ဥရောပမြောက်ပိုင်းမှာ ၈ ရာစုကနေ ၁၁ ရာစုအထိရှိခဲ့ကြတဲ့ Viking ခေတ်ကာလကိုပြန်ရောက်သွားသလို ပုံဖော်ထားတဲ့ပွဲတော်ကို ဒိန်းမတ်နိုင်ငံမှာ နှစ်စဉ်ကျင်းပပါတယ်၊ Viking တွေ နေထိုင်၊ စားသောက် စစ်တိုက်ခဲ့ကြတဲ့အတိုင်း ပြန်လည်သရုပ်ပြကြတဲ့ပွဲတော်ဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုက ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းတွေမှာ ဝန်ထမ်းတွေ ရှားပါးနေချိန်ဖြစ်လို့ အလုပ်လိုချင်သူတွေအနေနဲ့ အလုပ်ရှိရာကို ကိုယ်တိုင်သွား အလုပ်လျှောက်သင့်တယ်လို့ ဟိုတယ်ဧည့်ကြိုမန်နေဂျာတယောက်က အကြံပြုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
သဘာဝတောအုပ်ထဲမှာ ပညာသင်ကြားနေရသလိုမျိုးဖန်တီးထားတဲ့ သဘာဝစာသင်ခန်းတခု ရန်ကုန်မြို့မှာ ဖွင့်ထားပါတယ်။ မြို့ပြတွေက ကလေးတွေ၊ Tablet Screen၊ Phone Screen တွေရှေ့ အချိန်ကုန်နေကြသူတွေအတွက် ဘယ်လောက် အကျိုးရှိစေနိုင်ပါသလဲ။ မမာနွယ်အေးကို မစုမြတ်မွန်က မေးမြန်းပြီး လှုမှုရှုခင်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်း၊ တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ စုစုပေါင်း ၂၆၀၀၀ ထက်မနည်းရှိပါတယ်။ လက်ရှိတိုက်ပွဲတွေ မဖြစ်တဲ့နေရာမျိုးတွေမှာလည်း လက်နက်ကြီးရန်အပြင်၊ စစ်တပ်တွေ ရွာထဲ မကြာခဏဝင်တတ်တာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲကြဘူးဖြစ်နေပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံရပြီး အကျဉ်းချခံရတဲ့ အသက်မပြည့်သေးသူ ကလေးသူငယ် အရေအတွက်ဟာ ရန်ကုန်တမြို့တည်းမှာတင် အယောက် ၁၅၀၀ နီးပါးရှိတယ်လို့ ကလေးသူငယ်အရေး လှုပ်ရှားသူတွေကပြောပါတယ်။
Bulgariaနိုင်ငံမှာဆောင်းခိုငှက်တွေအုပ်လိုက်ပျံသန်းနေရာရွှေ့ကြလေ့ရှိတဲ့လမ်းကြောင်းတလျှောက်စွန်လွှတ်ပွဲတော်တွေကျင်းပခဲ့ပါတယ်။သဘာဝပါတ်ဝန်းကျင်အတွက်အရေးပါတဲ့ ငှက်မျိုးစိတ်တွေကိုထိန်းသိမ်းကြစေဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့စွန်လွှတ်ပွဲတော်ဆီမစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေသွားကြည့်ရအောင်ပါ။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ ကိုယ်ဝန်ဆောင် ကျန်းမာရေးနဲ့ မွေးကင်းစကလေးငယ် ကာကွယ်ဆေး မထိုးပေးနိုင်တာ နှစ်နဲ့ချီ ရှိလာနေပြီလို့ စစ်ရှောင် ဒေသခံတွေနဲ့ ကျန်းမာရေး ဆေးဝန်ထမ်းတွေက ပြောပါတယ်။
အခုတော့ အမေရိကန် အနောက်ဖက်ခြမ်း California ပြည်နယ်တောင်ပိုင်းက ငါးပြတိုက်တခုဆီကို သွားကြရမှာပါ။ ရေနဂါးမျိုးနွယ် Seadragon တွေ ကမ္ဘာပေါ်မှာ အများဆုံးရှိတယ်လို့ဆိုတဲ့ ငါးပြတိုက်ဖြစ်ပါတယ်။ ငါးပြတိုက်ဆီကို မစုမြတ်မွန်က ကမ္ဘာတလွှား ခရီးသွားအစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ အရှေ့ခြမ်း ဝါရှင်တန်မြို့တော်ကနေ အနောက်ခြမ်း California ပြည်နယ်အထိ လွန်ကဲတဲ့ အပူဒဏ်ကို သီတင်းပတ်နဲ့ချီ ခံစားနေကြရပါတယ်၊ ပူပြင်းတဲ့ Texas ပြည်နယ်မှာ နေထိုင်တဲ့ မမော်လီဝင်းရဲ့ အတွေ့အကြုံကို မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
စပိန်နိုင်ငံ ဘာစီလိုနာမြို့က ကမ္ဘာလှည့်ခရီးသည်တွေ သွားလည်နေကြတဲ့ အဆောက်အဦးတွေအပါအဝင် အဆောက်အဦးဟောင်း တချို့မှာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေတဲ့ ဓါတ်လှေကားတွေရှိပါတယ်။ အဲဒီဓါတ်လှေကားဟောင်းတွေကို ဘယ်လို ထိမ်းသိမ်းနေကြသလဲဆိုတာ မစုမြတ်မွန်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
ကမ္ဘာ့ရေကြောင်းသွားလာရေးမှာ စွန့်ဦးသူတွေလို့ ပြောနိုင်တဲ့ ဥရောပတိုက်မြောက်ပိုင်းသား Viking တွေ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ လောက်က သစ်သား ရွက်သင်္ဘောတွေနဲ့ ရွက်လွှင့်သွားခဲ့ကြပါတယ်။ အဲဒီသစ်လှေကြီးတွေ ရွက်သင်္ဘောတွေအကြောင်း အနီးကပ်လေ့လာနိုင်အောင် မစုမြတ်မွန်က ဒိန်းမတ်နိုင်ငံကို ခေါ်သွားပါလိမ့်မယ်။
ကမ္ဘာတဝန်းက လူငယ်တွေကြား ရေပန်းစားတဲ့ PRIME အားဖြည့်အချိုရည်တမျိုးထဲမှာ ကလေးငယ်တွေအတွက် အန္တရာယ်ရှိလောက်တဲ့ ကဖင်းဓါတ်တွေပါဝင်နေတာ တွေ့ရှိခဲ့ပါတယ်။ St. Louis မြို့ Washington ဆေးတက္ကသိုလ်က ကင်ဆာမျိုးဗီဇသုတေသီ ဒေါက်တာဖြိုးနေလင်းကို မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်းအစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်တက္ကသိုလ်တွေမှာ Affirmative action မူဝါဒအရ လူမျိုးကိုကြည့်ပြီး ခွဲတမ်းနဲ့ ကျောင်းဝင်ခွင့်ပေးနေတာ ဥပဒေနဲ့မညီဘူးလို့ တရားရုံးချုပ်ကဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနွယ်ဖွားတွေလို လူနည်းစုတွေအပေါ် သက်ရောက်မှုအကြောင်း Berkeley တက္ကသိုလ်အရှေ့တောင်အာရှဌာနက ကထိက Kenneth Wong ကိုမစုမြတ်မွန်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း အင်တာနက်နဲ့ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုမှုတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ပင်လာခဲ့သလို၊ မြို့နယ် ၅၀ ထက်မနည်းမှာ အင်တာနက်နဲ့ ဖုန်းလိုင်း ဆက်သွယ်မှုတွေ ပိတ်ပင်ခံနေရတာ တနှစ်ကျော်လာနေပါပြီ။
ဥရောပတိုက်က အကျယ်ဝန်းဆုံး နန်းတော်တွေထဲမှာ အီတလီနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Caserta (ကာဆက်တာ) နန်းတော်လည်း တခုပါဝင်ပါတယ်။ အခန်းပေါင်း ၁၂၀၀ ရှိတဲ့နန်းတော်ကြီးနဲ့ ဧက ၃၀၀ နီးပါးကျယ်ဝန်းတဲ့ တော်ဝင်ဥယျာဉ်ကြီးဆီကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
အမေရိကန် လွတ်လပ်ရေးနေ့မှာ မြန်မာနွယ်ဖွားတွေ လွတ်လပ်ရေး အနှစ်သာရတွေကို ခံစားနေကြချိန်မှာ မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ ပိုပို ဝေးကွာနေပြီလို့ ပြောနေကြပါတယ်။ လွတ်လပ်တာကို ဆုံးရှုံးသွားတော့မှ ပိုတန်ဖိုးထားမိတယ်လို့လူငယ်ဆရာဝန်တယောက်က မစုမြတ်မွန်ကလူမှုရှုခင်း အစီအစဉ်မှာ ပြောတာကို တင်ဆက်ထားပါတယ်
၁၇ ရာစုခေတ် Netherlands ကပန်းချီအကျော်အမော်ကြီး Rembrandt ရဲ့ ပုံတွေကို ကိုယ်နဲ့မကွာ စုဆောင်းထားနိုင်ဖို့ Rembrandt House ပြတိုက်က နာမည်ကြီးတက်တူးပညာရှင်တွေနဲ့ ပန်းချီပုံတွေကို တက်တူးထိုးနိုင်အောင် လုပ်ခဲ့ပါတယ်။ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
ဒုက္ခသည်တွေမှာ လူတွေမမြင်နိုင်တဲ့ ကြေကွဲခံစားမှုတွေရှိနေတယ်လို့ ဒုက္ခသည်အဖြစ် အမေရိကန်မှာ အခြေချနေထိုင်နေတဲ့ တေးရေး တေးဆိုလင်းနစ်က ပြောပါတယ်။ ဒီဇင်ဘာည ဆိုတဲ့သီချင်းနဲ့ လူသိများတဲ့ အဆိုတော်လင်းနစ်ကို မစုမြတ်မွန်ကမေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
ဆေးမင် တက်တူးထိုးဖို့ လိုအပ်တဲ့ပစ္စည်းတွေ၊ နည်းတွေ တိုးတက်လာနေတဲ့ ဒီခေတ်မှာ တက်တူးပုံတွေကို အနုပညာလက်ရာတွေလို ပိုပြီးခံစားလာကြပြီလို့ တက်တူးအနုပညာရှင် ကိုအောင်ဆွေဦးက ပြောပါတယ်။ မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မိုးဦးကျကာလဖြစ်တဲ့ အခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်းက စစ်ဘေးရှောင်တွေကြား သွေးလွန်တုတ်ကွေးလက္ခဏာနဲ့ ဝမ်းပျက်ဝမ်းလျော့ဖြစ်သူတချို့ ရှိနေကြပါတယ်။ အထူးသဖြင့် ကလေးတွေကြားမှာတွေ့ ရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်