အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ မင်္ဂလာရာမကျောင်းတိုက်မှာ BABA မြန်မာ-အမေရိကန် ဗုဒ္ဓဘာသာအသင်းနဲ့ ကျောင်းတိုက်ဆရာတော်တွေ ဦးဆောင်ပြီး မြန်မာနွယ်ဖွားကလေးတွေအတွက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ် သင်ကြားပေးခဲ့ပါတယ်။ မမြသဇင်အောင်က တင်ဆက်ပြီး ကိုခင်မောင်စိုးမင်းရိုက်ကူးပေးထားပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဒီကနေ့ တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် စစ်တပ်ဘက်က လေကြောင်းသုံး တိုက်ခိုက်ခဲ့သလို၊ ဒေသခံတွေ စစ်ဘေးရှောင်နေရတာ ကတော့ သီတင်း ၁ ပတ်ကျော် ရှိနေပြီလို့ စစ်ရှောင်နေသူတွေက ပြောပါတယ်။
ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ထောင်တွင်းလှုပ်ရှားမှု လုပ်ခဲ့ကြတဲ့ သာယာဝတီ အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် တိုက်ပိတ်ခံထားရပြီး ဒဏ်ရာထားသူတွေရှိတဲ့အကြောင်း ပြန်လည်လွတ်မြောက်လာသူတွေနဲ့ နိုင်ငံရေး အကျဥ်းသားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့အိန္ဒိယပိုင်၊ မဏီပူပြည်နယ် နယ်စပ်ကုန်သွယ်ရေး မိုးရေးမြို့က ကသည်းလူမျိုး အတော်များများဟာ လူမျိုးရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံဖက်မှာ ခိုလှုံနေကြပါတယ်။ ကသည်း၊ ကူကီးလူမျိုးတွေအကြား လူမျိုးရေးပဋိပက္ခဖြစ်ပွားနေတဲ့အကြောင်း ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။
စစ်ကောင်စီတပ်နဲ့ TNLA တအန်း (ပလောင်) တပ်အကြားမှာ ဇူလိုင်လ ဒုတိယပတ် လောက်ကစလို့ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်နဲ့ မူဆယ် မြို့နယ်တွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာနေတာပါ။
စစ်ကောင်စီက အကျဉ်းသား ၇,၀၀၀ ကျော်ကို ဒီကနေ့ လွှတ်ပေးလိုက်ပြီလို့ ကြေညာထားပေမယ့် ဒီအရေအတွက်ဟာ ဖြစ်နိုင်စရာ မရှိသလို၊ လွတ်မြောက်သူတွေ ထဲမှာလည်း နိုင်ငံရေး အမှုကြီးတွေနဲ့ စွဲဆိုထားတဲ့ နိုင်ငံရေး အကျဉ်းသား မဆိုသလောက်သာ ပါကြောင်း ရှေ့နေအသိုင်းအဝန်းက ဗွီအိုအေကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မင်းဒေါင့် ဆိပ်ကမ်းမှာ စစ်ကောင်စီ စက်လှေတွေ ဆိုက်ကပ်ထားပြီး ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်ဖို့ ပြင်ဆင်တာတွေ ရှိနေတာကြောင့် မြစ်ကမ်းတလျှောက် ကျေးရွာက ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ လက်ရှိအချိန်မှာ စစ်ရေး တင်းမာနေတယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
သီတင်း တပတ်နီးပါး စစ်ရေးတင်းမာနေတာ ဖြစ်တဲ့အတွက် ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ မြို့ကို မပြန်နိုင်တဲ့ အခြေအနေ ဖြစ်နေတာပါ။ တိုက်ပွဲစဖြစ်တဲ့ နေ့ကတည်းက တိမ်းရှောင်လာရတဲ့ ခမ်းပတ် အမှတ် (၁) ရပ်ကွက်က ဒေသခံတဦးက နေရပ်မပြန်နိုင်တဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ အရှုံးပေါ်နေတဲ့အတွက် တောင်သူလယ်သမားတွေဟာ နှစ်စဉ် မစိုက်ပျိုးပဲ ပလပ်ထားတဲ့ လယ်ယာမြေတွေပေါ်မှာ မွေးမြူရေးလုပ်ငန်းတွေ ကို တပိုင်တနိုင်လုပ်ကိုင်နေကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာကို စစ်တပ်က ဒီကနေ့ နယ်မြေရှင်းလင်းရေး လုပ်တာမှာ ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် ဒေသခံ ၁၄ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။ စုန်းချောင်းကျေးရွာက ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ရွေးကောက်ပွဲကို အတိုက်အခံ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးပဲ ပြုလုပ်မှာပါ။ ဒီအပေါ် အမေရိကန် အပါအဝင် အနောက် မဟာမိတ် အုပ်စုတွေကတော့ ဝေဖန်ရှုတ်ချနေပါတယ်။ ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ပြေး ဒုက္ခသည်အများစု ခုချိန်ထိ နေရပ်မပြန်နိုင်ကြ သေးသလို၊ မုတ်သုန်မိုးနဲ့ လေပြင်းအန္တရာယ်ကိုပါ ဒီရက်ပိုင်း ကြုံနေရတယ်လို့ စစ်ရှောင်နေရသူတွေက ပြောပါတယ်။ တောတောင်တွေထဲ စားရေးသောက်ရေး ခက်ခဲတဲ့အပြင် မိုးမလုံ ရေမလုံတာကြောင် ဖျားနာကြရတာလို့လည်း ပြောပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို ဇူလိုင် ၁၇ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၇ ရွာလောက်က ဒေသခံ ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အနီးက စစ်ကောင်စီတပ်စခန်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိခဲ့ပြီး အနီးနား နောင်ဝမ့်ရွာအတွင်း လက်နက်ကြီး ကျည်ကျတာရှိတယ်လို့ ဒေသခံတဦးက VOA ကိုအခုလိုပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ကချင်အမျိုးသား လွတ်မြောက်ရေးတပ် KIA ဌာနချုပ် လိုင်ဇာအနီးက နမ့်ဆန်ယန်ဘက်ကို စစ်ကူတက် လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေါ့ဖုန်းယန်အနီးမှာ KIA က ဒီကနေ့ မနက် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့ သိုင်းငင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် တီးတိန်က ဒီကနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ ကလေးမြို့မှာလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာကို စစ်တပ်က နယ်မြေရှင်းလင်းရေး ဝင်ပြီး ပြန်ထွက်ချိန်မှာ မီးလောင် သေဆုံးနေတဲ့ ရုပ်အလောင်း တ လောင်း တွေ့ရှိပါတယ်၊ ကြက်ခြံတွေမီးရှို့ခံရလို့ ကြက်ကောင်ရေ သောင်းချီသေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမြေ အားလုံးထဲမှာ မြေနုကျွန်း စိုက်ပျိုးမြေ အကျယ်အဝန်းဟာ ရာခိုင်နှုန်းနည်းနည်းလေးပဲ ရှိပေမယ့် အဂတိလိုက်စားမှု ၊ အငြင်းပွားမှု နဲ့ ရာဇဝတ်မှုတွေကတော့ အများဆုံး ဖြစ်ပါတယ်။
ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး တပ်တွေအကြား တနင်္လာနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
နိုင်ငံရေးပြဿနာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား စိုက်ပျိုးရေးလုပ်ငန်းတွေ ကျဆင်းလာနေတဲ့ မြန်မာနိုင်ငံ အညာဒေသမှာ ထန်းလျက် လုပ်ငန်းဟာလည်း တိမ်ကောလာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်