အမေရိကန် မြို့တော် ဝါရှင်တန်ဒီစီမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

အိမ်ဖြူတော်ဝင်ပေါက်မှာ စောင့်ကြပ်နေတဲ့ လုံခြုံရေးဝန်ထမ်း။ (မေ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန် သမ္မတအိမ်ဖြူတော် အနီးမှာ တနင်္ဂနွေနေ့ ညနေခင်း (မကြာခင် နာရီပိုင်းအတွင်းက) ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် မြို့တော် ဝါရှင်တန်ဒီစီတဝိုက်ကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစံတော်ချိန် တနလာၤနေ့ နံနက်ခင်း အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ ညနေခင်းမှာ ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော်အနီး ဆန္ဒပြခဲ့ကြပြီးနောက် ဒီစီမြို့တော်ဝန် Muriel Bowser က ညမထွက်ရအမိန့် ထုတ်ခဲ့တာပါ။

အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ ည ၁၁ နာရီကနေ တနင်္လာနေ့ နံနက်ခင်း ၆ နာရီအထိ ညမထွက်ရအမိန့် သက်ရောက်မှာဖြစ်ကြောင်း ဒီစီမြို့တော်ဝန်က ကြေညာချက် ထုတ်ထားပါတယ်။

Your browser doesn’t support HTML5

အကြမ်းဖက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ Minneapolis မြို့ အခြေအနေ

မင်နီဆိုးတားပြည်နယ် Minneapolis မြို့မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုအတွင်း လူမည်းအမျိုးသား George Floyd သေဆုံးခဲ့ရမှုအပေါ် မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဖြစ်ပွားနေတာနဲ့ အတူပဲ မြို့တော် ဝါရှင်တန်ဒီစီမှာလည်း ရဲတပ်ဖွဲ့ကို အားဖြည့်တဲ့အနေနဲ့ ပြည်တွင်းလုံခြုံရေး အရန်တပ်ဖွဲ့တွေကိုလည်း ချထားပါတယ်။

အမေရိကန်ပြည်ထောင်စုတဝန်းက လော့စ်အိန်ဂျလိစ်၊ ချီကာဂို၊ မိုင်ယာမီ၊ ဒက်ထရိုက်၊ ဖီလာဒဲလ်ဖီးယား အပါအဝင် မြို့ကြီးတွေမှာလည်း ညပိုင်းမှာ လူစုလူဝေး ချီတက်တာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

တက္ကဆက်ပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးတွေကတော့ ပြည်နယ် အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

--------------------------------

(Unicode)





SEE ALSO: အိမ်ဖြူတော်အနီး အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွား


