.လောင်စာဆီဈေး၊ ဓာတ်မြေဩဇာဈေးတွေက တရိပ်ရိပ်တက်လာတဲ့အတွက် အခုနှစ်မိုးရာသီမှာ စပါးစိုက်ဖို့ အတော်လေးစဉ်းစားခဲ့ရတယ်လို့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းကလယ်သမားတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ခင်မောင်စိုးမင်း က ပြောပြမှာပါ။
တရုတ် - မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ်-ကျင်စန်းကျော့ဂိတ်ကို မေလ ၁၆ ရက် တနင်္လာနေ့ကစပြီး မြန်မာကုန်တင်ယာဉ်တွေ ဝင်ထွက်ခွင့် ပြန်ပေးလိုက်ပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က အငှားယာဉ်မောင်းနဲ့သာ ကုန်တင်ယာဉ်ဝင်ထွက်ခွင့်လုပ်ဖို့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့သတင်း ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ရွှေဆိုင်အတော်များများမှာ ရွှေအတုံး၊ အကျစ်ထည်တွေ ဒီရက်ပိုင်းထဲ အရောင်းရပ်ထားပြီး၊ အလျော့တွက်ပါတဲ့ ရွှေထည်တွေကိုသာ ရောင်းချပေးနေပါတယ်။ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်း ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးကနေ ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ရှုတ်ချကြပါတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးရေးကို ချိုးဖောက်လိုက်တဲ့ နောက်ထပ် အဓိက ခြေလှမ်းဖြစ်တယ်လို့ ဥရောပသမဂ္ဂ ပြောခွင့်ရှိသူက ကြေညာချက်ထုတ်ပါတယ်။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဝေလမူရွာကို သောကြာနေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ စစ်ကိုင်းတိုင်း ကျွန်းလှ မြို့နယ်က အခြေအနေ ကိုခင်မောင်စိုးမင်း က ပြောပြပေးပါမယ်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က တပ်အင်အားတွေ ထပ်တိုးနေသလို၊ KIA ၊ PDF တပ်တွေနဲ့ စစ်ရေးတင်းမာမှုတွေလည်း ရှိနေတာကြောင့် ဒေသခံပြည်သူတွေ တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ကချင်ပြည်နယ်က အခြေအနေ ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ သိန္နီမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပ်သားသစ်စုဆောင်း နေတဲ့လုပ်ရပ်ကြောင့် တချို့ ရပ်ရွာကနေတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို ရှမ်းပြည်နယ်ဘက်က စစ်ရေးအခြေအနေအကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပေးမှာပါ။
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှု အမှတ်တရ Holocaust ပြတိုက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်အဖွဲ့တဖွဲ့လာရောက်လေ့လာကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုခင်မောင်စိုးမင်း ကနေ အဲဒီပြခန်းရှေ့ကနေ သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအစီအစဉ်တခု လုပ်သွားနိုင်ဖို့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ထိုင်းနိုင်ငံမှာ ဆွေးနွေးနေကြပါတယ်။
အခုအခါမှာ မြန်မာနိုင်ငံ ကျေးလက်ဒေသတွေမှာ ခိုင်းနွားတွေ ရှားပါးနေတဲ့အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ် ထိခိုက်နေကြရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နယ်မြေမှာ လက်နက်ကိုင် ပဋိပက္ခတွေမဖြစ်အောင် တပ်မတော်အနေနဲ့ လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ရဲ့ပြောဆိုချက်ကို KNU အထွေထွေအတွင်းရေးမှူး ဖဒိုတာဒိုမှူး က ငြင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း က ပြောပြပေးပါလိမ့်မယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်လို့ ဒေသခံအများအပြား ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနားကို မတ်လ ၂၂ ရက်နေ့က ဖြတ်သန်းတိုက်ခတ်တဲ့ အင်အားကောင်း မုန်တိုင်းငယ်ဟာ မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ရခိုင်ကမ်းရိုးတမ်း တောင်ပိုင်းနားကို ရောက်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းသတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်သူလယ်သမားတွေဟာ မိမိပိုင် စိုက်ပျိုးမြေတွေ အားလုံးကို စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ ပလပ်မြေ၊ မြေလွတ်တွေအဖြစ် ထားရှိနေကြရပါတယ်။
စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်မှာ ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ (၃၀၀၀)ခန်သာ စာရင်းတင်ထားတယ်လို့ ပြည်နယ်ပညာရေးတာဝန်ခံကပြောပါတယ်။ ချင်းပြည်နယ်ရဲ့ပညာရေးအခက်ခဲအခြေအနေကိုတော့ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ အရင်ကတည်းက အလုပ်သမား မလုံမလောက် ဖြစ်နေတာကနေ အခုအခါမှာတော့ ပိုမိုဆိုးဝါးလာပြီး ရှားပါးတဲ့အဆင့်ကို ရောက်နေပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်လက်နက်ကိုင်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အနီးအနားရပ်ကွက်နဲ့ ကျေးရွာပြည်သူ ၃ဝဝ ကျော် မိုးမောက်မြို့ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ တိုက်ပွဲတွေဖြစ်လာမှာ စိုးတဲ့အတွက် နေရပ်မပြန်နိုင်သေးဘူးလို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ပြည်ပက တရားဝင်လုပ်သား သောင်းနဲ့ချီ ခေါ်ယူမယ်လို့ ထိုင်းအစိုးရကကြေညာခဲ့ပြီးနောက် MOU နဲ့ မြန်မာနိုင်ငံဘက်က အလုပ်သမားတွေ သွားဖို့ အသင့်ဖြစ်နေပြီလို့ အလုပ်သမားရေးဌာန တာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။ ကိုဗစ်စည်းကမ်းနဲ့အညီဖြစ်ဖို့ နှစ်နိုင်ငံကြား ညှိနှိုင်းနေရတယ်လို့ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်