သူတို့အိမ်လေးကို ရုရှားဒုံးကျည်ထိမှန်ပြီး ကံကောင်းထောက်မစွာ သားဖြစ်သူအသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့် ယူကရိန်းနိုင်ငံ Donbas ဒေသက မိသားစုတစုဟာ ဘဝကို အရှုံးမပေးပဲ စီးပွားရေးလုပ်ငန်း အသေးစားလေးတွေကို ဆက်လက်လုပ်ကိုင်နေကြပါတယ်။
ပြင်သစ်လယ်သမားတွေရဲ့ သပိတ်တိုက်ပွဲ ပြင်သစ်နိုင်ငံမှာ လယ်ယာမြေ နဲ့ ပတ်သက်တဲ့ တင်းကျပ်တဲ့ မူဝါဒတွေ၊ စိုက်ပျိုးစားရိတ်ကြီးမြင့်လာမူတွေ အပါအဝင် အထွေထွေမကျေနပ်မှုတွေကြောင့် ဒေသအနှံ့က လယ်သမားတွေဟာ အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ အဝေးပြေးလမ်းမတွေကို အမှိုက်သရိုက်တွေချ ပိတ်ဆို့ထားကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၃ နှစ်ပြည့်တဲ့အခါမှာ အဓိက စီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာ အဖက်ဖက်က ကျဆင်းနေတာကို တွေ့ရပါတယ်။ အပတ်စဉ်တင်ဆက်နေကျ မြေကြီးဩဇာအစီအစဉ်မှာ ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။ ရမ်းဗြဲမြို့ပေါ်ဆိုရင်လည်း ဒီရက်ပိုင်း စစ်ကောင်စီတပ်က ၃ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့တွင်း မီးလောင်တာတွေ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဝင်ရောက် နယ်မြေရှင်းလင်းခဲ့တဲ့ စစ်ကိုင်းမြို့နယ်ထဲက ရွာမကျေးရွာနဲ့ လယ်ကြီးကျေးရွာမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံက တောင်သူလယ်သမားတွေဟာ မိမိတို့ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းတဲ့ လယ်၊ယာမြေထဲက စိုက်ပျိုးသီးနှံတွေအပေါ်မှာသာ အမြဲတန်း အာရုံထား ဂရုစိုက်လုပ်ကိုင်ကြပေမယ့် ပတ်ဝန်ကျင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်တွေ စိုက်ပျိုးကြတာတော့ နည်းပါးလွန်းပါတယ်။ ကိုခင်မောင်စိုးမင်း က စုစည်းတင်ဆက်ထားပါတယ်။
စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့ ဒီပဲယင်းမြို့နယ်ထဲမှာ အရပ်သား ၃ ဦးနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦး စုစုပေါင်း ၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားပြီး ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယပိုင်၊ မဏီပူ ခေါ် ကသည်းပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခကြောင့် စိတ်ဒဏ်ရာရရှိခဲ့ကြတဲ့ ကလေးငယ်တွေကို အစိုးရ စာသင်ကျောင်းမှာ ကျောင်းအိပ်၊ ကျောင်းစား ပညာသင်ပေးနေပါတယ်။ ဒီအကြောင်း Reuters သတင်းဆောင်းပါးတပုဒ်ကို ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ရဲစခန်းကို သိမ်းယူလိုက်သလို စစ်ကောင်စီဘက်ကတော့ လေကြောင်းကပါ တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံက တောင်သူလယ်သမားတွေဟာ သူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အဓိက ဓါတု့ ဓါတ်မြေသြဇာတွေကိုသာ အားထားသုံးစွဲနေကြပါတယ်။ အဲဒီအစား အလိုအလျှောက်ရှိနေပြီးသား သဘာဝမြေသြဇာတွေကိုတော့ စနစ်တကျသုံးစွဲကြခြင်း မရှိကြပါဘူး။ ဒီအကြောင်း လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း က အခုလို စုစည်းတင်ဆက်ထားပါတယ်။
ခွင့်ပြုချက်လိုင်စင် မရှိဘဲ ငွေလွဲှလုပ်ကိုင်နေသူ ၁၀၀ နီးပါးကို စစ်ဆေးနေပြီး တချို့ကို အရေးယူထားကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဂါဇာဒေသ အစ္စရေးနဲ့ ဟာမတ်စစ်သွေးကြွတွေရဲ့ လက်နက်ကိုင် ပဋိပက္ခကြားမှာ နောက်ထပ် သတင်းသမား ၂ ဦး သတ်ဖြတ်ခံရပြီး စစ်ပွဲစဖြစ်ခဲ့တဲ့ အောက်တိုဘာလကတည်းကဆိုရင် သတင်းမီဒီယာတွေက လူ ၈၀ နီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒါဟာဆိုရင် သမိုင်းမှာ သတင်းသမားတွေ အများဆုံး သေဆုံးမူဖြစ်တယ်တယ်လို့ ကုလသမဂ္ဂက ယူဆထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၃ နှစ်လုံးလုံး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ကျဆင်းလာခဲ့ရာမှာ ဒီနှစ် ၂ဝ၂၄ မှာကော ဘယ်လို အခြေအနေရှိနိုင်သလဲ ။ ဒါနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးနဲ့ ပတ်သက်သူတွေကို မေမြန်းစုစည်းပြီး ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
စစ်ကိုင်းတိုင်း ခမ်းပတ်မြို့အနီး ကျေးရွာမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတွေ အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးခဲ့ပြီး၊ အပြင်းအထန် ဒဏ်ရာရသူတွေ အပါအဝင် ထိခိုက်သူတွေကို ဆေးကုသ ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ စိန်းနန်းကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအရပ်သားဆုံး ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကချင်လွတ်မြာက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ၊ ကချင်ပြည်နယ် လိုင်ဇာအနီး မနေ့တုန်းက ပစ်ချခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ ရဟတ်ယာဉ် အပျက်အဆီး နေရာကို နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ သေဆုံးနေတဲ့ ရုပ်အလောင်း ၆ လောင်း ရှာဖွေတွေ့ရှိကြောင်း KIA ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်မှာ AI ဉာဏ်ရည်တုနည်းပညာကြောင့် Androids စက်ရုပ်တွေဟာ လူတွေနဲ့ ပိုဆင်လာပြီး မျက်နှာ လှုပ်ပြနိုင်တာ၊ ကပြတာ၊ အနုပညာဖန်တီးပြတာတွေ လုပ်ပြလာနိုင်ပါတယ်။ ဒီအကြောင်း AP သတင်းဆောင်းပါတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါလိမ့်မယ်။
ကာကွယ်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ ကောလင်းမြို့ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူတွေ ရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ပြန်ခြုံပြီး သုံးသပ်ကြည့်ရမယ်ဆိုရင် မိုခါမုန်တိုင်းဒဏ်၊ လောင်စာဆီဈေးကြီးမြင့်မူ၊ အလုပ်သမားရှားပါးမူ၊ ခိုင်းနွားတွေနည်းပါးလာတာ၊ ပြည်တွင်းစစ် ဖြစ်ပွားလာတာ စတဲ့ အဓိက ဖြစ်စဉ်တွေကြောင့် တစုံလုံး အတိုင်းအတာအရ အကောင်းဖက်ကို ရောက်ရှိလာခြင်းမရှိပါဘူး
မြန်မာနိုင်ငံမှာ စိုက်ပျိုးရေး နဲ့ ဘွဲ့ရတဲ့သူတွေ နှစ်စဉ်ရာနဲ့ချီပြီး ရှိကြပေမယ့် စိုက်ပျိုးလုပ်ငန်းဟာ ဖွံဖြိုးတိုးတက်ခြင်းမရှိဘဲ တဖြည်းဖြည်း နိမ့်ကျလာနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်းက အခုလို စုစည်းတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်