ဖဖော်ဝါရီလ ၁ ရက် တနင်္လာနေ့ စစ်တပ်က အာဏာသိမ်းသွားတာကို ထောက်ခံတဲ့ဆန္ဒပြတွေဟာ ရန်ကုန်မြို့နေရာအတော်များများမှာတွေ့ရတာများပေမဲ့ ဆန်ကျင်ကန့်ကွက်ဆန္ဒပြကြတာတွေလည်းရှိကြပါတယ်။ ဒီအကြောင်း ရိုက်တာ နဲ့ အေပီသတင်းတွေကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က စုစည်းတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ဆန်ကျင်ဆန္ဒပြပွဲတွေ မတွေ့ရပေမဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးအနီးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက စစ်အာဏာသိမ်းတာကို ဖေဖော်ဝါရီ ၁ရက်က ဆန့်ကျင်ကန့်ကွက်ကြပါတယ်။ အေအက်ပီသတင်း နဲ့ ရိုက်တာသတင်း တို့ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
နယူးဒေလီမြို့ပြင်မှာ ဆန္ဒပြကြသူတွေဟာ ပန်ဂျပ်ပြည်နယ်ကလာကြပြီး ဒီအထဲမှာ ပညာတတ်လူငယ်အများအပြားလည်းပါဝင်ကြတဲ့အတွက် ဒါဟာ အိန္ဒိယမှာ အလုပ်လက်မဲ့ ပြသာနာကြီးမားလာတယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာပဲလို့ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Anjana Pasricha ပေးပို့တာကို ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့စွန် ဘုန်းကြီးကျောင်းတကျောင်းမှာ ကိုဗစ်နိုင်တင်းကပ်ရောဂါကင်းပြီး ဘဝသစ် စိတ်သစ်လူသစ်ဖြစ်ကာ ကုသိုလ်ကံကောင်းဖို့အတွက် လူသေထဲတဲ့ ခေါင်းတလားထဲကိုဝင် လဲလျောင်းပြီး ဆုတောင်းကြသူတွေ နေ့စဉ်ရာကျော်ရှိကြပါတယ်။ ဒီအကြောင်းရိုက်တာ သတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံက ကိုဗစ်နိုင်တင်းလူနာတွေကို အနီးကပ်ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို အိန္ဒိယက ပေးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင် ထိုးပေးနေပါတယ်။ ဒီအကြောင်း အေပီ ၊အေအက်ပီ နဲ့ ရိုက်တာ သတင်းတွေကို စုစည်းပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ အနောက်ဖက်ရှိ မြန်မာရွေ့ပြောင်းအလုပ်သမားအများအပြား အလုပ်လုပ်နေကြတဲ စမွတ်ဆာခွန်း ပင်လယ်စာနဲ့ငါးပုဇွန်ဈေးကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ အများအပြားကူးစက်တယ်ဆိုပြီး ဆေးဖြန်းရေဆေး လုပ်ခဲ့ပါတယ်။ အေအက်ပီသတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်ပြည် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေစတင်ပျံနှံခဲ့တဲ့ ဝူဟန်မြို့ အသွားအလာတွေကန့်သတ်ခဲ့စဉ်က အသက် ၃၈ နှစ်အရွယ်ရှိ Du Fan ဟာ အဲဒီမြို့က ထောင်ပေါင်းများစွာသော အိမ်မွေး တိရိစ္ဆာန်လေးများ ကယ်တင်ခဲ့ပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း အတွင်းမှာ ယာယီဆေးရုံအဖြင့် လုပ်ဆောင်ပြီး ကိုဗစ်နိုင်တင်း ရောဂါသည်တွေကိုကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေက ခေတ်မီနည်းပညာသုံး ဆေးဖက်ဆိုင်ရာ ကိရိယာတွေနဲ့ ကုသပေးနေပါတယ်။ အေအက်ပီသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြမှာဖြစ်ပါတယ်။
အာဖရိကတိုက် ယူဂန်ဒါနိုင်ငံမှာ ဒီလ ဇန်နဝါရီအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသူ (၁၁) ဦးရှိပြီး အဲဒီအထဲမှာ တဦးတည်းသော အမျိုးသမီးဖြစ်သူ Nancy Kalembe ပါဝင်ပါတယ်။ ဗွီအိုအေ သတင်းထောက် Halima Athumani ပေးပို့ထားတာကို ကိုခင်မောင်းစိုးမင်း က ပြောပြပေးပါမယ်။
ထိုင်းနိုင်ငံအတွင်း ပင်လယ်စာနဲ့ ငါးလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအကြား ပြီးခဲ့တဲ့ လကစလို့ ကိုဗစ်-19 ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် ကာကွယ်ဆေး အချိန်မှီ ထိုးနိုင်ဖို့ ထိုင်းတာဝန်ရှိသူတွေ ဖိအားပေးခံနေရပါတယ်။ AP သတင်ဆောင်းပါး တပုဒ်ကို ကိုခင်မောင်စိုးမင်း ပြောပြပေးမှာပါ။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ပင်လယ်ကမ်းခြေက နာမည်ကြီး သဲပန်းပု အနုပညာရှင်တဦးက ဗုဒ္ဓဟူးနေ့က ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ အမေရိကန် ကွန်ရရက်လွှတ်တော်ပုံတူကို သဲနဲ့ ပုံဖော်ပြီး ဒီမိုကရေစီ ခိုင်မာ အောင်မြင်ပါစေလို့ သတင်းစကားပါးလိုက်ပါတယ်။ Reuters သတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီယားဂိုးမြို့က တက္ကသိုလ်ဝန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်တဲ့ ကရိယာလေးတွေကို လမ်းဘေး အစားအစာနဲ့ ဖျော်ရည်လို အလွယ်ဝယ်လိုရတဲ့ အရောင်းစက်တွေမှာ ဝယ်ယူလို့ရနေပါပြီ။ ဒီအကြောင်း ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် တတိုင်းပြည်လုံး အပြင်မထွက်ရ နောက်ထပ်ကန့်သတ် တားမြစ်မိန့်ကို ဗြိတိန်မှာ အင်္ဂါနေ့က စပြီး ထုတ်ပြန်ပါတယ်။ Henry Ridgwell လန်ဒန်က သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် မြောက်ပိုင်းက ပုဂ္ဂလိကဆေးရုံတရုံမှာ COVID-19 ရောဂါ စစ်ဆေးတာကို စက်ရုပ်နဲ့ စမ်းသပ်လုပ်ဆောင်နေပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းပုဒ်ကို ကိုခင်မောင်စိုးမင်း က ပြောပြပေးပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် တောင်ပိုင်းမှာ လူတွေကြောင့် ရောဂါ အနာတရဖြစ်နေရတဲ့ ပင်လယ်လိပ်တွေကို ဆေးရုံတခုဖွင့်ပြီး ကုသပေးနေပါတယ်။ ဒီအကြောင်း Jeff Swicord သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြပေးမှာပါ။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတွေကူးစက်ပျံံနှံ့နေချိန်မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ သက်ကြီး စောင့်ရှောက်ရေးဂေဟာအတွက် ဆေးပစ္စည်း ပို့ဖို့ ဉာဏ်ရည်တုသုံး မောင်းသူမဲ့ စက်ရုပ် ကားငယ်လေးတစင်းကို စမ်းသပ်နေပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာ ကိုဗစ် 19 ရောဂါ ကူးစက်မှု တိုးလာတဲ့အတွက် မြို့အနီးနား အစိုးရကျောင်းတွေအားလုံး ကြာသာပတေးနေ့က စပြီးပိတ်ပစ်ဖို့ သက်ဆိုင်ရာက ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။ Reuters သတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်း ပြောပြပါပေးမှာပါ။
ဝေးလံခေါင်သီတဲ့ Bhasan Char ကျွန်းကို ရောက်သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ရောက်ရှိတဲ့ နေရာသစ်မှာ အဆင်ပြေအောင် နေထိုင်နေကြတယ်လို့ ဗွီအိုအေ ဘင်္ဂလာ ဌာနကို ပြောပါတယ်။ VOA သတင်းထောက် Muazzem Hossain Shakil ရဲ့ သတင်းလွှာကို ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာအမျိုးသမီးဒုက္ခသည်တွေကို ကိုရိုနာ ကပ်ရောဂါတွေကြားမှာ ဒေသခံ ပရဟိတအဖွဲ့အစည်းတွေက အင်္ဂလိပ်စာ နဲ့ မလေးစာတွေသင်ကြားပေးနေပါတယ်။ ဒီအကြောင်း အေပီသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပေးပါလိမ့်မယ်။
ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက စိုးရိမ်တဲ့အကြောင်း ထုတ်ဖေါ်ပြောဆိုနေတဲ့ ကြားကပဲ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ရဲ့စခန်းကနေ ဘင်္ဂလားပင်လယ်အတွင်းက ကျွန်းဆီပြောင်းရွေ့လိုက်ပါတယ်။ AP သတင်းဆောင်းပါးတွေကို ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြပါ့မယ်။
နောက်ထပ်ကြည့်ရှုရန်