ကိုဗစ် 19 ရောဂါ ကူးစက်မှုတွေကြောင့် လူတွေ အပြင်မထွက်ရ ကန့်သတ်မိန့်တွေ တင်းတင်းကြပ်ကြပ် ချမှတ်ပြီး အရေးယူခဲ့တဲ့ အိန္ဒိယ နိုင်ငံမှာ တနှစ်ကြာလာပေမဲ့ ဗီဇပြောင်း ရောဂါပိုးအသစ် ထပ်မံ တွေ့ရှိတာကြောင့် ဘာသာရေးပွဲလမ်းတွေကို ထပ်ပြီး တားမြစ်ထားရပါတယ်။ ကိုဝင်းမင်း ပြောပြပါလိမ့်မယ်။
စစ်တပ်က အာဏာရယူပြီး မတည်မငြိမ်မှုတွေကြောင့် ဘဏ်နဲ့ ငွေလွှဲလုပ်ငန်းတွေ ပိတ်ထားရတဲ့အတွက် ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာပြည်က သူတို့ မိသားစုဆွေမျိုးတွေဆီ တရားဝင် ငွေပြန်ပို့ဖို့ အခက်တွေ့နေကြရပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ပြောထားပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေကလည်း သူတို့ ရှေ့ရေးဟာ စစ်တပ်အုပ်ချုပ်မှုအောက်မှာ ပိုပြီး စိုးရိမ်စရာဖြစ်မယ်လို့ ပြောဆိုနေပါတယ်။ ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာတော့ အလင်းရောင်လူငယ်များအဖွဲ့က ဦးစီးပြီး ရာနဲ့ချီတဲ့မြန်မာပြည်သူတွေ စနေနေ့ နေ့လည်ပိုင်းက မြန်မာ စစ်သံရုံးနဲ့ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ စစ်အာဏာသိမ်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း က ကိုခင်မောင်စိုးမင်း က ရိုက်ကူးထားပါတယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ချင်းပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ မိသားစုတွေ ၂၀၀ လောက်အထိ ရှိလာပြီလို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။ AFP နဲ့ AP ဆောင်းပါးတွေကို စုပေါင်းပြီး ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
အမေရိကန် ပြည်ထောင်စု ပြည်နယ်အတော်များများက မြန်မာများ ဝါရှင်တန်ဒီစီမှာ စုရုံးပြီး မြန်မာစစ်အာဏာသိမ်းသည့်ကို ကန့်ကွက်သည်အနေနဲ့ တရုတ်သံရုံး နဲ့ မြန်မာ စစ်သံမှူးရုံး ဒီကနေ့ စနေနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက် လွတ်လပ်ရေးကျောက်တိုင်ရှိရာကို ချီတက်ကြပါတယ်။ ကိုခင်မောင်စိုးမင်း ရိုက်ကူးတင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ဂျမူး၊ကက်ရှ်မီးယားဒေသမှာ ယာယီတဲစခန်းတွေနဲ့ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ရာပေါင်းများစွာဟာ သူတို့နေထိုင်ရာ မြန်မာနိုင်ငံကို ပြန်ပို့မှာ စိုးရိမ်နေကြပါတယ်။ VOA သတင်းထောက် Zubair Dar က အဲဒီနေရာကို သွားရောက် တွေ့ဆုံသတင်းပေးပို့တာကို ကိုခင်မောင်စိုးမင်းက ပြန်ပြောပြပါလိမ့်မယ်။
ချင်းပြည်နယ်ကနေ အိန္ဒိယပိုင် မီဇိုရမ်းပြည်နယ်ကို ခိုလှုံလာတဲ့ ရဲတပ်ကြပ်တဦးက သူအပါအဝင် တိမ်ရှောင်လာသူ ရဲတပ်ဖွဲ့ဝင်တွေဟာ CDM လုပ်လာတာဖြစ်ပြီး အလုပ်ထွက်တာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း Facebook Messenger ကနေ မီဇိုရမ်းပြည်နယ်မှာ ရောက်ရှိနေတဲ့ အဆိုပါ ရဲတပ်ကြပ်ကို မေးမြန်းထားပါတယ်။
မနေ့ စနေနေ့က အမေရိကန် ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ နေထိုင်ကြတဲ့ မြန်မာတွေဟာ ဝါရှင်တန်ဒီစီမြို့တော် မှာ စုရုံးပြီး တရုတ်သံရုံး နဲ့ မြန်မာကောင်စစ်ဝန်ရုံး တို့ကို စစ်အာဏာသိမ်းကန့်ကွက် ဆန္ဒပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း က ကိုခင်မောင်စိုးမင်း က ရိုက်ကူးထားပါတယ်။
ဗွီအိုအေ သတင်းထောက် Anjana Pasricha ဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာရီယားနားပြည်နယ်က ကျေးရွာတရွာကို သွားပြီး အဲဒီရွာက လယ်သမားတွေနဲ့ တွေ့ဆုံပြီး သူတို့အနေနဲ့ ဘာကြောင့် လယ်ယာမြေဥပဒေသစ်ကို ပြန်လည်ရုတ်သိမ်းစေချင်ရတာလဲဆိုတာ သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြန်ပြောပြမှာဖြစ်ပါတယ်။
အမေရိကန်မှာ မနှစ်က လူမည်းတွေရဲ့အသက်တွေကို တန်ဖိုးထားပါဆိုတဲ့ လှုပ်ရှားမှုနဲ့ ဈေးဆိုင်တွေပိတ်ခဲ့ရပါတယ်။ ဝါရှင်တန်ပြည်နယ် Seattle မြို့မှာတော့ ဈေးဆိုင်တွေကိုကာတဲ့ အထပ်သားတွေပေါ်နဲ့ လမ်းတွေပေါ်မှာ Black Life Matter နဲ့ပတ်သက်ပြီး Graffiti ပန်းချီတွေရေးဆွဲထားကြပါတယ်။ ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးတိုက်ခိုက်တာဟာ ကြောက်ရွံ့သွားအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာလို့ ရန်ကုန်သတင်းစာသင်တန်းကျောင်း(YJS) တည်ထောင်သူ သတင်းစာဆရာ ကိုရဲနိုင်မိုး က ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်း ကိုခင်မောင်စိုးမင်း Zoom Call နဲ့ မေးမြန်းစဉ်မှာ သူက ပြောတာဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ မြန်မာသံရုံး နဲ့ စစ်သံရုံးတို့ကို ဒီကနေ့ စနေနေမှာ မြန်မာများစုရုံးပြီး စစ်အာဏာသိမ်းဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒါအပြင် ဆန္ဒပြခေါင်းဆောင်တွေထဲက သုံးဦးက မြန်မာသံအမတ်ကြီးနဲ့ တွေ့ဆုံပြီး CDM လုပ် မိမိတို့နဲ့ပူးပေါင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
ဝါရှင်တန်အခြေစိုက် မြန်မာသံတမန်တွေကို စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာသံအမတ်ကြီး ဦးအောင်လင်းကတော့ လတ်တလော အခြေအနေအရ ပူးပေါင်းဖို့ အခြေအနေ မပေးသေးဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့ကိုသွားရောက်ပြီး ဆန္ဒပြသူတွေထဲက သံအမတ်ကြီးဦးအောင်လင်းနဲ့တွေ့ဆုံပြီး လူထုအစိုးရဘက်ကိုထောက်ခံပါဝင်ပေးဘို့တိုက်တွန်းခဲ့ပေမဲ့ သံအမတ်ကြီးက ဖြစ်နေတာတွေဟာ မတရားဘူးဆိုတာလက်ခံပေမဲ့ လက်ရှိတာဝန်ဝတ္တရားတွေအရ အခုလိုပါဝင်ပေးဘို့မဖြစ်နိုင်သေးကြောင်းပြန်ကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ မြန်မာသံရုံး နဲ့ စစ်သံရုံး တို့ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြည်နယ်အသီးသီးမှာရှိကြတဲ့ မြန်မာတွေလာရောက် စုရုံးပြီး စစ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒီအကြောင်း ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုခင်မောင်စိုးမင်း က တိုက်ရိုက်သတင်းပေးပို့ထားပါတယ်။
စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ ကမ္ဘာကိုကော မြန်မာလူထုကိုကော စော်ကားတဲ့ ဖက်ဆစ်လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ နေထိုင်နေတဲ့ စာရေးဆရာကြီး မောင်စွမ်းရည် က ပြောပါတယ်။ ဗွီအိုအေ အဖွဲ့သား ကိုခင်မောင်စိုးမင်း က စာရေးဆရာကြီး မောင်စွမ်းရည်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေဟာ စစ်အာဏာသိမ်းခေါင်းဆောင်တွေကို ရွေးချယ်ပိတ်ဆို့မယ်လို့ ယုံကြည်ကြောင်း ၁၉ ၉ ၀ ရွေးကောက်ပွဲ ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာတင့်ဆွေကေ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ဒေါက်တာတင့်ဆွေကို ဗွီအိုအေမှ ကိုခင်မောင်စိုးမင်း က မေးမြန်းထားပါတယ်။
အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး မျှော့်လင်ချက်အနေနဲ့ ဂျပန်နိုင်ငံဟာ ကိုဗစ်နိုင်တင်းကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် စက်ရုပ်တွေကို အသုံးပြု ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ဖို့ စီစဉ်နေပါတယ်။ ဒီအကြောင်း ဖော်ပြထားတဲ့ ရိုက်တာသတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်း က ပြန်ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်Bowling Greeမြို့ အထက်တန်းက ကျောင်းသားလေး ၂ ယောက်ဟာ လက်ပတော့ ကွန်ပြူတာအဟောင်းတွေကို ပြန်လည်ပြုပြင်ပြီး.ဆင်းရဲတဲ့ကျောင်းသားတွေ ပညာရေးအတွက် အသုံးချနိုင်အောင် ပေးလျှူနေပါတယ်။ VOA သတင်းထောက် June Soh က ရိုက်ကူးပြီး ကိုခင်မောင်စိုးမင်း က ပြန်လည်ပြောပြပေးပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်