စစ္တပ္ ႏွိပ္ကြပ္မႈ လူ႔အခြင့္အေရးမဟာမင္းႀကီးရႈတ္ခ်
{{Zawgyi/Unicode}}
ျမန္မာစစ္ေကာင္စီ ဗိုလ္ခ်ဳပ္ေတြဟာ အာဏာကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားဖို႔အတြက္ ျပည္သူေတြကို ဘက္ေပါင္းစုံကေန ဖိႏိုပ္ ရက္စက္မႈေတြ တိုးျမႇင့္လုပ္ေဆာင္ေနတာေတြကို UNOHCR လူ႔အခြင့္အေရး ဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Volker Türk က ျပင္းျပင္းထန္ထန္ ရႈတ္ခ်လိုက္ပါတယ္ ။ ဆြဇ္ဇာလန္ႏိုင္ငံ ၊ ဂ်နီဗာၿမိဳ႕ကေန Lisa Schlein ေပးပို႔ထားတဲ့ သတင္းကို ကိုခင္ေမာင္စိုးမင္း က ေျပာျပေပးမွာပါ။
ၿပီးခဲ့တဲ့ ၂ ႏွစ္တာ ကာလ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ က ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ခံ အရပ္သားအစိုးရကို စစ္တပ္ အာဏာသိမ္း ျဖဳတ္ခ်ခဲ့စဥ္ ကတည္းက ျမန္မာႏိုင္ငံဟာ နက္ရႈိင္းတဲ့ ေခ်ာက္ထဲကို က်ဆင္းသြားၿပီး အၾကပ္အတည္း မ်ိဳးစုံကို ႀကဳံေတြ႔ေနရတယ္လို႔ UNOHCR လူ႔အခြင့္အေရး ဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Volker Türk က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။
ဒါနဲ႔ ပတ္သက္လို႔ မဟာမင္းႀကီး Türk ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Jeremy Laurence က ျမန္မာႏိုင္ငံဟာ လူ႔အခြင့္အေရးဆိုင္ရာမွာ ဆိုးဝါးဆုတ္ယုတ္ က်ဆင္းေနၿပီလို႔ ေျပာပါတယ္။ အရပ္သား ျပည္သူေတြကို အကာအကြယ္ေပးဖို႔ တာဝန္ရွိတဲ့ စစ္တပ္ဟာ ႏိုင္ငံတကာ ဥပေဒေတြကို ခ်ဳိးေဖာက္ေနၿပီး အၾကမ္းဖက္မႈေတြဟာ ထိန္းမရေအာင္ကို ဆိုးဝါးေနၿပီ လို႔လည္း သူကေျပာပါတယ္။
" အရပ္ဖက္ စစ္ဖက္ ပစ္မွတ္မခြဲျခားဘဲ ျမန္မာစစ္တပ္ဟာ ျပည္သူေတြကို တိုက္ခိုက္ရာမွာ အေျမာက္ လက္နက္ႀကီးေတြ ၊ ေလေၾကာင္းကေန ပစ္ခတ္မူေတြ ၊ တရားလက္လြတ္ ညွဥ္းပန္းႏိွပ္စက္ သတ္ျဖတ္တာေတြ နဲ႔ ေက်းရြာေတြကို မီးရိႈ႕ဖ်က္ဆီးၾကတာေတြကို က်ဴးလြန္ေနပါတယ္ "
စစ္ေကာင္စီတပ္ေတြရဲ႕ လက္ခ်က္နဲ႔ အနည္းဆုံး လူေပါင္း ၂ေထာင္ ၉ ရာနီးပါးေသဆုံးခဲ့တယ္လို႔ အစီရင္ခံစာေတြ အရသိရၿပီး ဒါေတာင္မွ အေရအတြက္ကို ေလွ်ာ့ေပါ့ၿပီး ခန္႔မွန္းထားတာလို႔ ယုံၾကည္ရေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးရုံးက ေျပာပါတယ္။ ဒါအျပင္ အၾကမ္းဖက္ ႏိွပ္စက္ ၊ သတ္ျဖတ္မႈေတြေၾကာင့္ အရပ္သား ၇ ေသာင္း ဟာလည္း အိမ္နီးခ်င္းႏိုင္ငံေတြကို ထြက္ေျပးေနၾကရၿပီ လူေပါင္း ၁ သန္း ၂ သိန္းေလာက္ဟာလည္း IDP ျပည္တြင္းဒုကၡသည္ေတြ အေနနဲ႔ ပုန္းေရွာင္ေနၾကရတယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံဟာ အခုလို ေဘးဆိုးကပ္ဆိုး အေျခအေနေတြကေန ထြက္ေပါက္ရဖို႔အတြက္ကေတာ့ လြယ္ကူတဲ့ အေျခအေနမွာ မရွိဘူးလို႔ ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး Türk က ေျပာပါတယ္။
ေသာၾကာေန႔က ထုတ္ျပန္ခဲ့တဲ့ သူရဲ႕ ေၾကညာခ်က္ထဲမွာဆိုရင္ ျမန္မာစစ္ေကာင္စီ ဗိုလ္ခ်ဳပ္ေတြဟာ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း ASEAN ရဲ႕ ၿငိမ္းခ်မ္းစြာေျဖရွင္းေပးေရး ဘုံသေဘာတူညီခ်က္ ၅ရပ္ကို မေလးမစား လိုက္နာမႈ မရွိတာကိုလည္း ေတြ႔ရတယ္လို႔လည္း ေျပာပါတယ္။
လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး အေနနဲ႔ ျမန္မာႏိုင္ငံေရး အၾကပ္အတည္းကိုေျဖရွင္းဖို႔အတြက္ တျခား နည္းလမ္းေတြကိုလည္း ေဖာ္ထုတ္ခဲ့ေၾကာင္း ေျပာေရးဆိုခြင့္ရွိသူ Laurence ကလည္း ေျပာပါတယ္။ အဲဒီအထဲမွာ ႏိုင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ သမၼတ ဦးဝင္းျမင့္ တို႔နဲ႔အတူ ႏိုင္ငံေရး အက်ဥ္းသား အားလုံလႊတ္ေပးေရး ဆိုတဲ့ အခ်က္လည္း ပါဝင္ပါတယ္။
“ ျမန္မာႏိုင္ငံေရး အၾကပ္အတည္း ၿပီးဆုံးဖို႔အတြက္ အေရးႀကီးတဲ့ ေသာ့ခ်က္ကေတာ့ လူ႔အခြင့္အေရးကို ေလးစားလိုက္နာမႈ ျပန္လည္ ရရွိေစဖို႔ျဖစ္ပါတယ္။ ဒါအျပင္ ျမန္မာစစ္ေကာင္စီ ဗိုလ္ခ်ဳပ္ေတြအေနနဲ႔ သူတို႔ကိုယ္တိုင္ကလြဲၿပီး ဘယ္သူမွ အေျဖမရွာႏိုင္တဲ့ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ရက္စက္ၾကမ္းၾကဳတ္တဲ့စနစ္တခုကို အဆုံးသတ္ဖို႔ျဖစ္ပါတယ္။ တဆက္တည္းမွာပဲ အရပ္သားျပည္သူေတြအေပၚ တိုက္ခိုက္ေနၾကတာေတြ ၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ေနၾကတာေတြအေပၚမွာ က်ဴးလြန္ၾကတဲ့သူေတြအေနနဲ႔ တာဝန္ယူ တာဝန္ခံၾကပါမယ္ ”
ၿပီးခဲ့တဲ့လက ကုလသမဂၢ လုံၿခဳံေရး ေကာင္စီ UNSC ကေန ဆယ္စုႏွစ္ ၇ ခု ေက်ာ္အတြင္းမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ ပထမဆုံး ရွားရွားပါးပါး ဆုံးျဖတ္ခ်က္ တခု ခ်မွတ္ခဲ့ၿပီး ႏိုင္ငံတဝွမ္း အၾကမ္ဖက္မႈ မ်ဳိးစုံကို ခ်က္ခ်င္းရပ္တန္႔ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။
စစ်တပ် နှိပ်ကွပ်မှု လူ့အခွင့်အရေးမဟာမင်းကြီးရှုတ်ချ
{{Zawgyi/Unicode}}
မြန်မာစစ်ကောင်စီ ဗိုလ်ချုပ်တွေဟာ အာဏာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဖို့ အတွက် ပြည်သူတွေကို ဘက်ပေါင်းစုံကနေ ဖိနိုပ် ရက်စက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာတွေကို UNOHCR လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Türk က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ် ။ ဆွဇ်ဇာလန်နိုင်ငံ ၊ ဂျနီဗာမြို့ကနေ Lisa Schlein ပေးပို့ထားတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။
ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ် အာဏာသိမ်း ဖြုတ်ချခဲ့စဉ် ကတည်းက မြန်မာနိုင်ငံဟာ နက်ရှိုင်းတဲ့ ချောက်ထဲကို ကျဆင်းသွားပြီး အကြပ်အတည်း မျိုးစုံကို ကြုံတွေ့နေရတယ်လို့ UNOHCR လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Türk က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ မဟာမင်းကြီး Türk ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jeremy Laurence က မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးဆိုင်ရာမှာ ဆိုးဝါးဆုတ်ယုတ် ကျဆင်းနေပြီလို့ ပြောပါတယ်။ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ စစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေပြီး အကြမ်းဖက်မှုတွေဟာ ထိန်းမရအောင်ကို ဆိုးဝါးနေပြီ လို့လည်း သူကပြောပါတယ်။
" အရပ်ဖက် စစ်ဖက် ပစ်မှတ်မခွဲခြားဘဲ မြန်မာစစ်တပ်ဟာ ပြည်သူတွေကို တိုက်ခိုက်ရာမှာ အမြောက် လက်နက်ကြီးတွေ ၊ လေကြောင်းကနေ ပစ်ခတ်မူတွေ ၊ တရားလက်လွတ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ နဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကြတာတွေကို ကျူးလွန်နေပါတယ် "
စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ အနည်းဆုံး လူပေါင်း ၂ထောင် ၉ ရာနီးပါးသေဆုံးခဲ့တယ်လို့ အစီရင်ခံစာတွေ အရသိရပြီး ဒါတောင်မှ အရေအတွက်ကို လျှော့ပေါ့ပြီး ခန့်မှန်းထားတာလို့ ယုံကြည်ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။ ဒါအပြင် အကြမ်းဖက် နှိပ်စက် ၊ သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၇ သောင်း ဟာလည်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေကြရပြီ လူပေါင်း ၁ သန်း ၂ သိန်းလောက်ဟာလည်း IDP ပြည်တွင်းဒုက္ခသည်တွေ အနေနဲ့ ပုန်းရှောင်နေကြရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ အခုလို ဘေးဆိုးကပ်ဆိုး အခြေအနေတွေကနေ ထွက်ပေါက်ရဖို့အတွက်ကတော့ လွယ်ကူတဲ့ အခြေအနေမှာ မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Türk က ပြောပါတယ်။
သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ သူရဲ့ ကြေညာချက်ထဲမှာဆိုရင် မြန်မာစစ်ကောင်စီ ဗိုလ်ချုပ်တွေဟာ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN ရဲ့ ငြိမ်းချမ်းစွာဖြေရှင်းပေးရေး ဘုံသဘောတူညီချက် ၅ရပ်ကို မလေးမစား လိုက်နာမှု မရှိတာကိုလည်း တွေ့ရတယ်လို့လည်း ပြောပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အနေနဲ့ မြန်မာနိုင်ငံရေး အကြပ်အတည်းကိုဖြေရှင်းဖို့အတွက် တခြား နည်းလမ်းတွေကိုလည်း ဖော်ထုတ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Laurence ကလည်း ပြောပါတယ်။ အဲဒီအထဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် တို့နဲ့အတူ နိုင်ငံရေး အကျဉ်းသား အားလုံလွှတ်ပေးရေး ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
“ မြန်မာနိုင်ငံရေး အကြပ်အတည်း ပြီးဆုံးဖို့အတွက် အရေးကြီးတဲ့ သော့ချက်ကတော့ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု ပြန်လည် ရရှိစေဖို့ဖြစ်ပါတယ်။ ဒါအပြင် မြန်မာစစ်ကောင်စီ ဗိုလ်ချုပ်တွေအနေနဲ့ သူတို့ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ အဖြေမရှာနိုင်တဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရက်စက်ကြမ်းကြုတ်တဲ့စနစ်တခုကို အဆုံးသတ်ဖို့ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်နေကြတာတွေ ၊ လူ့အခွင့်အရေး ချိုးဖောက်နေကြတာတွေအပေါ်မှာ ကျူးလွန်ကြတဲ့သူတွေအနေနဲ့ တာဝန်ယူ တာဝန်ခံကြပါမယ် ”
ပြီးခဲ့တဲ့လက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ UNSC ကနေ ဆယ်စုနှစ် ၇ ခု ကျော်အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပထမဆုံး ရှားရှားပါးပါး ဆုံးဖြတ်ချက် တခု ချမှတ်ခဲ့ပြီး နိုင်ငံတဝှမ်း အကြမ်ဖက်မှု မျိုးစုံကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။