပဳလုပ္မွာျဖစ္ပါတယ္။ တရား႐ုံးခ်ဳပ္မွာ အြန္လိုင္းကေန ပထမဆံုး ၾကားနာမႈကို ေမလထဲမွာ စတင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး အခုလည္း အြန္လိုင္းကေနပဲ ဆက္လက္ ၾကားနာသြားဖို႔ ရွိပါတယ္။

စက္တင္ဘာလ ၁၈ ရက္ေန႔က တရားသူႀကီး Ginsburg ကြယ္လြန္ခဲ့တဲ့ေနာက္မွာ တရား႐ုံးခ်ဳပ္ အျပင္ဘက္မွာ လူအုပ္ႀကီးေတြ လာေရာက္ ဂါရဝျပဳေလ့ ရွိပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ တရား႐ုံးခ်ဳပ္ကို လူထုလာေရာက္ခြင့္ ပိတ္ထားဆဲ ျဖစ္ပါတယ္။

Your browser doesn’t support HTML5

တရားသူႀကီးဦးေရ မျပည့္တဲ့ အေမရိကန္ တရား႐ုံးခ်ဳပ္ တနလၤာေန႔မွာ သက္တမ္းသစ္စတင္

------------------------

(Unicode)

တရားသူကြီးဦးရေ မပြည့်တဲ့ အမေရိကန် တရားရုံးချုပ် တနင်္လာနေ့မှာ သက်တမ်းသစ်စတင်

အမေရိကန်တရားရုံးချုပ်ရဲ့ ၉ လကြာ သက်တမ်းအသစ်ဟာ တနင်္လာနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ လစ်ဘရယ်ဖြစ်တဲ့ တရားသူကြီး Ruth Bader Ginsburg ကွယ်လွန်သွားခဲ့ပြီး သူမနေရာကို ဆက်ခံမယ့်သူအတွက် အထက်လွှတ်တော်မှာ အတည်ပြုရေးဟာ အကြိတ်အနယ်ဖြစ်ဖို့ ရှိပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့အပြင် သမ္မတရွေးကောက်ပွဲကလည်း မကြာခင်မှာပဲ ကျင်းပဖို့ ရှိနေတာဖြစ်ပြီး ဒီအချိန်မျိုးမှာ တရားရုံး တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ရယူဖို့ တောင်းခံတာတွေ ရှိလာနိုင်တာပါ။

ဒီလိုအချိန်မျိုးမှာ ထုံးစံအတိုင်း တရားသူကြီး ၉ ဦး ရှိရမယ့် နိုင်ငံတော်တရားရုံးချုပ်မှာ ၈ ဦးပဲ ရှိနေတာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ Obamacare ဥပဒေကို ပယ်ဖျက်ဖို့ ရီပတ်ဘလစ်ကန်တွေရဲ့ တောင်းဆိုမှုအတွက် ရွေးကောက်ပွဲအပြီး တပတ်အကြာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ အချေအတင် ဆွေးနွေးဖို့ အပါအဝင် အမှုကြီးအတော်များများကို ကိုင်တွယ်ဖြေရှင်းရဖို့ ရှိနေပါတယ်။

တကယ်လို့ ကွယ်လွန်သူ တရားသူကြီး Ginsburg နေရာမှာ သမ္မတ Donald Trump အမည်တင်သွင်းထားတဲ့ အယူခံတရားရုံး တရားသူကြီး Amy Coney Barrett ကို အထက်လွှတ်တော်က အတည်ပြုပေးခဲ့မယ်ဆိုရင် နိုင်ငံတော်တရားရုံးချုပ်မှာ ကွန်ဆာဗေးတစ်တွေက လစ်ဘရယ်ထက် အားပိုများသွားပြီး ၆ ယောက် ၃ ယောက် ဖြစ်သွားဖို့ရှိပါတယ်။ အထက်လွှတ်တော်မှာလည်း ရီပတ်ဘလစ်ကန်တွေ ကြီးစိုးနေတာကြောင့် သူမကို အတည်ပြုပေးဖို့ ရှိနေတာပါ။

ထုံးစံအတိုင်း နိုင်ငံတော်တရားရုံးချုပ်မှာ သက်တမ်းအသစ်ကို အောက်တိုဘာလရဲ့ ပထမဆုံး တနင်္လာနေ့မှာ စတင်လေ့ရှိပါတယ်။ ဒီတခါ တရားရုံး ဖွင့်လှစ်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စတင်ကြားနာမယ့် အမှု ၂ ခုအတွက် အွန်လိုင်းကနေ ပြုလုပ်မှာဖြစ်ပါတယ်။ တရားရုံးချုပ်မှာ အွန်လိုင်းကနေ ပထမဆုံး ကြားနာမှုကို မေလထဲမှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလည်း အွန်လိုင်းကနေပဲ ဆက်လက် ကြားနာသွားဖို့ ရှိပါတယ်။

SEE ALSO: ကြယ္လြန္သူ ကန္တရားရံုးခ်ဳပ္တရားသူႀကီး အမ်ားျပည္သူဂါရဝျပဳႏိုင္

စက်တင်ဘာလ ၁၈ ရက်နေ့က တရားသူကြီး Ginsburg ကွယ်လွန်ခဲ့တဲ့နောက်မှာ တရားရုံးချုပ် အပြင်ဘက်မှာ လူအုပ်ကြီးတွေ လာရောက် ဂါရဝပြုလေ့ ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရားရုံးချုပ်ကို လူထုလာရောက်ခွင့် ပိတ်ထားဆဲ ဖြစ်ပါတယ်။