ရိုက်တာသတင်းထောက် ၂ ဦးကို ဖမ်းဆီးတဲ့နေရာနဲ့ပတ်သက်လို့ တရားရုံးမှာ ထွက်ဆိုချက်တွေဟာ ရဲဘက်က ထွက်ဆိုတာနဲ့ ဖမ်းခံထားရသူတွေဘက်က ထွက်ဆိုချက်တွေ အခုချိန်ထိ ကွဲလွဲမှုတွေ ရှိနေတယ်လို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၆ နှစ်ထဲက ဖွဲ့စည်းထားတဲ့ မြန်မာ့အမျိုးသား သံစုံတီးဝိုင်းရဲ့ အရည်အသွေးနဲ့ ဂီတဖန်တီးမှုတွေ ကမ္ဘာကျော်နိုင်အောင် ဂျပန်လူမျိုး ဂီတပညာရှင်တွေက ကူညီပေးနေပါတယ်။ လက်ရှိကြိုးပမ်းမှုတွေမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေပါလဲ။ ကိုစည်သူက ကိုယ်တိုင် လေ့လာပြီး အထူးအစီအစဉ်အနေနဲ့ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ တောဆင်ရိုင်းပစ်ခတ်သတ်ဖြတ်တာတွေ တဖြည်းဖြည်း များပြားလာတာကြောင့် လာမယ့်နှစ်ပေါင်းအနည်းငယ်အတွင်း မျိုးသုံးပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ရင်ဆိုင်လာရနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တွင်း ရဲဘော်ကျားကျေးရွာအနီးမှာ လူသေအလောင်းတွေ မြုပ်နှံထားတဲ့ကျင်းကြီးတွေကို တူးဖော်စစ်ဆေးရာမှာ ဟိန္ဒူလူမျိုး ရုပ်အလောင်း စုစုပေါင်း ၄၅ လောင်းကို ပြန်ဖော် တွေ့ရှိထားပြီဖြစ်ပါတယ်။ ရခိုင်ဒေသမှာ သြဂုတ်လ ၂၅ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ဟိန္ဒူလူမျိုး ၁၀၀နီးပါး ပျောက်ဆုံးနေတာကြောင့်၊ နောက်ထပ် အလောင်းတွေလည်း ထပ်တွေ့မယ်လို့ မျှော်လင့်နေရပါတယ်။ ရုပ်အလောင်းတွေ ဖော်တဲ့နေရာမှာ ကိုယ်တိုင်ရောက်ရှိခဲ့တဲ့ ဗွီအိုအေသတင်းထောက်များ ပေးပို့သည့် သတင်းဓါတ်ပုံများကို ကြည့်ရှုနိုင်ပါပြီ။
၂၀၁၈ မယ်စကြဝဠာမြန်မာပြိုင်ပွဲဝင် အလှမယ်တွေဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက လူမှုကူညီရေးခရီးစဉ်အဖြစ် ကရင်ပြည်နယ်ကိုသွားခဲ့ကြပါတယ်။ ထိုင်းနိုင်ငံနယ်စပ် မြဝတီမြို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့တွေ့ဆုံအားပေးခဲ့ကြပါတယ်။ အလှမယ်တွေရဲ့ ကရင်ပြည်နယ် ပရဟိတနဲ့ လူမှုကူညီရေးခရီးစဉ်အကြောင်း ကိုစည်သူ တင်ပြထားပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာရေးအတွက် မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဟောင်း ဦးအောင်ရွှေကို ဂုဏ်ပြုရာမှာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ ဝိုင်းဝန်းလုပ်ဆောင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ဂုဏ်ပြုကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ ဝိုင်းဝန်းလုပ်ဆောင်မယ်ဆိုတဲ့ သံဓိဌာန်နဲ့ ဂုဏ်ပြုကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။ ဈာပနကို သွားရောက်ခဲ့တဲ့ ကိုစည်သူက ပြောပြပေးမှာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် လူ(၆) ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အအေးမိတုပ်ကွေးနဲ့ ရောဂါလက္ခဏာခြင်း ဆင်တူတာမို့ စနစ်တကျ ကြိုတင်ကာကွယ်ကြဖို့ ကျန်းမာရေးဌာနက နှိုးဆော်ထားပါတယ်။ H1N1 ရောဂါအကြောင်း သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုစည်သူက တင်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အဆုံးသတ်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သတ်တဲ့ ထုတ်ပြန်ချက်တွေအပေါ် ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အပြင်းအထန် ဝေဖန်လိုက်ကြသလို၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်တွင်း လာရောက်ခွင့် မပြုဖို့အထိပါ လွှတ်တော်ကိုယ်စားလှယ် တချို့က တိုက်တွန်း လိုက်ကြပါတယ်။
၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့မှာ မိုင်းခွဲဖျက်စီးခံခဲ့ရတဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ပြန်တည်ဆောက်ဖို့ NLD အစိုးရက စီစဉ်နေပေမယ့် သက်ဆိုင်သူအားလုံးရဲ့ သဘောဆန္ဒတွေကို အလေးထားဖို့ အားနည်းနေတာကြောင့် ဝေဖန်ခံနေရပါတယ်။ ဗွီအိုအေသတင်းထောက် ကိုစည်သူက သတင်းထောက် မှတ်စုအဖြစ် တင်ဆက်ထားပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမှာတက်ကြွစွာပါဝင်ခဲ့ပြီးက နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ ငြင်းပယ်ခံလိုက်ရတဲ့ ကိုသန်းစိုးရဲ့အရေး မြန်မာနိုင်ငံအတွင်းမှာရှိနေကြသူတွေပိုမိုသိရှိနားလည်စေဖု့ိလုပ်ဖော်ကိုင်ဘက်ဟောင်းနဲ့ မိတ်ဆွေတွေကရန်ကုန်မြို့မှာအင်္ဂါနေ့ကသတင်းစာရှင်းလင်းပွဲတခုပြုလုပ်ပါတယ်။ကိုစည်သူကတင်ပြထားပါတယ်။
အင်္ဂလိပ်နယ်ချဲ့အစိုးရကို ရဲရဲဝံ့ဝံ့ဆန့်ကျင်ခဲ့တဲ့ သခင်ဗဟိန်းရဲ့ နိုင်ငံရေးစိတ်ဓာတ်မျိုး ယနေ့ခေတ်လူငယ်တွေမှာ ရှိဖို့လိုအပ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောကြပါတယ်။ ရန်ကုန်မြို့ ယုဒဿန်ခန်းမမှာပြုလုပ်တဲ့သခင်ဗဟိန်းရဲ့ အောက်မေ့ဖွယ်ရာပြည့်အခမ်းအနားအကြောင်း ကိုစည်သူပြောပြပေးမှာပါ။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ် ၂၁ ရာစုပင်လုံ၊ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီးခဲ့ပါပြီ။ ၂၁ ရာစုပင်လုံ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ ဘယ်လိုကွာခြားမှုတွေရှိခဲ့ပါသလဲ၊ ဒီသီတင်းပတ်သတင်းထောက်မှတ်စုမှာ ဗွီအိုအေသတင်းထောက် ကိုစည်သူက တင်ပြထားပါတယ်။
ပင်လုံဒုတိယ ညီလာခံ မိန့်ခွန်းများ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံံ ဒုတိယအကြိမ်အစည်းအဝေးဖွင့်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ၊ လွှတ်တော်ဥက္ကဌတွေအပြင် ကြံခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဌတို့ကပါ အသီးသီးမိန့်ခွန်း ပြောခဲ့ပါ တယ်။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော် ကိုယ်စား လှယ် ၃ ဦးကို သက်ဆိုင် ရာ မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ခဲ့တဲ့ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံဖြိုးရေး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက် လွှာတင်သွင်းလိုက်ပါတယ်။
ဖန်ပုလင်းထဲမှာ မြန်မာမှုအနုပညာအငွေ့အသက်ပုံရိပ်တွေ ထည့်သွင်းဖန်တီးထားတဲ့ ပုလင်းပန်းချီအနုပညာကို မန္တလေး အမရပူရမှာ ရှားရှားပါးပါးတွေ့နိုင်ပါတယ်။ ဒီလုပ်ငန်းနဲ့ အသက်မွေးလာတာ လုပ်သက် ၂၀ ရှိပြီဖြစ်တဲ့ ဖန်ပုလင်းပန်းချီပညာရှင် ဦးချစ်မြရဲ့ အကြောင်း သူ့အကြောင်းကဏ္ဍမှာ ကိုစည်သူတင်ဆက်ထားပါတယ်။
ကုန်သွယ်မှုလိုငွေနဲ့ ရင်းနှီးမြှပ်နှံမှု
ရခိုင်ဒေသ မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်ပြီး တပ်မတော်ဘက်ကကော ပြည်ထဲရေး ဝင်ကြီးဌာနဘက်ကပါ စုံစမ်းစစ်ဆေးရေး ကော်မရှင် အသီးသီး ဖွဲ့စည်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်