သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာေရႊေစ်းကြက္ အဝယ္သြက္ 


Picture taken on September 1, 2010 shows Myanmar vendors arranging a display of gold jewellery at a jewellery shop at Chinatown in downtown Yangon. Housewives huddle over jewellery counters in Yangon's bustling Chinatown -- but they do not have fashion o

ရန္ကုန္၊ မႏၲေလးနဲ႔ ေနျပည္ေတာ္မွာရွိတဲ့ ေ႐ႊဆိုင္အေတာ္မ်ားမ်ားမွာ ေ႐ႊအတုံး၊ အက်စ္ထည္ေတြ ဒီရက္ပိုင္းထဲ အေရာင္းရပ္ထားၿပီး၊ အေလ်ာ့တြက္ပါတဲ့ ေ႐ႊထည္ေတြကိုသာ ေရာင္းခ်ေပးေနပါတယ္။ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္း ကိုခင္ေမာင္စိုးမင္း ေျပာျပပါမယ္။

ျမန္မာေရႊေစ်းကြက္ အဝယ္သြက္
please wait

No media source currently available

0:00 0:02:58 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာေရႊေစ်းကြက္ အဝယ္သြက္

{{Zawgyi/Unicode}}

ရန္ကုန္၊ မႏၲေလးနဲ႔ ေနျပည္ေတာ္မွာရွိတဲ့ ေ႐ႊဆိုင္အေတာ္မ်ားမ်ားမွာ ေ႐ႊအတုံး၊ အက်စ္ထည္ေတြ ဒီရက္ပိုင္းထဲ အေရာင္းရပ္ထားၿပီး၊ အေလ်ာ့တြက္ပါတဲ့ ေ႐ႊထည္ေတြကိုသာ ေရာင္းခ်ေပးေနပါတယ္။ ေ႐ႊဝယ္ယူသူေတြကေတာ့ ေစ်းကြက္ထဲမွာ ကိုယ္လိုခ်င္သလို ဝယ္မရျဖစ္ေနတဲ့ အေျခအေနအေပၚ ညည္းတြားေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္း ကိုခင္ေမာင္စိုးမင္း ေျပာျပပါမယ္။

ရန္ကုန္မွာရွိတဲ့ ေ႐ႊဆိုင္အားလုံးနီးပါးမွာ ေ႐ႊအတုံး၊ အက်စ္ထည္ေတြကို ဒီရက္ပိုင္းထဲ အေရာင္းရပ္ထားၿပီး၊ အေလ်ာ့တြက္ပါတဲ့ ေ႐ႊထည္ေတြကိုပဲ ေရာင္းခ်ေပးေနတာပါ။ ရန္ကုန္က ေ႐ႊဆိုင္ႀကီးတခုမွာေတာ့ ဧၿပီလ ၆ ရက္ ေသာၾကာေန႔အထိ အခုလို အေရာင္းရပ္ထားတယ္လို႔ ေျပာပါတယ္။

"အက်စ္ထည္က ေလာေလာဆယ္မွာ ပစၥည္းလည္းမရွိေသးတာမို႔လို႔ အေရာင္းအတြက္ မဖြင့္ထားဘူးရွင့္ ေစ်းေတြက။ အေခါက္ေ႐ႊ အေလ်ာ့တြက္ပါတဲ့ အထည္ဆိုရင္ ၂,၀၀၆,၀၀၀ ဝန္းက်င္ေလာက္ပါရွင့္။"

အတုံး၊ အခဲနဲ႔ အက်စ္ထည္ေတြကို အေရာင္းရပ္ထားေပမယ့္လည္း အေလ်ာ့တြက္ပါတဲ့ အထည္ေတြကိုေတာ့ သတ္မွတ္ထားတဲ့ ရည္ၫႊန္းေစ်းထက္ အနည္းဆုံး က်ပ္ ၅,၀၀၀ ခြာၿပီး အေရာင္းအဝယ္ျပဳလုပ္တာေတြ ရွိေနပါတယ္။ မႏၲေလးက လူသိမ်ားတဲ့ ေ႐ႊဆိုင္မွာဆိုရင္လည္း အေလ်ာ့တြက္မပါတဲ့ အေခါက္ေ႐ႊဝယ္ယူခ်င္သူ မ်ားေနေပမယ့္လည္း ေ႐ႊဆိုင္ဘက္ကေတာ့ အခုခ်ိန္ထိ အေရာင္းရပ္ထားတုန္းပါ။

" ေဖ႐ႊေစ်းကေတာ့ အေျပာင္းအလဲေတာ့ ရွိတယ္၊ (အေလ်ာ့တြက္ပါတဲ့) အထည္ေစ်းေျပာတာပါ။ အပိုင္းေတြကေတာ့ ေလာေလာဆယ္ မရေသးဘူး။"

အကယ္ဒမီ မီးလင္းေ႐ႊေစ်းႏႈန္းဟာ ေမလ ၆ ရက္ ေသာၾကာေန႔မွာ တက်ပ္သားကို က်ပ္ သိန္း ၂၀ နဲ႔ ေစ်းဖြင့္ခဲ့ပါတယ္။ ေနျပည္ေတာ္က ေ႐ႊဆိုင္တခုမွာေတာ့ ေသာၾကာေန႔ ေန႔လည္ခင္းေစ်းကို တက်ပ္သား က်ပ္သိန္းႏွစ္ဆယ္ငါးေထာင္နဲ႔ အေလ်ာ့တြက္ပါ အထည္ေတြကိုသာ အေရာင္းအဝယ္လုပ္ခဲ့တယ္လို႔ ေျပာပါတယ္။

"က်ေနာ္တို႔က အထည္ေလးေတြပဲ ေရာင္းေပးတယ္ခင္ဗ်။ အခုက ျဖတ္စေလးေတြ၊ အပိုင္းေလးေတြကိုေတာ့ မေရာင္းေသးဘူး ခင္ဗ်။ အထည္ကေတာ့ ၂,၀၀၅,၀၀၀ ဝန္းက်င္နဲ႔ ေရာင္းေပးေနပါတယ္။ ေနျပည္ေတာ္နဲ႔ မႏၲေလးကေတာ့ ေစ်းတူပါတယ္။"

ေစ်းကြက္ထဲမွာ ေ႐ႊထည္ေတြကို အခုလို အကန႔္အသတ္နဲ႔ သတ္မွတ္ေရာင္းခ်ေနတာက ေ႐ႊဆိုင္ေတြဘက္က ေစ်းျပန္ေစာင့္တဲ့ သေဘာျဖစ္ႏိုင္တယ္လို႔ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာပါတယ္။

"အဲဒါေတာ့ က်ေနာ္တို႔ အေသးစိတ္ေတာ့ မသိဘူးဗ်။ တခ်ိဳ႕ဆိုင္ေတြလည္း ေရာင္းေပးေနပါတယ္။ တခ်ိဳ႕က်ေတာ့လည္း ေစ်းအျမင့္နဲ႔ လုပ္ထားတဲ့ဟာေတြက ေစ်းကိုျပန္ေစာင့္တဲ့ သေဘာပါပဲ။ ေ႐ႊက ေန႔စဥ္ေရာင္းတဲ့ဝယ္တဲ့ဟာက တခုရွိတယ္။ တခ်ိဳ႕က်ေတာ့လည္းဝယ္ၿပီး ေစ်းေစာင့္ၿပီးေတာ့ ျပန္ေရာင္းတာရွိတယ္ေပါ့။ ဥပမာ - ႏိုင္ငံျခားကသြင္းတယ္ ဆိုရင္လည္း ဒီျပန္ေရာက္ရင္ ခ်က္ခ်င္းေရာင္းလို႔မရဘူး။ တခါတေလက်ေတာ့ ဗမာျပည္ထဲေရာက္လာေရာ ကိုယ္သြင္းတဲ့ေစ်းထက္ နိမ့္ေနေရာ။ အဲေတာ့ တခါ ေစ်းျပန္ေစာင့္ေပါ့။ ေစာင့္ၿပီးေတာ့ တရက္ ႏွစ္ရက္ေနရင္ တူး၊ ကိုယ္ႀကိဳက္တဲ့ေစ်းရရင္ ျပန္ေရာင္းၾကတာေပါ့။ ေစ်းေစာင့္ေရာင္းတာပါ၊ အဲဒါကေတာ့။"

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ ဘဏ္စနစ္အေပၚ ယုံၾကည္မႈက်ဆင္းေနခ်ိန္ ေငြေၾကးတတ္ႏိုင္သူေတြက ေ႐ႊနဲ႔ အိမ္ၿခံေျမလို တန္ဖိုးႀကီးပစၥည္းေတြ ဝယ္ယူစုေဆာင္းေနၾကတာပါ။ ျပည္တြင္းေ႐ႊေစ်း က်ပ္သိန္း ၂၀ ပတ္ခ်ာလည္မွာ ရွိေနၿပီး ေစ်းကြက္မတည္ၿငိမ္ေပမယ့္လည္း ေ႐ႊဝယ္ယူစုေဆာင္းခ်င္သူ တခ်ိဳ႕ကေတာ့ အခုရက္ပိုင္းအတြင္း ေ႐ႊဆိုင္ေတြမွာ စိတ္ႀကိဳက္ဝယ္ယူႏိုင္ဖို႔အတြက္ တန္းစီေစာင့္ဆိုင္းရတဲ့ အေျခအေနေတြနဲ႔ ႀကဳံေနရတယ္လို႔လည္း သိရပါတယ္။ ေငြျပန္ေဖာ္ဖို႔အတြက္ ျပန္ေရာင္းခ်င္သူေတြအတြက္လည္း ေစ်းႏႈန္းမတည္ၿငိမ္ျဖစ္ေနတဲ့ အခ်ိန္ကာလမွာ အေရာင္းအဝယ္လုပ္ဖို႔ကို တုန႔္ဆိုင္းေနၾကပါတယ္။

..............................................


မြန်မာရွှေဈေးကွက် အဝယ်သွက်

{{Zawgyi/Unicode}}

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ရွှေဆိုင်အတော်များများမှာ ရွှေအတုံး၊ အကျစ်ထည်တွေ ဒီရက်ပိုင်းထဲ အရောင်းရပ်ထားပြီး၊ အလျော့တွက်ပါတဲ့ ရွှေထည်တွေကိုသာ ရောင်းချပေးနေပါတယ်။ ရွှေဝယ်ယူသူတွေကတော့ ဈေးကွက်ထဲမှာ ကိုယ်လိုချင်သလို ဝယ်မရဖြစ်နေတဲ့ အခြေအနေအပေါ် ညည်းတွားနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်း ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။

ရန်ကုန်မှာရှိတဲ့ ရွှေဆိုင်အားလုံးနီးပါးမှာ ရွှေအတုံး၊ အကျစ်ထည်တွေကို ဒီရက်ပိုင်းထဲ အရောင်းရပ်ထားပြီး၊ အလျော့တွက်ပါတဲ့ ရွှေထည်တွေကိုပဲ ရောင်းချပေးနေတာပါ။ ရန်ကုန်က ရွှေဆိုင်ကြီးတခုမှာတော့ ဧပြီလ ၆ ရက် သောကြာနေ့အထိ အခုလို အရောင်းရပ်ထားတယ်လို့ ပြောပါတယ်။

"အကျစ်ထည်က လောလောဆယ်မှာ ပစ္စည်းလည်းမရှိသေးတာမို့လို့ အရောင်းအတွက် မဖွင့်ထားဘူးရှင့် ဈေးတွေက။ အခေါက်ရွှေ အလျော့တွက်ပါတဲ့ အထည်ဆိုရင် ၂,၀၀၆,၀၀၀ ဝန်းကျင်လောက်ပါရှင့်။"

အတုံး၊ အခဲနဲ့ အကျစ်ထည်တွေကို အရောင်းရပ်ထားပေမယ့်လည်း အလျော့တွက်ပါတဲ့ အထည်တွေကိုတော့ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးထက် အနည်းဆုံး ကျပ် ၅,၀၀၀ ခွာပြီး အရောင်းအဝယ်ပြုလုပ်တာတွေ ရှိနေပါတယ်။ မန္တလေးက လူသိများတဲ့ ရွှေဆိုင်မှာဆိုရင်လည်း အလျော့တွက်မပါတဲ့ အခေါက်ရွှေဝယ်ယူချင်သူ များနေပေမယ့်လည်း ရွှေဆိုင်ဘက်ကတော့ အခုချိန်ထိ အရောင်းရပ်ထားတုန်းပါ။

" ဖေရွှဈေးကတော့ အပြောင်းအလဲတော့ ရှိတယ်၊ (အလျော့တွက်ပါတဲ့) အထည်ဈေးပြောတာပါ။ အပိုင်းတွေကတော့ လောလောဆယ် မရသေးဘူး။"

အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းဟာ မေလ ၆ ရက် သောကြာနေ့မှာ တကျပ်သားကို ကျပ် သိန်း ၂၀ နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ နေပြည်တော်က ရွှေဆိုင်တခုမှာတော့ သောကြာနေ့ နေ့လည်ခင်းဈေးကို တကျပ်သား ကျပ်သိန်းနှစ်ဆယ်ငါးထောင်နဲ့ အလျော့တွက်ပါ အထည်တွေကိုသာ အရောင်းအဝယ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။

"ကျနော်တို့က အထည်လေးတွေပဲ ရောင်းပေးတယ်ခင်ဗျ။ အခုက ဖြတ်စလေးတွေ၊ အပိုင်းလေးတွေကိုတော့ မရောင်းသေးဘူး ခင်ဗျ။ အထည်ကတော့ ၂,၀၀၅,၀၀၀ ဝန်းကျင်နဲ့ ရောင်းပေးနေပါတယ်။ နေပြည်တော်နဲ့ မန္တလေးကတော့ ဈေးတူပါတယ်။"

ဈေးကွက်ထဲမှာ ရွှေထည်တွေကို အခုလို အကန့်အသတ်နဲ့ သတ်မှတ်ရောင်းချနေတာက ရွှေဆိုင်တွေဘက်က ဈေးပြန်စောင့်တဲ့ သဘောဖြစ်နိုင်တယ်လို့ ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

"အဲဒါတော့ ကျနော်တို့ အသေးစိတ်တော့ မသိဘူးဗျ။ တချို့ဆိုင်တွေလည်း ရောင်းပေးနေပါတယ်။ တချို့ကျတော့လည်း ဈေးအမြင့်နဲ့ လုပ်ထားတဲ့ဟာတွေက ဈေးကိုပြန်စောင့်တဲ့ သဘောပါပဲ။ ရွှေက နေ့စဉ်ရောင်းတဲ့ဝယ်တဲ့ဟာက တခုရှိတယ်။ တချို့ကျတော့လည်းဝယ်ပြီး ဈေးစောင့်ပြီးတော့ ပြန်ရောင်းတာရှိတယ်ပေါ့။ ဥပမာ - နိုင်ငံခြားကသွင်းတယ် ဆိုရင်လည်း ဒီပြန်ရောက်ရင် ချက်ချင်းရောင်းလို့မရဘူး။ တခါတလေကျတော့ ဗမာပြည်ထဲရောက်လာရော ကိုယ်သွင်းတဲ့ဈေးထက် နိမ့်နေရော။ အဲတော့ တခါ ဈေးပြန်စောင့်ပေါ့။ စောင့်ပြီးတော့ တရက် နှစ်ရက်နေရင် တူး၊ ကိုယ်ကြိုက်တဲ့ဈေးရရင် ပြန်ရောင်းကြတာပေါ့။ ဈေးစောင့်ရောင်းတာပါ၊ အဲဒါကတော့။"

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဘဏ်စနစ်အပေါ် ယုံကြည်မှုကျဆင်းနေချိန် ငွေကြေးတတ်နိုင်သူတွေက ရွှေနဲ့ အိမ်ခြံမြေလို တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ယူစုဆောင်းနေကြတာပါ။ ပြည်တွင်းရွှေဈေး ကျပ်သိန်း ၂၀ ပတ်ချာလည်မှာ ရှိနေပြီး ဈေးကွက်မတည်ငြိမ်ပေမယ့်လည်း ရွှေဝယ်ယူစုဆောင်းချင်သူ တချို့ကတော့ အခုရက်ပိုင်းအတွင်း ရွှေဆိုင်တွေမှာ စိတ်ကြိုက်ဝယ်ယူနိုင်ဖို့အတွက် တန်းစီစောင့်ဆိုင်းရတဲ့ အခြေအနေတွေနဲ့ ကြုံနေရတယ်လို့လည်း သိရပါတယ်။ ငွေပြန်ဖော်ဖို့အတွက် ပြန်ရောင်းချင်သူတွေအတွက်လည်း ဈေးနှုန်းမတည်ငြိမ်ဖြစ်နေတဲ့ အချိန်ကာလမှာ အရောင်းအဝယ်လုပ်ဖို့ကို တုန့်ဆိုင်းနေကြပါတယ်။

XS
SM
MD
LG