ချင်းပြည်နယ် ထန်တလန်မြို့အနီးတဝိုက်က ကျေးရွာတွေ စိုးရိမ်ကြောက်ရွံနေကြပြီး အခုအခါ တောင်ယာစပါးရိတ်သိမ်းဖို့ အခက်အခဲရှိနေကြတယ်လို့ရွာသားတချို့က ဗွီအိုအေကို ပြောပါတယ်။ ပုန်းရှောင်နေရတဲ့သူတွေ ရာသီ တုပ်ကွေးဖြစ်ပြီးဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီလိုအပ်နေတဲ့အကြောင်း ထန်တလန်နဲ့ မတူပီ ဒေသခံတွေက VOA ကို ပြောပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီနဲ့ ကျယ်ဂေါင်မှာ ကိုဗစ်ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖြန်းဖို့ စီစဉ်နေတာကြောင့် မြန်မာနိုင်ငံသားတွေ ထွက်ခွာဖို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း မြန်မာပြည်က ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာပါ။
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်က KIO ထိန်းချုပ်ရာ အင်ဂွမ်လကျေးရွာ အထက်တန်းကျောင်းမှာ ကျောင်းသား ၄၀၀ ကျော်လောက် Covid 19 ပိုးတွေ့ရှိခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က Covid အခြေအနေကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
ဝါရှင်တန် အခြေစိုက် International Republican Institute (IRI) ရဲ့ ဒီနှစ်အတွက် လွတ်လပ်ခွင့်ဆုရှင်တွေထဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တဦး အပါအဝင်ဖြစ်ပါတယ်။
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၅၀ ကို သွင်းကုန်လုပ်ငန်းအမျိုးအစား သုံးခုအတွက် ထုတ်ရောင်းထားတဲ့အတွက် ပုဂ္ဂလိက ဘဏ်တွေမှာ ဒေါ်လာငွေလဲနှုန်း အနည်းငယ်ကျ သွားတယ်ဆိုပေမဲ့ ပြင်ပဈေးကွက်မှာတော့ ကျပ် ၂၀၀၀ အထက်မှာပဲ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုခင်မောင်စိုးမင်း. က ပြောပြပေးမှာပါ။
မကြာသေးခင်က တောင်တရုတ်ပင်လယ်ပြင်မှာ အမေရိကန် အနုမြူစွမ်းအင်သုံး ရေငုတ်သင်္ဘောဟာ ရေအောက်မှာ အမျိုးအမည်မသိ အရာတခုကို တိုက်မိခဲ့တာနဲ့ ပတ်သက်လို့ အလားတူဖြစ်ရပ်တွေ ဆက်ပြီး ဖြစ်လာနိုင်မလားဆိုပြီး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း လီဒိုလမ်းမကြီးအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA အကြားမှာ သောကြာနေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet က မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထွန်းကားရေး ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်း အပါအဝင် NUG အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဦးကျော်မိုးထွန်း ကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီဖို့ကျင်းပတဲ့ အွန်လိုင်း ရန်ပုံငွေပွဲတခုကနေ အလှူငွေ ခန့်မှန်းထားတဲ့ ပမာဏထက် ပိုပြီးရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျေးရွာတွေဘက် စစ်ကောင်စီက ဝင်ရောက်စီးနင်းလို့ ပြီးခဲ့တဲ့ရက်တွေက ဒေသခံ ကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
PPST လက်နက်ကိုင် ၁၀ ဖွဲ့အနေနဲ့ NCA မူအတိုင်း တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်မှာဖြစ်ပြီး NUG နဲ့ ပူးပေါင်းဆောင်ရွက်ရေး တစ်ဖွဲ့ချင်းအလိုက် ဆောင်ရွက်နိုင်တယ်လို့ အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ရန်ကုန်ကလာတဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ရပ်တည်ချက်ကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က တတိုင်းပြည်လုံး အုံကြွခုခံစစ်စတင်ကြဖို့ မနေ့ အင်္ဂါနေ့က တိုက်တွန်းခဲ့ပြီးနောက် ဒေသအတော်များများမှာ ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့ PDFတွေရဲ့ လှုပ်ရှားမှုတွေလည်းပေါ်ထွက်လာကြပါတယ်။ လေ့လာသုံးသပ်သူတို့ရဲ့ အမြင်သဘောထားကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြ ထားပါတယ်။
စစ်ကိုင်းတိုင်း တမူးမြို့ပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ တမူးဒေသကာကွယ်ရေး PDF အဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်တွေက ဝင်ရောက် ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ နောက်ဆုံး သက်ရှိထင်ရှား ကျန်နေသေးတဲ့ ခမာနီခေါင်းဆောင် Khieu Samphan က သူ့အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း ကုလသမဂ္ဂ တရားရုံးက ဆုံးဖြတ်ထားတာကို ဒီသီတင်းပတ်ထဲမှာပဲ အယူခံဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ အရပ်သား သေဆုံးမှုတွေ ရှိနေရာမှာ အင်္ဂါနေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှာ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းကိုတော့ ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့မှာ စစ်ကောင်စီနဲ့နီးစပ်သူ အသတ်ခံရသလို စစ်ကောင်စီ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ၃၃ နှစ်ပြည့် အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံ ကယ်တင်ရေး ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းသားပေါင်းစုံ ချီတက်တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးကို စနေနေ့က အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့ကြပါတယ်။
ကာကွယ်ဆေး ထိုးမယ့်သူတွေရဲ့စာရင်းကို ကျန်းမာရေးဝန်ကြီးဌာနက ဒေသအလိုက် ကောက်ယူနေပါတယ်။ အဓိကစိန်ခေါ်မှုကတော့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကိုပဲ ထိုးနှံမှာလား၊ တခြား ရွေးချယ်စရာ ရှိသလားဆိုတဲ့ကိစ္စပါ။ ကျန်းမာရေးပညာရှင်တွေကတော့ ကာကွယ်ဆေးထိုးနှံခြင်းက ကိုဗစ်ကို တားဆီးနိုင်လိမ့်မယ်လို့ အကြံပြုပါတယ်။
စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကျေးရွာ ၃ ရွာလောက်က ဒေသခံ ၂၀၀ လောက် နေရပ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
ကိုဗစ်ရောဂါ တကြော့ပြန်ကူးစက်နှုန်းတက်လာတဲ့ မြန်မာနိုင်ငံမှာ တမြို့နဲ့တမြို့ ကုန်စည်စီးဆင်းမှု ပြတ်မသွားအောင်၊ ကုန်ဈေးနှုန်းတွေ အဆမတန် တက်မလာအောင် လုပ်ငန်းရှင်တွေနဲ့ ရပ်ရွာအစုအဖွဲ့တွေက ကြိုးစားနေကြပါတယ်။ ကိုခင်မောင်စိုးမင်က ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်