မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတာ ရက်ပေါင်း ၁၀၀ ပြည့်ချိန်မှာ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့ ဒေါ်လာငွေလဲနှုန်းတွေ အဆမတန်မြင့်တက်နေပါတယ်။ ရွှေဈေးဆိုရင် အခေါက်ရွှေ ၁ ကျပ်သားကို ၁,၆၄၀,၀၀၀ ကျော်အထိ ဖြစ်နေပါပြီ။
ဒေသခံတွေနဲ့ စစ်ကောင်စီတို့ အခြေအနေ တင်းမာနေတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နားက သမင်းခြံကျေးရွာမှာ စစ်တပ်က ပစ်ခတ်တာကြောင့် ရွာသူ ၁ ယောက် သေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း မြင်းမူမြို့မှာလည်း လူသေဆုံးတဲ့အထိ ပစ်ခတ်မှုတွေ မနေ့ကဖြစ်ပြီးနောက် ဒီနေ့ မြို့တွင်းက ဈေးတွေ၊ ဆိုင်တွေ ပိတ်ထားရပါတယ်။
အိန္ဒိယနိုင်ငံက မြို့တော်နယူးဒေလီမှာ မြို့တွင်း ခရီးသည်သုံး သုံးဘီးကားလေးတွေကို လူနာတင်ယာဉ်အဖြစ် အခမဲ့ ကူညီနေသူတွေရှိနေတဲ့အတွက် ဆေးရုံတွေက လူနာတင်ယာဉ်မလုံလောက်မှုကို ဖြေရှင်းပေးနေကြပါတယ်။ ဒီအကြောင်း ရိုက်တာ သတင်းတပုဒ်ကို ဗွီအိုအေ မြန်မာပိုင်း က ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ရပ်ဆိုင်းထားတာ ၅ လနီးပါးရှိနေပြီးဖြစ်ပေမယ့် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရတဲ့ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ကတော့ နေရပ် မပြန်နိုင်ကြသေးပါဘူး။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်မှာ ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် နယ်စပ်ဂိတ်တွေကို ပိတ်ထားတာဖြစ်ပြီး မူဆယ်နယ်စပ်ဂိတ်တွေကို မေလ ၅ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ အရင်က ပြောထားပေမဲ့ ပြန်မဖွင့်သေးဘဲ ၃ လ ထပ်တိုးလိုက်တာဖြစ်ပါတယ်။
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် တောမရွာမှာ ရခိုင်ကနေ တရုတ်ပြည် ကူမင်းသို့ ဓာတ်ငွေ့ပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်း စောင့်တဲ့ ရဲ ၅ ယောက်ကို လူတစုက တိုက်ခိုက်ခဲ့လို့ ရဲ ၃ ဦးသေဆုံးခဲ့ပြီးတဲ့နောက်၊ ပိုက်လိုင်း အနီးက ကျေးရွာမှာလည်း တပ်ချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲတွေ ၁၁ ရက်မြောက်နေ့အဖြစ် ဒီနေ့လည်း ဆက်ဖြစ်နေပါတယ်။ ညနေပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကိုဗစ် 19 ရောဂါ ကူးစက်မှုတွေ များလာနေတဲ့ ထိုင်းနိုင်ငံမှာ စည်းမျဉ်းတင်းကျပ်တဲ့ ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ထားပါတယ်။ အေအက်ဖ်ပီသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးအဖြင့် မြန်မာစစ်သံရုံး ကို အမေရိကန်ရောက် မြန်မာတွေက စစ်အာဏာသိမ်း ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း က ကိုခင်မောင်စိုးမင်း က ကိုယ်တိုင်ရိုက်ကူးတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းလောကထဲကသူတွေ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာနက အယ်ဒီတာချုပ်နဲ့ သတင်းထောက်တစ်ဦးကို အာဏာပိုင်တွေ မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ Milk Tea Alliance ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မြန်မာအများစုနဲ့အတူ ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်၊တိဘက် နဲ့ ဝီဂါ လွတ်မြောက်ရေးပူးပေါင်းဆန္ဒပြကြပါတယ်။ ဒီအကြောင်း ကိုယ်တိုင်သတင်းရယူထားတဲ့ ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး အမေရိကန်အစိုးရက ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှုတွေ ကိုင်တွယ်ရေးဆိုင်ရာ အမေရိကန် အထူးသံတမန် John Kerry က ပြောဆိုပါတယ်။ ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
မြန်မာစစ်တပ်ကဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေနဲ့ လူချင်းတွေ့ခွင့်ပြုဖို့ ဒီကနေ့ အွန်လိုင်းကနေ ရုံးထုတ်တဲ့အချိန်မှာ တရားရုံးကို လေ ျှာက်ထားခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု ပြည်နယ်အများစုက မြန်မာတိုင်းရင်းသားပေါင်းစုံဟာ စနေနေ့က ဝါရှင်တန်ဒီစီ မြို့တော် မှာ စုဝေးကြပြီး တရုတ်သံရုံး နဲ့ မြန်မာစစ်သံရုံးတို့ကို ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒါဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ လုပ်ခဲ့ဘူးသမျှ ဆန္ဒပြပွဲတွေထဲမှာအကြီးဆုံးဖြစ်ပါတယ်။ ကိုခင်မောင်စိုးမင်းက ရိုက်ကူးထားပါတယ်။
အာရှနွယ်ဖွားတွေအပေါ် အမုန်းတရား အခြေခံခွဲခြားဆက်ဆံမှုနဲ့ တိုက်ခိုက်မှုတွေ လျော့နည်းသွားဖို့ဆိုရင် အမေရိကန်လူမှုအသိုင်းအဝိုင်းအတွင်း ကျယ်ပြန့်တဲ့ ပညာပေးမှုတွေ လိုအပ်မယ်လို့ နယူးယောက်မြို့ Long Island ပင်လယ်ကမ်းခြေနားမှာ ဆူရှီလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးဇော်ဇော်က ဗွီအိုအေကို ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီကို ကာကွယ်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေကို မသုံးစွဲဖို့၊ မီးရှို့ဆန္ဒပြကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေကို မနက်ဖြန် ဧပြီလ ၇ ရက်မှာ တနိုင်ငံလုံး လုပ်သွားကြဖို့ သပိတ်မှောက် အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လုပ်နေကြတာမှာ စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး၊ အင်းတော်စတဲ့ မြို့တွေမှာ တပ်တွေရဲ့ပစ်ခတ် ဖြိုခွင်းမှုကြောင့် ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ရုရှား နဲ့ အိန္ဒိယ တို့က မြန်မာစစ်ကောင်စီရဲ့ တပ်မတော်နေ့ကို တက်ရောက်တဲ့အတွက်ကြောင့်ဆိုပြီး အမေရိကန်ရှိ မြန်မာတိုင်းရင်းသားတွေက ဝါရှင်တန်ဒီစီရှိ ရုရှား နဲ့ အိန္ဒိယသံရုံးတို့ကို စနေနေ့က ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း က နေရိုက်ကူတင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ Boston Dynamics ကုမ္ပဏီက ကုန်လှောင်ရုံတွေ၊ ကုန်သေတ္တာတွေထဲ ဝင်ရောက်ပြီး စက္ကူပုံးတွေကို အလျင်အမြန် တင်ချပေးနိုင်တဲ့ Stretch လို့ အမည်ပေးထားတဲ့ စက်ရုပ်တရုပ်ကို ဒီလ ၂၉ ရက် တနင်္လာနေ့က ပြသလိုက်ပါတယ်။ ဒီအကြောင်း AP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
မတ်လ၂၇ရက် ဖက်ဆစ်တော်လှန်ရေးနေ့က အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့က မြန်မာအမျိုးသမီးတွေဟာ ဝါရှင်တန်ဒီစီမြို့တော်က တရုတ်သံရုံးကို ကန့်ကွက်ဆန္ဒပြကြပါတယ်။ အဲဒီနောက် မြန်မာစစ်သံရုံးကို ချီတက်ပြီး နောက်ဆုံးမှာ အမေရိကန် လွတ်လပ်ရေးကျောက်တိုင်ရှိရာကို ချီတက်ဆန္ဒပြကြပါတယ်။ ခင်မောင်စိုးမင်း က ရိုက်ကူးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်