ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေ၊ အထူးသဖြင့် ရခိုင်ဒေသမြောက်ပိုင်းက မြို့နယ်တချို့မှာ ဒီအန္တရာယ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ မိုင်းအသိပညာပေးတွေအတိုင်း သတိပြု ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်တာပါ။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်UEC မှာ လာလျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီရှိတဲ့အနက် ပါတီ ၁၄ ခုကို မှတ်ပုံတင်ချပေးထားတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ဝံ့သာနုပါတီကိုတော့ မှတ်ပုံတင်ခွင့်ငြင်းပယ်လိုက်ပါတယ်။ မှတ်ပုံတင်ခွင့်ရအပြီး လုပ်ငန်းတွေဘယ်လိုဆက်လုပ်နေပါသလဲ။ ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် UEC မှာ လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီရှိတဲ့အထဲကနေ ပါတီ ၁၄ ခုကိုမှတ်ပုံတင်ချပေးထားတယ်လို့ ကော်မရှင်က ထုတ်ပြန် ထားပါတယ်။ လျှောက်ထားတဲ့ ၆၃ ပါတီထဲက ဝံသာနုပါတီကိုတော့ ပါတီမှတ်ပုံတင်ခွင့်ငြင်းပယ် လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဆန်စပါးအများဆုံးထွက်တဲ့ဧရာဝတီတိုင်းက လယ်ဧကအနည်းငယ်ပိုင်ဆိုင်ကြတဲ့ လယ်သမားအတော်များများဟာ စိုက်ပျိုးရေးကနေ အကျိုးအမြတ်သိပ်မရတဲ့အတွက် တင်နေကြတဲ့အကြွေးဆပ်တဲ့အနေနဲ့ မိမိတို့ပိုင်လယ်မြေတွေကို လယ်ပိုင်ရှင်ကြီးတွေလက်ထဲ ထိုးအပ်နေကြရတယ်လို့ သိရပါတယ်။
အမေရိကန် ပြည်ထောင်စု ၊ ဗာဂျီးနီးယားပြည်နယ် ၊ Fairfax City မြို့ရှိ George Mason တက္ကသိုလ်မှာ ဒီလ မေ ၆ ရက် မနေ့က မြန်မာအပါအဝင် အာရှ အမေရိကန်တွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြပွဲ ဖျော်ဖြေပွဲတွေပြုလုပ်ကြပါတယ်။ ဒီအကြောင်း ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုခင်မောင်စိုးမင်း က အခုလို သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၊ ပိတ်ခရား ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။
မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသ မုံရွာ-ယာကြီး-ကနီ-မင်းကင်း အာရှပတ်လမ်းဘေးမှာရှိတဲ့ ပိတ်ခရား ကျေးရွာကို မေ ၄ ရက် နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပိတ်ခရား ကျေးရွာထဲကို ကြဲချတာဖြစ်လို့ အရပ်သားတွေ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။
မကွေးတိုင်း ယောဒေသက သဘာဝအတိုင်း စိုက်ပျိုးတဲ့ Organic ငရုတ်သီးတွေကို အရင်ကဆို ကုမ္ပဏီတွေကတဆင့် နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲ တင်ပို့တဲ့လုပ်ငန်းဟာ လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လုံးဝရပ်ဆိုင်းကုန်ပါတယ်။ အဲဒီအကြောင်း လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။
စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ဆင်ရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အိမ်ရာနဲ့ချီ ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် လုံခြုံရေး စိုးရိမ်တဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြတာပါ။
မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေ ဟာ စိုက်ပျိုးရေးမှာ ဓါတုဆေးတွေကို အလွယ်တကူ အသုံးပြုနေကြတဲ့အတွက် ထွက်ရှိလာတဲ့ သီးနှံတွေကို နိုင်ငံတကာ ဈေးကွက်ထဲကို စံချိန်စံညွှန်းအပြည့်နဲ့ ထိုးဖောက် တင်ပို့ဖို့မှာ အခက်အခဲတွေရှိနေကြပါတယ်။ ကိုခင်မောင်စိုးမင်း စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံ နေရာ တော်တော်များများမှာ လုံခြုံရေးစိုးရိမ်မှုတွေေကြောင့် သင်္ကြန်ရေကစားပွဲတွေ အကန့်အသတ်နဲ့ ကျင်းပခဲ့ရပေမဲ့ လတ်တလော တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ ဒီကနေ့အထိ သင်္ကြန်ပွဲတွေ ကျင်းပနေကြပါတယ်။
မြန်မာနိုင်ငံ မြေလတ် အညာဒေသတွေမှာ တောင်သူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေက နှစ်စဉ်နီးပါးလောက် အရှုံးပေါ်နေကြတဲ့အတွက် မိမိပိုင် ယာမြေကို မစိုက်ပျိုးပဲ ပလပ်ထားတာ နဲ့ အခြားနည်းသုံးစွဲလုပ်ကိုင်လာကြတာ ကနေ အခုအခါမှာတော့ အဲဒီ စိုက်ပျိုးမြေပေါ်မှာ အုတ်ဖုတ်လုပ်ငန်းတွေကိုပါ ပြောင်းလည်း လုပ်ကိုင်နေကြပါတယ်။
ကရင်နီပြည်လို့ ဒေသခံတွေခေါ်ကြတဲ့ ကယားပြည်နယ်က စစ်ပွဲဖြစ်ပွားတဲ့ဒေသတွေ အထူးသဖြင့် ဒီးမောဆိုမြို့နယ်အနောက်ပိုင်း တောင်ခြေတဝိုက် ချောင်းတွေ၊ မြောင်းတွေနားမှာ ရာသီမရွေး စိုက်ပျိုးလို့ရတဲ့သီးနှံခင်းတွေကို ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ အတူတကွစိုက်ပျိုးနေကြပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ဒီလ ၂၃ရက်နေ့လောက်က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ မတ်လ ၃၀ရက် မနေ့ ညပိုင်းမှာတော့ ရွှေကူမြို့ ရဲစခန်းကို လာရောက်တိုက်ခိုက်တာတွေရှိခဲ့သလို နေ့ခင်းပိုင်းမှာလည်း ရွှေကူမြို့နဲ့ ၁၀မိုင် အကွာခန့်မှာ လေကြောင်း တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်
ရခိုင်ပြည်နယ်မှာ အသင်းအဖွဲ့မှတ်ပုံတင်ပြီး လုပ်ကိုင်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့ကို ပြီးခဲ့တဲ့ စစ်ကောင်စီက ခေါ်ယူတွေ့ဆုံပြီး မတရားအသင်းတွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ မပတ်သတ်ဖို့နဲ့ ငွေကြေးထောက်ပံ့တာတွေမလုပ်ဖို့ ခေါ်ယူသတိပေးထားတယ်လို့ သတိပေးခံရတဲ့ အရပ်ဖက်အဖွဲ့အသည်း တာဝန်ရှိသူတဦးက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရွေးကောက်ပွဲ ကျင်းပရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို နေပြည်တော်မှာ ၃ရက်ကြာဆွေးနွေးမှုတွေ ပြုလုပ်နေကြတာပါ။
ULA/AAနဲ့ မပတ်သတ်ဖို့ စစ်ကောင်စီတပ်သားတွေ တစ်ရွာဝင်တစ်ရွာထွက် ခြိမ်းချောက် ပြောဆိုတာတွေရှိသလို ကျေးရွာတွေအနီးမှာ တပ်စွဲ နေထိုင်တာတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ AA အဖွဲ့ဖက်ကတော့ ယာယီအပစ်ရပ်ထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ပြောဆိုထားတာ ရှိပါတယ်။
"ဒီနှစ်က မိုးခေါင်တာနဲ့ဆိုတော့ သူ့ကန်နဲ့ သူ့ရေတောင်မလုံမလောက်ဖြစ်နေတာ သူတို့မှာလည်း အခက်အခဲဖြစ်နေတာ။ ၄လပိုင်းဆိုရင် အကုန်ခမ်းမှာ ဒုက္ခသည်စခန်းရော ရွာထဲက ကန်တွေရော အခုကပင် သောက်လို့ရတဲ့ ရေကန်တွေမှာ ၃ပေ လောက်ပဲ ကျန်တော့တာ။ ”
ကျေးလက်နေလူငယ်တွေ စားဝတ်နေရေးဖြေရှင်းဖို့ နေရပ်ကို စွန့်ခွာသွားကြတာ၊ မိရိုးဖလာခိုင်းနွားတွေ ရှားလာတာ၊ သီးနှံတေဈေးကောင်းမရတာ-စတဲ့အချက်တွေကြောင့် တောင်သူတွေဟာ လယ်ယာမြေတွေကို အပြည့်အဝမစိုက်ပျိုးတော့ဘဲ ပ,လပ်မြေအဖြစ် ထားလာကြရင်း မြန်မာ့စိုက်ပျိုးရေးကဏ္ဍဟာ ဘက်ပေါင်းစုံကနေ ခြွတ်ခြုံကျနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကြာသည့်တိုင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေ ဖြေရှင်းနိုင်ခြင်း မရှိကြောင်း NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က သုံးသပ်ပြီး၊ နိုင်ငံရေးနည်းအရ ဆွေးနွေး အဖြေရှာရေးကို ဆက်လက်ကြိုးပမ်းသွားဖို့ ကြာသပတေးနေ့ ပြီးဆုံးတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်