တနိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆင်ဖို့ဆိုရင် တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်တွဲဖို့ လိုအပ်နိုင်သလို၊ တိုက်ခိုက်မှုတွေရပ်ဖို့ တိုက်တွန်းနေတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း တွက်ချက်ထားဖို့ လိုမယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့ ရွှေပြည်အေးကျေးရွာနဲ့ လွှစင်ကုန်းကျေးရွာတို့မှာ စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေအပြင်းအထန် ဖြစ်နေပြီး စစ်တပ် စခန်းအချို့လည်း သိမ်းဆည်းရမိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တိုက်ပွဲ ပြန်လည်စတင်ခဲ့တဲ့ နေ့ကစပြီး ဒေသခံအရပ်သားတွေ၊ စီးပွားရေးသမားတွေ၊ AA အဖွဲ့နဲ့ ဆက်စပ်သူတွေ အဖမ်းအဆီး ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာတပ်မတော်ထဲက အောက်ခြေ စစ်သားထုကြီးထဲမှာ အစဉ်အဆက်အားဖြင့် အညာကျေးလက်က တောင်သူလယ်သမား နဲ့ လယ်ယာလုပ်သား မိဘတွေက မွေးဖွားလာကြတဲ့ သူတွေက အများအပြားပါဝင်ကြပါတယ်။ အဲဒီ အောက်ခြေ စစ်သားအများစုရဲ့ အညာဒေသ အတော်များများမှာ အခုအခါ ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်ပွားနေပါတယ်။
ဟာမတ်စ် စစ်သွေးကြွတွေက ဂါဇာဒေသဖက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့ အစ္စရေး ဓါးစာခံ ၂၄၀ နီးပါးရဲ့ မိသားစုတွေက Tel Aviv ကနေ Jerusalem ကို ၅ ရက်ကြာလမ်းလျှောက် ဆန္ဒပြကြပါတယ်။ ဒီအကြောင်း Tel Aviv မြို့ကနေ Linda Gradstein သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ သူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။ ကလေးသူငယ်တွေရဲ့ အခြေခံအခွင့်အရေး ဆုံးရှုံးတာအပြင် ထိခိုက်သေဆုံးတဲ့အထိ ကြုံတွေ့နေရတဲ့ အခြေအနေကိုလည်း ရင်ဆိုင်နေရတာပါ။
"တောင်ဘက်ခြမ်းကနေ ဝိုင်းပြီးတော့ ကျားတက်ရဲစခန်းကို ဝိုင်းတိုက်တာ ဒီနေ့ ၁၅ ရက် ဒီနေ့ကျတော့ သူတို့ အထိုင်စခန်းမှာရှိတဲ့ ရဲကော၊ စစ်သားကော တယောက်မှ မရှိကြတော့ဘူး။ အကုန်လုံး ထွက်ပြေးကုန်ကြပြီ။ ပုလဲဘက်ကို ထွက်သွားပြီ ဒီလိုပဲ သိရတာပါဗျ။” (ဗိုလ်အိုင်စီ-PDF)
မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်အာဏာသိမ်းပြီးနောက် ရရာလက်နက်ဆွဲကိုင်ပြီး ခုခံကြတဲ့အထဲမှာ အထက် အညာဒေသက တောင်သူလယ်သမားထုကြီးရဲ့ အခန်းကဏ္ဍဟာ အဓိက နေရာက ပါရှိပါတယ်။ ဒီအကြောင်း လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း က အခုလို စုစည်း တင်ဆက်ထားပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (လောက်ကိုင်) လက်အောက်ခံ ခမရ ၁၂၉ တပ်ရင်းက တပ်ရင်းမှုးအပါအဝင် တပ်ရင်း တရင်းလုံးနဲ့ တပ်မိသားစုဝင်တွေ စုစုပေါင်း လူ ၂၆၀ကျော်ဟာ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်လာကြောင်း ညီနောင်မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တရုတ်- မြန်မာနယ်စပ်ဒေသက စစ်ရေးအရ အရေးပါတဲ့ ကွမ်းလုံမြို့ကို MNDAA ကိုးကန့်တပ်တွေက သိမ်းပိုက်ထားပြီး အလုံးစုံ ထိန်းချုပ်နိုင်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တရုတ်နယ်စပ်မှာ ခိုလှုံနေရတဲ့ ဒီစစ်ရှောင်တွေဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေပြီး အခုဆို စစ်ရှောင် ၅၀၀၀ လောက်ကို လက်ခံထားရတဲ့ တရုတ်အစိုးရကတော့ နယ်စပ်ဒေသ တည်ငြိမ်ရေး ပူးပေါင်း ဆောင်ရွက်ဖို့ မြန်မာစစ်ကောင်စီကို ဖိအားပေး တိုက်တွန်းနေတာပါ။
မြန်မာနိုင်ငံ အဓိက လူတန်စား ၂ ရပ်ဖြစ်တဲ့ အလုပ်သမား နဲ့ တောင်သူလယ်သမားတို့ဟာ စစ်အစိုးရ ခေတ်အဆက်ဆက်မှာ ဖိနှိပ်ခံကြရတာခြင်း တူညီကြပေမဲ့ အလုပ်သမားလူတန်းစားအတွက် လူမူဖူလုံရေး စနစ်ကတော့ အခုအထိ တည်ရှိနေပါသေးတယ်။ ဒါပေမဲ့တောင်သူလယ်သမားတွေအတွက်တော့ အဲဒီလို လူမူဖူလုံရေးစနစ်တွေ က ဘယ်ခေတ် ဘယ်အခါကမှ မရှိခဲ့ပါဘူး
မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၃၆နှစ်လောက် ကုလသမဂ္ဂ ရဲ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲကနေ ဒီကနေ့အထိ ရုန်းမထွက်နိုင်ရတဲ့အထဲမှာ စိုက်ပျိုးရေးကဏ္ဍ နိမ့်ကျနေတာက အဓိကအချက်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း ကနေ ဒီတပတ် မြေကြီးသြဇာ အစီအစဉ်အဖြစ် စုစည်းတင်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၅ ရက်မြောက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်း၊ လောက်ကိုင်နဲ့ လားရှိုးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း ၈၀ ခန့်ကို သိမ်းယူလိုက်ကြောင်း ကိုးကန့်တပ်က သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းကိုး၊ ဖောင်းဆိုင်ဘက်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကိုးကန့် MNDAA တပ်က ဆက်လက် တိုက်ခိုက်သိမ်းပိုက်နေချိန်မှာပဲ တအာင်း TNLA တပ်ကတော့ လားရှိုးမြို့နယ် မိုင်းကျက်နဲ့ နမ့်ခမ်းဘက်တွေမှာ ဆက်လက်တိုက်ခိုက်တာတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ လယ်ယာမြေဆိုင်ရာ ဥပဒေတွေထဲက အဓိကအချက်တွေဟာ စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားတွေကို မြှင့်တင်အားပေးရာ မရောက်ပဲ ဖိနိုပ်ဖို့အတွက် အသုံးပြုနေတာကို တွေ့ရပါတယ်။ ဒီတပတ် မြေကြီးသြဇာအစီအစဉ်မှာ ကိုခင်မောင်စိုးမင်း ကလေ့လာ စုစည်းတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ လယ်ယာမြေဆိုင်ရာ ဥပဒေတွေထဲက အဓိကအချက်တွေဟာ စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားတွေကို မြှင့်တင်အားပေးရာ မရောက်ပဲ ဖိနှိပ်ဖို့အတွက် အသုံးပြုနေတာကို တွေ့ရပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား နားလည်မှုနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်မှာ နှစ်ဖက်ပြန်လည် တင်းမာလာနေပြီး စစ်ကောင်စီဘက်က ဒေသခံပြည်သူတွေရဲ့ ခရီးသွားလာမှုတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပါတယ်။
အစ္စရေး-ဟာမတ်စ်စစ်ပွဲဟာ အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကျောင်းတွေက ကျောင်းသားတွေကြားထဲအထိ ရိုက်ခတ်နေပါတယ်။ လူငယ်ကျောင်းသားတွေ အဲဒီလို သူတို့ရဲ့ အမြင်ကို ဖော်ထုတ်နေတာတွေကြောင့် လွတ်လပ်စွာပြောဆိုခွင့်၊ လုံခြုံမှုနဲ့ အနာဂတ် အလုပ်အကိုင်ရရှိမှုတွေအပေါ် ထိခိုက်နိုင်ခြေကို မေးခွန်းထုတ်စရာဖြစ်နေကြပါတယ်။
စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာန က ဖွဲ့စည်းထားတဲ့ တောင်သူလယ်သမားအဖွဲ့ ကနေ စပါးတင်းတရာ သတ်မှတ်ဈေးနှုန်း ထုတ်ပြန်လိုက်တာဟာ ပြင်ပပေါက်ဈေး နဲ့ ကွာဟလွန်းပြီး လက်တွေ့မကျဖြစ်နေပါတယ်။ ကိုခင်မောင်စိုးမင်းက တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသူတွေနဲ့ ဆွေးနွေးပြီး စုစည်းတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်