ပြီးခဲ့တဲ့ မေလက တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းမှာ နေအိမ်တွေ သိန်းနဲ့ချီ ပျက်စီးသွားသလို မိုးစပါးစိုက်ရေးအတွက်လည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်သမားအရေး လှုပ်ရှားနေကြတဲ့ သမဂ္ဂတွေလည်း တရားဝင် လှုပ်ရှားခွင့် မရှိကြတော့ပါဘူး။ နိုင်ငံရေး အကြပ်အတည်းတွေကြားမှာ တောင်သူလယ်သမား သမဂ္ဂဝင် တချို့ကတော့ လယ်သမားအရေး ဦးစားပေး လုပ်ချင်ကြသလို၊ တချို့ကတော့လည်း နိုင်ငံရေးပါ တွဲလုပ်ဖို့ လိုတယ်လို့ မြင်နေကြတာပါ။
ခင်ဦးမြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပြီး ကံသစ်ကျေးရွာက နေအိမ်တွေ မီးရှို့ခံရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ ကာကွယ်ရေး အဖွဲ့တွေနဲ့လည်း အပြန်အလှန် ပစ်ခတ်တာတွေ ရှိပြီး စစ်ရေး တင်းမာနေပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်းမှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့အကြားမှာ စစ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။
Mocha မုန်းတိုင်ဒဏ်ကြောင့် လူတသန်းကျော်လောက် ဒုက္ခရောက်နေကြတဲ့ ရခိုင်မြောက်ပိုင်းမှာ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ခရီးသွားလာခွင့်တွေကို စစ်ကောင်စီက ဇွန်လ ၈ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။ ကူညီ ကယ်ဆယ်ရေးတွေကို မိုးလေဝသကြောင့် ယာယီပိတ်ထားတာဖြစ်တယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရက VOA ကိုပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ မုန်တိုင်းကြောင့် လျှပ်စစ်မီးတွေ ဒီကနေ့အထိ ပြတ်တောက်နေဆဲပါ။ လျှပ်စစ်မီးတွေပြန်ရဖို့ စစ်ကောင်စီက လုပ်ဆောင်နေပြီး ဒီကနေ့ မှာတော့ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ် က ရပ်ကွက်တချို့ကို လျှပ်စစ်မီးတွေ ပြန်ပေးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကမ္ဘာပေါ်က အထူးစိုးရိမ်ရတဲ့နိုင်ငံတွေရဲ့ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ် သတိပေးချက်ကို ကုလသမဂ္ဂ စိုက်ပျိုးရေး နဲ့ စားနပ်ရိက္ခာအဖွဲ့ FAO က မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့အထဲ မြန်မာနိုင်ငံမှာလည်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာ မလုံမလောက်မှု အခြေအနေဟာ ပိုမိုဆိုးဝါး လာနေတယ် လို့လည်း ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ရေရှင်စစ်ရှောင်စခန်းမှာ စားသောက်ရေးအတွက် ရိက္ခာပြတ်လတ်နေပြီး၊ ရေအခက်အခဲလည်း ရှိနေပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ ကလေးငယ်တွေ အပါအဝင် စစ်ရှောင်သူဦးရေ ၂၀၀၀ နီးပါး ရှိပါတယ်။
ကမ္ဘာပေါ်က အထူးစိုးရိမ်ရတဲ့နိုင်ငံတွေရဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်သတိပေးချက်ကို ကုလသမဂ္ဂ စိုက်ပျိုးရေး နဲ့ စားနပ်ရိက္ခာအဖွဲ့ FAO က မကြာသေးခင် ထုတ်ပြန်ခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံမှာလည်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာ မလုံမလောက်မှု အခြေအနေဟာ ပိုမိုဆိုးဝါးလာနေတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းက ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ရွာသစ်ကျေးရွာမှာ စစ်တပ်နယ်မြေရှင်းလင်းမှုအတွင်း နေအိမ်တွေ မီးရှို့ခံရသလို ၁ ဦးထက် မနည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ၇ ထောင်နီးပါးလည်း စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
တရုတ်-မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး လမ်းကြောင်းသစ်လို့ နာမည်ပေးထားတဲ့ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်နဲ့ မြန်မာ၊ အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်မဲ့ လမ်းကြောင်းသစ်အတွက် တရုတ်-မြန်မာ တာဝန်ရှိသူတွေ မေလကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်မြို့ကြားကို စစ်တပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်း စစ်ကြောင်းထိုးနေပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတာပါ။ စစ်တပ်က အခုလို မြေပြင်ကနေ ထိုးစစ်ဆင်တာတွေအပြင် ဝေဟင်ကနေပါ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ နစကရဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ထိပ်ပိုင်းတာဝန်ရှိသူတွေ မုန်တိုင်းပြီးအခြေအနေကို လာကြည့်ခဲ့ပေမဲ့ အကူညီပေးရေး အစီအစဉ်တွေ လုပ်ဆောင်တာ မရှိသေးပါဘူး။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်မှာ အပျက်အစီးကြီးမားခဲ့သလို မကြာခင် စတင်တော့မဲ့ စပါးစိုက်ပျိုးရေး အတွက်လည်း ကြီးကြီးမားမား ထိခိုက်ကုန်ပါတယ်။ အလားတူ မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ဒေသမှာ နွေစိုက်ခင်းအများစု ပျက်စီးကုန်ပါတယ်။ ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် မှာ အပျက်အစီး ကြီးမားခဲ့သလို မကြာခင် စတင်တော့မဲ့ စပါးစိုက်ပျိုးရေး အတွက်လည်း ကြီးကြီးမားမား ထိခိုက်ကုန်ပါတယ်။
မုန်တိုင်းဒဏ်သင့် ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် AA အဖွဲ့က ပြန်လည်ထူထောင်ရေးနဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ AA ပြောခွင့်ရက ပြောပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် ဆေးဝါးနဲ့ အိမ်ဆောက် ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ AA က ပြောပါတယ်။
ပြည်ပရောက် မြန်မာအလုပ်သမားတွေ လွန်ခဲ့တဲ့ ၆ လအတွင်း အိမ်ပြန်ပို့တဲ့ အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ကျော် ရှိခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ စင်္ကာပူ လေးနိုင်ငံက အဓိကပေးပို့တဲ့ ဝင်ငွေတွေကို စုပေါင်းပြီး သက်ဆိုင်ရာသံရုံးတွေက တင်ပြလာခဲ့တာပါ။
မိုခါမုန်တိုင်းဖြတ်သန်းပြီး ပျက်စီးမှုများခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အစားအသောက်နဲ့ရေကို ဖြန့်ဝေပေးဖို့အတွက် နိုင်ငံတကာအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေက စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်