COVID-19 ကာကွယ်ဆေး အတွက် ဒေါ်လာ ၁၂ ဘီလီယံ ကူညီဖို့ ကမ္ဘာ့ဘဏ် ဆုံးဖြတ်

(Zawgyi/Unicode)

COVID 19 ကာကွယ်ဆေး ဝယ်ယူရရှိရေးနဲ့ ဖြန့်ဖြူးရေး၊ ရောဂါ စမ်းသပ်စစ်ဆေးရေးနဲ့ ကုသရေး လုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ထောက်ပံ့ပေးဖို့ အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။

ကမ္ဘာ့ လူဦးရေ ၁ ဘီလီယံ ကာကွယ်ဆေး ရရှိစေဖို့ အဓိက ရည်ရွယ်ပေးအပ်တဲ့ ဒီ ငွေကြေး အကူအညီဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ COVID-19 ရောဂါ တုံ့ပြန် တိုက်ဖျက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဇွန်လအထိ အသုံးပြုမယ့် အမေရိကန် ဒေါ်လာ ဘီလီယံ ၁၆၀ ရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့လည်း ကမ္ဘာ့ ဘဏ်က ကြေညာလိုက်ပါတယ်။

..............

COVID 19 ကာကှယျဆေး အတှကျ ဒေါျလာ ၁၂ ဘီလီယံ ကူညီဖို့ ကမ်ဘာ့ဘဏျ ဆုံးဖွတျ

(Unicode)

