မာင်တောမှာ တာဝန်ကျလို့ ပြောင်းလာတဲ့ ရဲနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ အပါအဝင် အစိုးရဝန်ထမ်းတွေဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးလည်းဖြစ် မောင်တောမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံ က ပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့မှာ ဇွန် ၂၂ ရက် မနက်က အထက်တန်းကျောင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဆရာမတစ်ဦးအပါအဝင် အနည်းဆုံးလူ ၂ ဦးထိခိုက်ခဲ့ပါတယ်။ ဘယ်သူ့ လက်ချက်ဖြစ်တယ်ဆိုတာ အတိအကျမသိရသေးပါဘူး။ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်အတွင်းမှာလည်း အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တဝိုက်က ရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တွေကြား တနင်္ဂနွေနေ့ ညဘက်က တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သောင်းချီတဲ့ စစ်ဘေးရှောင်တွေဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး နိုင်ငံတကာက ဒါကို ဝိုင်းဝန်းကူညီဖို့လိုကြောင်း ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး KWAT က တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဇွန်လ ၁၅ ရက် မနက်က စစ်ကောင်စီတပ်နဲ့ KIA အကြားမှာ ပစ်ခတ်တိုက်ခိုက်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အချို့မှာ COVID-19 ပိုးကူးစက်သူတွေ ရှိလာတဲ့အတွက် မြို့ဝင် မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြုလုပ်နေပါတယ်။
မကွေးတိုင်း ၊ မင်းဘူးမြို့နယ် ထောက်ရှာပင်ရေနံမြေက CDM ဝန်ထမ်း ၅၀၀ ကျော် အလုပ်ကနေထုတ်ပယ် ခံရပါတယ်။
အမေရိကန် ပြည်ထောင်စု မြောက် ကယ်ရိုလိုင်းနားပြည်နယ်မှာ နေထိုင်ကြတဲ့ ကရင်နီ ခေါ် ကယားတိုင်းရင်းသားတွေက ဝါရှင်တန်ဒီစီမြို့တော်ရှိ မြန်မာသံရုံးရှေ့ကို မနေ့ စနေနေ့က လာရောက်ပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း က ကိုခင်မောင်စိုးမင်း က ရိုက်ကူးတင်ပြထားပါတယ်။
ကယားပြည်နယ်အတွင်းမှာ စစ်တပ်က လေကြောင်းတိုက်ခတ်မှုတွေ လုပ်လာတဲ့အပေါ်မှာ အထူးစိုးရိမ်ကြောင်း ဗြိတိန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ CSW နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ HART က သတိပေး ပြောကြားလိုက်ပါတယ်။
ဇွန်လ ၁ ရက်နေ့ မနက် ၈နာရီဝန်းကျင်လောက်က လှိုင်သာယာမြို့နယ်မှာ အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရပါတယ်။ သေဆုံးသူဟာ ပြည်သူ့ရှေ့ဆောင် PPP ပါတီဝင် ဦးစိုင်းလင်းဇော်ဖြစ်ပြီး၊ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြို့နယ်အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ကုန်သွယ်ရေးဇုန်မှာ မြန်မာကုန်ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတာ တပတ်လောက်ရှိပါပြီ။ လမ်းတွေပိတ်လို့ တရုတ်ပြည်ထဲက ပြန်မထွက်နိုင်တဲ့ မြန်မာကုန်ကားကလည်း အစီး ၂၀၀ ကျော်လောက်ရှိပါတယ်။
ဥရောပတိုက် အရှေ့ပိုင်း ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်ခ်မြို့က မိသားစုပိုင် ဖက်ရှင် အဝတ်အထည် ကုမ္ပဏီတခုက ကိုဗစ်ကပ်ရောဂါကူးစက်နေတဲ့ ကာလမှာ ရောင်းအားမြှင့်တင်ဖို့အတွက် Video Game App တခုကို တီထွင်လိုက်ပါတယ်။ ဒီအကြောင်း AP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်ကူးပြီး ပြန်လာသူတွေကို COVID-19 ရောဂါ စစ်ဆေးခဲ့တာမှာ နှစ်ပတ်အတွင်း COVID-19 ရောဂါပိုးတွေ့ ရှိသူ ၁၂ ယောက်အထိ တိုးလာတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ရခိုင်ပြည်နယ်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြည့်အဝထောက်ခံဖို့ ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်ပြည်နယ်တဝှမ်းက မြန်မာနဲ့တိုင်းရင်းသားတွေ မေလ (၂၂)ရက်နဲ့ စနေနေ့က ရာနဲ့ချီလာရောက်စုဝေးပြီး ချီတက်တောင်းဆိုခဲ့ကြပါတယ်။ ကိုခင်မောင်စိုးမင်းနဲ့ မအင်ကြင်းနိုင်တို့ ရိုက်ကူးတင်ဆက်ထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လီဒိုလမ်းမကြီးပေါ်မှာရှိတဲ့ ယုဇနကုမ္ပဏီပိုင် အဆောက်အဦးတွေကို KIA ကချင်လက်နက်ကိုင်အဖွဲ့က ဖျက်ဆီးခဲ့ပါတယ်။ ယုဇနကုမ္ပဏီအပေါ် KIA က ပြစ်မှတ်ထားပြီး ဒုတိယအကြိမ် တိုက်ခိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့က ကျေးရွာတွေမှာ သောက်သုံးရေ ရှားနေတာကြောင့် ဒေသခံတွေ ဒုက္ခရောက်နေကြပါတယ်။ ကျောက်တော်မြို့နယ်အတွင်းက ညောင်းချောင်း ပြည်တွင်းဒုက္ခသည်စခန်းမှာလည်း သောက်သုံးရေ ရှားပါးနေတယ်လို့ စခန်းတာဝန်သူရှိတစ်ဦးက ပြောပါတယ်။
နယ်စည်းမထား သတင်းသမားများအဖွဲ့ရဲ့ ၂၀၂၀ ပြည့်နှစ် သတင်းလွတ်လပ်ခွင့်အစီရင်ခံစာအရ အမေရိကန်ပြည်ထောင်စုဟာ သတင်းလွတ်လပ်ခွင့် အဆင့်မှာ ၄၈ ကနေ ၄၄ နေရာကို ရောက်ရှိလာပြီး တိုးတက်လာတာကို တွေ့ရပါတယ်။ ဗွီအိုအေ သတင်းထောက် Arash Arabsadi ပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာငွေစက္ကူတွေကို အများပြည်သူကို ဒီနေ့ ပထမဆုံး စတင်ထုတ်ရောင်းပါတယ်။ သတ်မှတ်ထားတဲ့ ငွေလွှဲကောင်တာတွေကနေ ဒေါ်လာ ၁.၆ သန်းဖိုး ရောင်းချမှာဖြစ်ပြီး တယောက်ကို ဒေါ်လာ ၁,၀၀၀ အထိ ဝယ်ယူနိုင်မယ်လို့ ဗဟိုဘဏ်က ကြေညာထားပါတယ်။
မေလ ၃ ရက်နေ့ အထိ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်သူပေါင်း သန်း ၂ဝ ရှိပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ က ကျူးကျော်ရပ်ကွက်ထဲမှာ ဆပ်ကပ်ထဲက ဂျော်ကာ လူရွှင်တော် ဝတ်စုံနဲ့ လူတယောက်ဟာ ပိုးသတ်ဆေးတွေ လိုက်ဖြန်းနေပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားတာကို ကိုခင်မောင်စိုးမင်း က ပြန်ပြောပြပါလိမ့်မယ်။
ပြည်တွင်းမှာ အခေါက်ရွှေတကျပ်သားကို မြန်မာကျပ်ငွေ ၁၇ သိန်းကျော်လာပေမဲ့ ရွှေဝယ်ယူစုဆောင်းသူတွေ များပြားနေတာကြောင့် ရွှေရောင်းအား ကောင်းလာပါတယ်။ ဘဏ်တွေပြိုလဲသွားမှာ စိုးရိမ်ပြီး အပ်ငွေတွေ ပြန်ထုတ်နေကြတဲ့ ပြည်သူတွေဟာ တန်ဖိုး ခိုင်မာတယ်လို့ ယူဆတဲ့ရွှေကို စုဆောင်းဖို့ ဝယ်ယူနေကြတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်