စစ်အာဏာသိမ်းပြီး ကုန်ဈေးနှုန်းတက်လို့ ဝင်ငွေနည်းပြည်သူ အခက်ကြုံ (WFP)

Your browser doesn’t support HTML5

စစ်အာဏာသိမ်းပြီး ကုန်ဈေးနှုန်းတက်လို့ ဝင်ငွေနည်းပြည်သူ အခက်ကြုံ (WFP)


[ Zawgyi ]

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ၅ လထဲရောက်လာချိန်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ သိသိသာသာ တက်နေတဲ့ အတွက် ဝင်ငွေသိပ်မရှိ ပြည်သူတွေ အခက်ကြုံနေရကြောင်း မြန်မာနိုင်ငံထဲမှာ စားနပ်ရိက္ခာအကူအညီပေးနေတဲ့ WFP ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်က တာဝန်ရှိသူတွေက ပြောတယ်လို့ ကုလအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေက တိုးလာနေတာကြောင့် အထူးသဖြင့် ဒီနှစ်ထဲ ဝင်ငွေ ထက်ဝက်လောက်လျော့ သွားတဲ့ အိမ်ထောင်စုတွေထဲက ရာခိုင်နှုန်း ၈၀ လောက်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် မြို့ပြ ဒေသက လိုအပ်ချက်ရှိနေသူ ၂ သန်းလောက်ကို အကူညီပေးဖို့ WFP က စီစဉ်နေတယ်လို့ ပြောသွားတာပါ။

ဖေဖေါ်ဝါရီလကစပြီး စားသောက်ကုန်ဈေးနှုန်းတွေ ဥပမာ စားသုံးဆီကို ကြည့်ရင် ဈေးက ၄၀ ရာခိုင်နှုန်း တက်လာသလို တခြားစားသောက်ကုန်ဈေးတွေကလည်း သိသိသာသာ တက်လာနေတာအတွက် အထူးစိုးရိမ်တယ်လို့လည်း WPF က ပြောပါတယ်။

WFP ကနေ မြို့ပြ ဆင်ခြေဖုန်းနေလူထု ၂ သန်းလောက်အတွက် အကူညီပေးဖို့စီစဉ်ထားတာ ဖြစ်ပြီး ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က လိုအပ်ချက်ရှိနေတဲ့ လူပေါင်း ၃၃၀,၀၀၀ ကျော်ကို တော့ မကြာသေးခင်ကပဲ စားနပ်ရိက္ခာတွေ ဖြန့်ဝေထားတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးရော ဘဏ်လည်ပတ်မှုပါ တုံ့ဆိုင်းနေသလို သပိတ်မှောက်တာတွေ၊ စက်ရုံ ပိတ်သိမ်းမှုတွေကြောင့် အလုပ်အကိုင်တွေလည်း ဆုံးရှုံးနေတာပါ။ ဆန်၊ ပဲနဲ့ သစ်သီး ဝလံ ပြည်ပ တင်ပို့လေ့ ရှိတဲ့ မြန်မာနိုင်ငံမှာ လာမယ့် လပိုင်းတွေ အတွင်း လူပေါင်း သန်းချီ စားနပ်ရိက္ခာ ပြတ်လပ်နိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP က သတိပေးထားတာ ဖြစ်ပါတယ်။

[ Unicode ]





