ချင်းပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အိန္ဒိယဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့သူတွေထဲက သက်ကြီးရွယ်အိုပိုင်း သေဆုံးသူတွေ များလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
AA အခြေစိုက်တဲ့ ရခိုင်မြောက်ပိုင်းမှာ ခရီးသွားတွေကို စစ်တပ်က တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် ဒေသခံတွေ အခက်တေ့ွနေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာ တဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကတင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တနှစ်အကြာမှာ အဓိက လယ်ယာမြေအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ အခြေအနေဟာ ကျဆင်းနေတယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
မြန်မာပြည်တွင်းမှာ ပဋိပက္ခတွေနဲ့ ကပ်ဘေးကြောင့် စီးပွားရေးလုပ်ငန်းတွေအပေါ်သက်ရောက်မှုကြီးပြီး ဒီနှစ်အတွင်း စီးပွားတိုးတက်မှုဟာ ဆိုးဆိုးဝါးဝါးအားနည်းနေမယ်လို့ ကမ္ဘာဘဏ်ကသုံးသပ်ပါတယ်။ ရန်ကုန်ကရေးသားပေးပို့တဲ့သတင်းကို ကိုရဲမွန် က ပြောပြမှာပါ။
နိုင်ငံရေးအကျဉ်းသား အများအပြားရှိနေတဲ့ မုံရွာအကျဉ်းထောင်မှာ လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်မှုတွေဖြစ်နေတယ်လို့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇန်နဝါရီ ၂၅ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။ ရန်ကုန်ကလာတဲ့ မုံရွာအကျဉ်းထောင်တွင်း အခြေအနေတွေကိုတော့ ကိုခင်မောင်စိုးမင်း ကတင်ပြပေးမှာပါ။
မကွေးတိုင်း ဂန့်ဂေါခရိုင် စန်းမြို့ရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားတဲ့အတွက် နေအိမ် ၁ဝဝ ကျော်မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
ချင်းပြည်နယ် တွန်းဇံမြို့နယ်ဘက်မှာ ချင်းပူးပေါင်းတပ်ဖွဲ့နဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ခွဲထွက်ရေး ကသည်းသူပုန်တပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ဘက်ကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ချင်းပြည်နယ်ဘက် စစ်ရေးအခြေအနေကို ကိုခင်မောင်စိုးမင်းကပြောပြပါမယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းက ဒလက်ချောင်းကျေးရွာအုပ်စု အတွင်းသို့ ဆန်တင်သွင်းမှုတွေကို ကန့်သတ်ထားတာကြောင့် ဆန်ရိက္ခာတင်ယူဖို့ ခက်ခဲနေကြနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။
မလေးရှားနိုင်ငံက ဒေသတချို့မှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅ သောင်းထက်မနည်း ဘေးလွတ်ရာပြောင်းရွှေ့ နေရသူတွေထဲ မြန်မာလုပ်သားတွေလည်း ပါဝင်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ မကွေးတိုင်း ဂန့်ဂေါနယ်ထဲက နှမ်းခါးကျေးရွာမှာ စစ်ကောင်စီက ဆက်လက်တပ်စွဲထားသလို ကလေးဘက်ကနေ ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာတွေပြုလုပ်ပြီး ကျေးရွာကို ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံကျေးရွာသား အများအပြား ထွက်ပြေး တိမ်းရှောင်နေရပြီး ရွာထဲမှာ ပိတ်မိနေသူတွေလည်းရှိပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံးကို သောကြာနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ကနေ ဖောက်ထွင်းဝင်ရောက် ရှာဖွေပြီးတော့ တပ်စွဲထားတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တစ်ချို့မှာ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFကို ငွေထောက်ပံ့တယ်ဆိုပြီးတော့ ဖမ်းဆီးခံရသူတွေတိုးလာနေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်က လာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြ ပေးပါမယ်။
မန္တလေးမြို့က မြို့ပြပျောက်ကျား တပ်ဖွဲ့ဝင် ၃၃ ယောက်ကို လက်နက်တွေ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပြမယ်။
ချင်းပြည်နယ် တီးတိန်မြို့နယ်က ကျေးရွာနှစ်ရွာဟာ မိုးရွာသွန်းမှုကြောင့် မြေကွဲအက်ပြီး အိမ်တွေပျက်စီးမှုရှိနေသလို အိမ်ခြေ(၁၀ဝ) ). ကျော်ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ ဒေသခံတွေ အိမ်ခြေ ပြောင်းရွှေ့ရေးမှ ာအခက်ခဲရှိနေတယ်လို့လဲဒေသခံတွေကပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ၁၀ လကြာလာချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ပြစ် ထွက်ပြေးနေကြရသူ သိန်းနဲ့ချီရှိနေပါတယ်။ အခုလို စစ်ဘေးဒုက္ခသည်တွေ ပိုများလာတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကတင်ပြပါမယ်။
မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ကြတဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဘာသာရေး အခမ်းအနား တွေ၊ ဘာသာရေးဝတ်ပြုမှုတွေ မလုပ်နိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
ဒေသတွင်း ကိုဗစ်ဖြစ်ပွားမှု အခြေအနေကြောင့် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ကပ်ရောဂါဖြစ်ပွားမှု ပြင်းထန်ချိန်ရောက်မှသာ ကိုဗစ်ကုသရေးစင်တာတွေဆီ ရောက်လာသူတွေများလို့ ရောဂါထိန်းချုပ်ရေး အခက်တွေ့နေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က တင်ဆက်ပေးမှာပါ။
မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာအရေအတွက်ဟာ နိုဝင်ဘာလ လဆန်းပိုင်းကစပြီး ၁ ထောင်ဝန်းကျင်အထိ ပြန်များလာပါတယ်။ ဒါဟာ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွေ ပိုပြီးများများ လုပ်လာနိုင်တာကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်
ချင်းပြည်နယ် ထန်တလန်မြို့ကို အောက်တိုဘာလ ၂၉ ရက်နေ့က မီးတင်ရှို့ခဲ့တာဟာ ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့မြို့ခံမျက်မြင်တဦးက VOA ကို ပြော ပါတယ်။
နောက်ထပ်ကြည့်ရှုရန်