သမ္မတ Trump ဒုတိယအကြိမ်မြောက် နိုင်ငံတော်အခြေပြမိန့်ခွန်း အင်္ဂါနေ့ညက ပြောဆိုရာမှာ ပါတီကြီး ၂ ရပ် ပူးပေါင်းဆောင်ရွက်ရေးနဲ့ စည်လုံးညီညွတ်ကြရေး တိုက်တွန်းတာအပါအဝင် သူ့ရဲ့ အစီအစဉ်တွေကိုထည့်သွင်းပြောဆိုသွားပါတယ်။ VOA အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းပြောပြပေးမှာပါ။
အမေရိကန်အစိုးရက ဗင်နီဇွဲလားနိုင်ငံအပေါ် ရေနံတင်ပို့မှု ပိတ်ဆို့ပြီး အရေးယူလိုက်တာဟာ သမ္မတ Maduro ရာထူးနုတ်ထွက်အောင် ဖိအားပေးတဲ့ ကျယ်ပြန့်တဲ့မဟာဗျူဟာ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။ သမ္မတ Maduro အပေါ် မကျေနပ်တာတွေကလည်း တိုးလာနေပါတယ်။ Brian Padden သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းပြောပြမှာပါ။
ကမ္ဘာတဝန်းမှာအမေရိကန်ရင်ဆိုင်နေရတဲ့ လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ်တွေနဲ့ ပတ်သက်လို့ အမေရိကန်ထောက်လှမ်းရေးအကြီးအကဲတွေ သတိပေးလိုက်ပါတယ်။ ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ ကမ္ဘာတဝန်းခြိမ်းခြောက်နေတဲ့အန္တရာယ်တွေအပေါ်သုံးသပ်ချက်တွေနဲ့ပတ်သက်လို့Michael Bowman သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်း ပြောပြပေးမှာပါ။
Trump က Venezuela နိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင် Guaido ကို ကြားဖြတ်ယာယီသမ္မတအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ပါတယ်။ လက်ရှိသမ္မတ Maduro သမ္မတအဖြစ်အုပ်ချုပ်မှု တရားမဝင်ဘူးလို့ ကြေညာလိုက်သလို Guaido ကလည်း သူယာယီသမ္မတဖြစ်သွားပြီလို့ ကြေညာခဲ့တာပါ။ Zlatika Hoke သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းပြောပြပေးမှာပါ။
အမေရိကန်လွှတ်တော်အမတ်အသစ်တွေက အချိန်အကြာဆုံးပိတ်ထားရတဲ့ အစိုးရရုံးတွေပြန်ဖွင့်နိုင်ရေး မဲခွဲကြဖို့ အထက်လွှတ်တော်ကို တိုက်တွန်းနေကြပါတယ်။ တချိန်တည်းမှာဘဲ EUကနေ ဗြိတိန်နိုင်ငံနုတ်ထွက်ရေး ညှိနှိုင်းမှုကို လွှတ်တော်မှာအကြီးအကျယ်ကန့်ကွက်ခဲ့ပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြမှာပါ။
အမေရိကန်နဲ့ မက္ကစီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ရေး သမ္မတထရမ့်တောင်းဆိုမှုနဲ့ ပတ်သက်ပြီး သမ္မတနဲ့ အတိုက်အခံ ဒီမိုကရက်တွေအကြား အသုံးစရိတ်ရန်ပုံငွေ ခွဲဝေချထားရေး ပြေလည်မှု မရရှိကြသေးဘဲ အစိုးရဌာနတွေအတော်များများ ပိတ်ထားရတာ ၃ ပတ်နီးပါးရှိနေပါပြီ။ Jim Malone ရဲ့သတင်းဆောင်းပါးကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုနဲ့ မက္ကစီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို အင်္ဂါနေ့ညက ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်လိုက်ပါတယ်။
အမေရိကန်သမ္မတ Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ အာဂျင်တီးနားနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် G20 စက်မှုထိပ်သီးညီလာခံကို တက်ရောက်ကြတဲ့အခါ ကုန်သွယ်ရေးကိစ္စနဲ့ပတ်သက်ပြီး ညီလာခံပြင်ပမှာ သီးခြား တွေ့ဆုံ ဆွေးနွေးကြဖို့ရှိပါတယ်။ Patsy Widakuswara သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
အမေရိကန်လေတပ်မှာလေယာဉ်မှူးအဖြစ်တာဝန်ထမ်းနေတဲ့Cameroonနွယ်ဖွားLinda Arreyဟာသူ့အတွေ့အကြုံကိုအခြေခံပြီးကိုယ်ရေးကိုယ်တာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကြား သဟဇာတဖြစ်အောင်နေထိုင်နည်းကို တခြားအမျိုးသမီးတွေ အထောက်အကူရအောင် ဟောပြောပေးနေပါတယ်။ Arzouma Kompaore သတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
အမေရိကန်အခြေစိုက် ဆော်ဒီသတင်းစာဆရာ Khashoggi ရက်ရက်စက်စက် အသတ်ခံခဲ့ရပေမဲ့ အမေရိကန်အနေနဲ့ ဆော်ဒီအာရေဗျနိုင်ငံနဲ့ မဟာမိတ်အဖြစ် အခိုင်အမာဆက်ဆံရေးကို ဆက်လက်ထိန်းထားမှာဖြစ်တယ်လို့ သမ္မတ Trump က သတင်းထုတ်ပြန်လိုက်ပါတယ်။ VOA သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
အာရှထိပ်သီးညီလာခံတက်ရောက်ဖို့ စင်္ကာပူကိုရောက်နေတဲ့ အမေရိကန်ဒုသမ္မတ Mike Pence ဟာ အင်ဒို-ပစိဖိတ်ဒေသနဲ့ လွတ်လပ်စွာ တံခါးဖွင့် ဆက်ဆံတဲ့မူဝါဒကို ဆက်လက်ကျင့်သုံးဖို့ Trump အစိုးရက သန္နိဌာန်ချထားတဲ့အကြောင်း မီးမောင်းထိုးပြဖို့ရှိနေပါတယ်။ Patsy Widakuswara ပေးပို့တဲ့သတင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
မကြာခင်ကျင်းပမယ့် အမေရိကန်- အာဆီယံထိပ်သီးညီလာခံအကြိုအဖြစ်၊ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုတွေတိုးလာတာကို အရှေ့တောင်အာရှနိုင်ငံတွေက စိုးရိမ်တဲ့အကြောင်း အလေးအနက်ပြောဆိုနေကြပါတယ်။ VOA အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara ကသတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
မနေ့ကကျင်းပတဲ့ အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် အမတ်နေရာအများစု အနိုင်ရတဲ့အတွက် သမ္မတထရမ့်နဲ့ သူ့ရဲ့ Republican ပါတီ အထိနာပြီး၊ အမေရိကန်နိုင်ငံရေးရဲ့ အာဏာချိန်ခွင်လျှာ ပြောင်းလဲသွားပါပြီ။
အမေရိကတိုက်အလယ်ပိုင်း နိုင်ငံတချိုု့ကနေ ထွက်ပြေးလာကြတဲ့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းလူအုပ်ကြီး အမေရိကန်ထဲမဝင်နိုင်အောင် ဟန့်တားဖို့ အမေရိကန်နဲ့ မက္ကစီကိုနယ်စပ်မှာ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ကျော်ကိုစေလွှတ်ထားပြီးဖြစ်ပါတယ်။ Ramon Taylor သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးပါမယ်။
Washington Post သတင်းစာကြီးရဲ့ ပင်တိုင်ဆောင်းပါးရှင် Jamal Khashoggi ပျောက်ဆုံးနေပြီး အသတ်ခံရတယ်ဆိုတဲ့ သတင်းနဲ့ သတင်းသမားတွေအရေးနဲ့ ပတ်သက်ပြီး Greta Van Susteren က သတင်းထောက်တွေအကာအကွယ်ပေးရေးကော်မတီ CPJ ရဲ့ ညွှန်ကြားရေးမှူးနဲ့ အတူ သုံးသပ်ဆွေးနွေးထားပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
တရားသူကြီး Brett Kavanaugh ကိုအမေရိကန်ဗဟိုတရားရုံးချုပ်တရားသူကြီးအဖြစ် အတည်ပြုနိုင်ခဲ့တဲ့အတွက် သမ္မတထရမ့် အောင်ပွဲခံနေပါတယ်။ Kavanaugh ကိုအတည်ပြုရေး အထက်လွှတ်တော်မှာအခြေအတင်ဖြစ်ခဲ့ရတာကြောင့်နိုင်ငံရေးအရကျယ်ကျယ်ပြန့်ပြန့် သဘောထားကွဲနေပါတယ်။Michael Bowman ရဲ့ သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
လူ့အခွင့်အရေးချိုးဖေါက်မှုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်အရေးယူလိုက်ရင် အကျပ်အတည်းတွေပြေလည်သွားလိမ့်မယ်လို့ နိုင်ငံတွေက တလွဲယူဆနေကြနေသလိုဒီလို ဖိအားပေးနေခြင်းကြောင့် ပြည်တွင်းရေးတင်းမာသွားနိုင်တယ်လို့ဝန်ကြီး ဦးကျော်တင်ကသုံးသပ်လိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
မလေးရှားဝန်ကြီးချုပ်မဟာသီယာမိုဟာမက်အနေနဲ့ ပြည်တွင်း မူဆလင်အသိုင်းအဝိုင်းဖိအားကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ပြစ်တင်ဝေဖန်နေတာဟာ သီးခြားရပ်တည်ချက်ဖြစ်ပြီး အာဆီယံနိုင်ငံ တွေက ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ကပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၃၀၊ ၂၀၁၈ - ပထမအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ စတင်ဆောင်ရွက်နေပြီလို့လည်း ပြောဆိုပါတယ်။ New York ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင် ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေဟာ လူကုန်ကူးမှု၊ ခေါင်းပုံဖြတ်မှုနဲ့ အစွန်းရောက်ဝါဒရဲ့ အကြမ်းဖက် အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ VOA ဝါရင့်သတင်းထောက် Greta van Susteran က အမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုသွားပါတယ်။ Zlatica Hoke ကသတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်