ယူကရိန်းနိုင်ငံမှာ စိုက်ပျိုးရိတ်သိမ်းပြီးလို့ သီးနှံအထွက်ကောင်းပေမယ့် တောင်သူလယ်သမားတွေအနေနဲ့ အခါတိုင်းနှစ်တွေကလို အကျိုးအမြတ် ကောင်းကောင်းမရရှိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရုရှား ကျူးကျော်စစ်အတွင်းမှာ သီးနှံတွေကို နိုင်ငံတကာ တင်ပို့တဲ့ ကုန်ကျစာရိတ်တွေက တရှိန်ထိုးမြင့်တက်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဆန်တွေကို နိုင်ငံတကာဈေးကွက်ကို တင်ပို့ရာမှာ သတ်မှတ် အရည်အသွေးမပြည့်မီတဲ့ အကြောင်းအရာတွေထဲမှာ အဆင့်မြင့် ဆန်စက်ကောင်းတွေ မရှိတာဟာလည်း အဓိကအချက်တခုဖြစ်ပါတယ်။
KIO ဌာချုပ်ရှိရာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ တနင်္လာနေ့ည ၁၁ နာရီကျော်က ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၃၀ နီးပါး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်တာလို့ KIO က ပြောဆိုပြီး စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်
သီးနှံပေါ်ချိန်ဆိုရင် Our Day ဆိုတဲ့ နာမည်နဲ့ လောင်းကစားဝိုင်းတွေကို ခေတ်အဆက်ဆက် ဒေသ အာဏာပိုင်တွေက နားလည်မှုနဲ့ရက်အကန့်အသတ် အရ အနည်းနဲ့အများခွင့်ပေးတာတွေရှိကြပါတယ်။ စစ်တပ် အာဏာသိမ်းပြီး လောင်းကစားဝိုင်းတွေကို အကြီးအကျယ် ပြုလုပ်နေကြပါတယ်။
အိန္ဒိယနိုင်ငံမှာ စစ်ဖက် ၊အရပ်ဖက် အသုံးပြုတဲ့ Drones တွေပြပွဲ၊ စွမ်းရည်ပြိုင်ပွဲတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အကြီးအကျယ်ကျင့်ပကြပါတယ်။ ဒီအကြောင်း AP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ KIA ဌာနချုပ် လိုင်ဇာအနီးက နမ့်ဆန်ယန်ဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တို့ အပြန်လှန် တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်မှာ အမျိုးသမီး တဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့ပါတယ်။ ဒီပဲယင်းမြို့ပေါ်မှာတော့ စစ်တပ်က တပ်စွဲထားတာကြောင့် မြို့အနီး ကျေးရွာက ဒေသခံ ၂ ထောင်နီးပါး တိမ်းရှောင်နေရပါတယ်။
စိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ တောင်သူလယ်သမားအများစုဟာ စစ်အာဏာရှင် ခေတ်အဆက်ဆက် ကြွေးမီပြသာနာ ကြုံတွေ့ခဲ့ကြရာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဆိုးဆုံး အခြေအနေကို ရောက်ရှိကုန်ကြပါတယ်။
ကမ္ဘာပေါ်မှာ အလျှင်အမြန် ကြီးထွားလာနေတဲ့ လျှပ်စစ်မော်တော်ယာဉ် EV ဈေးကွက်ကြီးထဲမှာ အိန္ဒိယနိုင်ငံလည်း ပါဝင်ပါတယ် ။ လျှပ်စစ်ကို ပြောင်းလည်း သုံးစွဲတဲ့ အကျိုးကျေးဇူးဖြစ်တဲ့ ကာဗွန် ဓါတ်ထုတ်လုပ်မှု လျော့ချနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ AP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ဂျပန်နိုင်ငံ ဖူကူရှီမား နျုကလီးယား ဓါတ်ပေါင်းဖိုက သန့်စင်ပြီးသား ရေဒီယို သတ္တိကြွဓါတ်ပါ ရေတွေ ပင်လယ်ပြင်ထဲ သွန်ချနေတဲ့ ကိစ္စကြောင့် တောင်ကိုရီးယားမှာ နှစ်ပေါင်များစွာ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်ခဲ့သူတွေအကြား စိုးရိမ်နေပါတယ်။ ရိုက်တာသတင်းတပုဒ်ကို ကို ခင်မောင်စိုးမင်း တင်ပြပါလိမ့်မယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA ခေါ် တအန်း(ပလောင်) အဖွဲ့အကြား နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေပါတယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက စစ်တပ်ထောက်ခံသူ အများစုရှိနေတဲ့ ကံရွာကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်တဲ့နေရာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကံရွာသား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ဟင်းသီးဟင်းရွက်တွေဈေးတက်နေရာမှာအထူးသဖြင့်ခရမ်းချဉ်သီးတွေကဈေးမတန်တဆကြီးမြှင့်နေတဲ့အတွက်ကြောင့်အသင့်စား ဟန်ဘာဂါ နဲ့ အသားညှပ်ပေါင်မုန့်တွေထဲမှာခရမ်းချဉ်သီးတွေမထည့်နိုင်တော့သလိုအိန္ဒိယနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေလည်းအခက်အခဲတွေရှိနေကြပါတယ်။ကိုခင်မောင်စိုးမင်းစုစည်းတင်ပြထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီကနေ ၂ သောင်းတန်ငွေ စက္ကူတွေ ထုတ်ဝေသုံးစွဲတော့မယ်လို့ ကြေညာလိုက်ပြီးနောက် ဒီရက်ပိုင်းအတွင်း ကုန်ဈေးနှုန်းတွေ ရုတ်တရက် မြင့်တက်လာတာဟာ စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိလာပါတယ်။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကွင်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF နဲ့ KIA ပူးပေါင်းတပ်တွေအကြား တနင်္ဂနွေနေ့က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တရက်တည်းမှာတင် လေကြောင်းက နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကူ ကနေ ဗန်းမော်ဘက်ကို ဆန်တက်သွားတဲ့ စစ်ကောင်စီ ထောက်ပို့သင်္ဘောတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဗုဒ္ဓဟူးနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွှေကူမြို့ ရဲစခန်းကိုလည်း ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါဆိုးကြီး မဖြစ်ခင်တုန်းက တရုတ် ရင်းနှီးမြုပ်နှံသူတွေ ကမ္ဘောဒီးယားနိုင်ငံ ကိုလာရောက်ပြီး လူသိပ်မသိသေး မစည်ကားသေးတဲ့ ပင်လယ်ကမ်းခြေက Sihanoukville မြို့ကို အချိန်ပြည့်ဖွင့်ထားတဲ့ လောင်းကစားရုံတွေ အဓိက ရှိတဲ့ မြို့အဖြစ် ပြောင်းလည်းဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီဟာ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားကပဲ သူ့ရဲ့ နယ်မြေတွေကို တိုးချဲ့နေတာကြောင့် မကြာခင် တိုက်ပွဲတွေ ဖြစ်လာတဲ့အထိ အခြေအနေ တင်းမာလာနိုင်တယ်လို့ စစ်တိုင်းကိုင်းတွင်းက ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာမှာ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မွေးကင်းစကလေးငယ် တဦးအဝင် လူ ၃ ဦးသေဆုံးခဲ့ပါတယ်။ နောက်ထပ် ဗုံးကြဲတိုက်ခိုက်ခံရမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဖားကန့်မြို့နယ်မှာ မနေ့ညက ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ တပ်ရင်း ၆ နယ်မြေဘက်ကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့သလို၊ ရွှေကူမြို့နယ်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာပါ။
နောက်ထပ်ကြည့်ရှုရန်