မြန်မာစစ်ကောင်စီဟာ အာဏာကို ဆုပ်ကိုင်ထားဖို့အတွက် ရက်စက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာတွေကို လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Türk က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ် ။ ဆွဇ်ဇာလန်နိုင်ငံ ၊ ဂျနီဗာမြို့ကနေ Lisa Schlein ပေးပို့ထားတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလ ၂ နှစ်နီးပါး ကြာလာတဲ့နောက် ပြည်တွင်းမှာ စစ်ဘေးဒဏ်သင့် ဒုက္ခရောက်နေကြတဲ့သူတွေထဲ ကလေးငယ်တွေလည်း အတော်များများ ပါဝင်နေပါတယ်။ ။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့တာ ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာ ဒီမိုကရေစီအရေး ဝေဖန်သုံးသပ်သူတွေက ထူးခြားတဲ့ အောင်မြင်မှုတခုအဖြစ် မြင်နေကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်း က စုစည်းတင်ဆက်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ မြန်မာစစ်ကောင်စီ က ဘာသာရေးခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ နဲ့ သေဒဏ်ချမှတ်ခံရတဲ့ လူငယ်တွေကို အမြန်ဆုံး လွတ်ငြိမ်းခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြနေကြပါတယ်။ ကိုခင်မောင်စိုးမင်း က အခုလို ပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ မီးဘေးသင့်လို့ နေစရာမဲ့ ဖြစ်နေသူတွေအတွက် တဲအိမ်တွေကို ပြန်လည် တည်ဆောက်ပေးနေကြတာမှာ နယ်မြေ အခြေအနေ၊ ကုန်ကျစာရိတ်တွေကြောင့် ကူညီပေးနေသူတွေ အခက်တွေ့နေကြပါတယ်။ မီးဘေးသင့် ပြည်သူတွေအတွက် တဲအိမ် ဆောက်လုပ်ပေးနေတဲ့ အခြေအနေ သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် စစ်ပြေးဒုက္ခသည်တွေမှာ အချိန်ကြာလာတာနဲ့အမျှ ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ပိုများလာနေတယ်လို ဒေသခံတွေက ပြောပါတယ်။ ရန်ကုန် စုံစမ်းမေးမြန်းထားတဲ့သတင်း ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ဝါရှင်တန်မြို့တော်မှာ နိုဝင်ဘာ ၁၈ သောကြာနေ့က ဖွင့်လှစ်လိုက်ပါတယ်။ အမေရိကန်အစိုးရအပြင် နိုင်ငံတကာ သံတမန်တွေ၊ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ NUG က ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီးတော့ အရပ်သားပြည်သူ ၁၃ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူ ရောဂါအတည်ပြုလူနာ အရေအတွက် နည်းသွားပြီး လူနာတွေမှာ ရောဂါလက္ခဏာ ပြင်းထန်တာမျိုးလည်း မရှိသလောက် ဖြစ်နေပြီလို့ ကူညီဆောင်ရွက်နေ သူတွေက ပြောပါတယ်။ ရန်ကုန် က သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
မြန်မာပြည်ထဲမှာ စစ်အာဏာရှင် အဆက်ဆက်က ကျင်းပခွင့်မပေးခဲ့တဲ့ ချင်းနှစ်သစ်ကူးနေ့ကို အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ် ကိုလံဘီယာမြို့မှာ အောက်တိုဘာလ ၂၂ ရက် စနေနေ့က ကျင်းပခဲ့ကြပါတယ်။ အခမ်းအနားကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ကိုခင်မောင်စိုးမင်း သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်နေတဲ့ ကာလတလျှောက်လုံး ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထူးသဖြင့် အမျိုးသမီးတွေ နဲ့ မိန်းကလေးငယ်တွေဟာ ခံစားနေကြရတဲ့အကြောင်း အွန်လိုင်း ဆွေးနွေးပွဲတခုကို အမေရိကန် ပြည်ထောင်စုမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်၊ တောင်လတ်ဒေသမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ရင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၄ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ မင်းကင်း အခြေအနေကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြတဲ့ မြန်မာစစ်ရှောင်တွေ လိုက်နာရမယ့် အသေးစိတ် စည်းကမ်းတွေကို ပြည်နယ်အစိုးရက ထပ်ပြီး ထုတ်လိုက်ပါတယ်။ မီဇိုရမ်ပြည်နယ် အစိုးရရဲ့ကန့်သတ်ချက်တွေအကြောင်း သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်း က တင်ပြပါမယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် မြောက်ပိုင်း စစ်ဘေးရှောင်တွေထဲမှာ တောတောင်တွေထဲ မြွေကိုက်ခံရသူတွေရှိနေပြီး မြွေဆိပ်ဖြေဆေးလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။စစ်ကိုင်းတိုင်းအခြေအနေ သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်း က တင်ပြပါလိမ့်မယ်။
လုံခြုံရေးနဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်တွေ မြန်မာဘက်မှာ ရေရေရာရာမရှိသေးသရွေ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ် အစိုးရက အိန္ဒိယ ဗဟိုအစိုးရကို ပြောလိုက်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က တောင်ပေါက်ကျေးရွာနဲ့ ဘုရားပေါင်းကျေးရွာတွေမှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စစ်ဆေးနေတာကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့သတင်း ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်က နောင်လိုင်ရွာမှာ RCSS /SSA ဘက်က တပ်သားစုဆောင်းနေလို့ ဒေသခံတွေထွက်ပြေးနေရပြီး ကျောင်းတွေလည်းပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာရဲ့တဖက်စီမှာ RCSS နဲ့ SSPP လက်နက်ကိုင် ၂ဖွဲ့ကြား ဒေသခံတွေမှာ သတိနဲ့နေနေရတယ်လို့ ပြောပါတယ်။ ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးငယ်တွေ ထိခိုက်သေကျေမှုတွေနဲ့ မြေဇာပင်ဖြစ်နေကြရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်မှုကြောင့် အရပ်သားဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စစ်ကောင်စီကို တနင်္ဂနွေနေ့က တိုက်တွန်းချက်ဟာ ကြိုဆိုရမယ့်အချက်လို့ သုံးသပ်သူတချို့က ယူဆကြပေမယ့်လည်း ခိုင်ခိုင်မာမာရလဒ်မျိုး ထွက်လာနိုင်ပါ့မလားဆိုတာ သတိထားစောင့်ကြည့်ရမယ်လို့ ပြောဆိုကြပါတယ်။ ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်