နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကို ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးတက်ရောက်ကြဖို့ ပြင်ဆင်နေချိန် အမေရိကန်သမ္မတအနေနဲ့ အီရန်ခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ်အတွင်း တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း အမေရိကန်ထိပ်တန်းတာဝန်ရှိသူတွေကပြောပါတယ်။ Cindy Saine ကသတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
၂၁ ရာစုအာရှပိုးလမ်းမကြီး ဆောက်လုပ်ရေးကို တရုတ်နိုင်ငံက ဦးဆောင်ဦးရွက်ပြုနေပြီး ဒီလမ်းမကြီးအတွက် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းသစ်အဖြစ် မဲခေါင်မြစ်ကို အသုံးပြုနိုင်မယ့် အလားအလာကို စဉ်းစားနေပါတယ်။ သတင်းထောက် Steve Sanford သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပါမယ်။
သမ္မတဒေါ်နယ်ထရမ့်ရဲ့မဲဆွယ်စည်ရုံးရေးမှူးဟောင်း Paul Manafort ကငွေကြေးမသမာမှု ၂ မှုမှာ အပြစ်ရှိကြောင်းဝန်ခံလိုက်ပြီး၊ ပြီးခဲ့တဲ့သမ္မတရွေးကောက်ပွဲမှာ ရုရှားကစွက်ဖက်မှုရှိမရှိ စုံးစမ်းစစ်ဆေးရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူလိုက်ပါတယ်။ Michael Bowman က သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
Florence ဟာရီကိန်းမုန်တိုင်းအားပျော့သွားပေမဲ့ Atlantic သမုဒ္ဒရာပင်လယ်ကမ်းရိုတန်းတကြောမှာတော့ ရေလွှမ်းမိုးတဲ့အခြေအနေနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။ လူ ၁၇ ယောက်ထက်မနည်းသေဆုံးခဲ့ရပြီး အိမ်ခြေ ၈ သိန်းကျော် လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်ပါတယ်။ Zlatica Hoke ကသတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စုက UNRWA ကုလသမဂ္ဂကယ်ဆယ်ရေးနဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအတွက် အကူအညီပေးနေတဲ့ ရန်ပုံငွေကိုမပေးတော့ဘူးလို့ကြေညာလိုက်ပါတယ်။UNRWA ဟာဒုက္ခသည် ပြဿနာကိုမဖြေရှင်းဘဲလုပ်ငန်းတိုးချဲ့ရေးလုပ်နေတယ်လို့သမ္မတထရမ့်အစိုးရကစွပ်စွဲပါတယ်။ Zlatica Hoke ပေးပို့တဲ့သတင်းကို ဒေါ်ခင်စိုးဝင်းကတင်ပြမှာပါ။
နျူကလီးယားလက်နက်ဖြုတ်သိမ်းရေး အမေရိကန်နဲ့ ဆွေးနွေးမယ့်ကိစ္စဟာ မှေးမှိန်နေပြီး ပျက်ပြယ်နိုင်ဖွယ်ရှိတယ်လို့ မြောက်ကိုရီးယားက စာရေးပြီး သတိပေးလိုက်တဲ့အကြောင်း CNN နဲ့ Washington Post သတင်းဌာနတွေက ဖော်ပြကြပါတယ်။ VOA သံတမန်ရေး သတင်းထောက် Cindy Saine က သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
သမ္မတ Donald Trump ရဲ့ ရှေ့နေဟောင်းက သမ္မတဟာ ရွေးကောက်ပွဲစည်းရုံးရေး ရန်ပုံငွေတွေ အလွဲသုံးစားလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် သူ့ကိုဆန့်ကျင်သူတချို့က သမ္မတကိုတရားစွဲဆိုနိုင်ရေး တိုက်တွန်းနေကြပါတယ်။ VOA သတင်းထောက် Marcus Harton က သတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဒီသီတင်းပတ်ဆို တနှစ်ပြည့်ပါတော့မယ်။ ARSA အကြမ်းဖက်သမားတွေက လုံခြုံရေးကင်းစခန်းတွေကို တိုက်ခိုက်ခဲ့လို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့်ရှ်နိုင်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ တနှစ်ပြည့်ပါတော့မယ်။ ရိုဟင်ဂျာ ဒုက္ခသည်အရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ သတင်းထောက် Steve Sandford က ဘင်္ဂလားဒေ့်ရှ့်နိုင်ငံ Cox’s Bazaar ကနေ သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးကင်းစခန်းတွေကိုတိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ရိုဟင်ဂျာဒုက္ခသည်အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံဘက်ထွက်ပြေးခဲ့ကြရတာတနှစ်နီးပါးရှိခဲ့ပါပြီ။ ကုလသမဂ္ဂဆိုင်ရာ VOA သတင်းထောက် မာဂရက်ဘာရှာက လက်ရှိ ဒုက္ခသည်အရေး အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
တာင်ကိုရီးယားက သက်ကြီးရွယ်အိုတွေဟာ မြောက်ကိုရီးယားက ဆွေမျိုးတွေနဲ့ ဒီနေ့ ပြန်လည်တွေ့ဆုံဖို့ နယ်စပ်ကိုရောက်လာကြပါတယ်။ ကိုရီးယားစစ်ပွဲအပြီးကွဲကွာခဲ့ချိန်ကစလို့ ဒီတခါ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံနိုင်ကြမှာဖြစ်ပါတယ်။ Zlatica Hoke ပေးပို့တဲ့သတင်းကို ဒေါ်ခင်းစိုးဝင်းက တင်ပြပါမယ်။
ဒီဂျစ်တယ်နည်းပညာခေတ်မှာ Cyber-warfare လို့ခေါ်တဲ့ အင်တာနက်ကနေ ထိုးဖေါက်တိုက်ခိုက်တာတွေဖြစ်နိုင်ပြီး အင်တာနက်ကို လက်နက်သဖွယ် အသုံးချနိုင်တဲ့ အလားအလာတွေပါ တွေ့နေရပါတယ်။ ဝါရင့် သတင်းထောက် Greta Van Susteren က ဒီသတင်းပတ်ရဲ့ Plugged in အစီအစဉ်မှာ တင်ပြထားတာကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
မကြာသေးခင်ကပဲ နေပြည်တော်မှာ ကျင်းပပြီးစီးသွားတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံအတွင်း ဆွေးနွေးခဲ့တာတွေနဲ့ ရှေ့အလားအလာတွေကို ညီလာခံမှာ ကိုယ်တိုင်ပါဝင် တက်ရောက်ခဲ့ကြသူ ကိုယ်စားလှယ်တချို့ကို ဖိတ်ခေါ်ပြီး ဗွီအိုအေ မြန်မာပိုင်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်းနဲ့ သုံးသပ်ဆွေးနွေး ထားတာကိုလည်း တင်ပြပေးချင်ပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုအနေနဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့တာ အခုဆိုရင် ၃ ကြိမ်ရှိခဲ့ပါပြီ။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍအရေးပါတဲ့အတွက် သတင်းအချက်အလက်ရယူခွင့် တိုးတက်အောင် ကျိုးပမ်းနေပေမဲ့ လောလောဆယ် လုံလောက်မှုမရှိသေးကြောင်း၊ အစိုးရဌာနအသီးသီးအနေနဲ့ ပြည်သူ့ဘဏ္ဍာအလေအလွင့်မရှိအောင် ထိန်းကျောင်းကြဖို့နဲ့ အများပြည်သူအကြား ပွင့်လင်းမြင်သာမှုရှိအောင်ဆောင်ရွက်ကြဖို့ တတ်နိုင်သလောက် တိုက်တွန်းအားပေးနေပါတယ်လို့အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ တောင်ကိုရီးယားအနေနဲ့ နည်းပညာပိုင်းအရ အကူအညီပေးရေးစတာတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ ဒုတိယပိုင်းကို ရှုစားပါရှင်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြင်ဆင်ပြဌာန်းပြီးဖြစ်လို့ အဂတိလိုက်စားမှုတွေကို တိုင်ကြားမယ့်သူမရှိခဲ့လျင်လည်း ကျော်စောမှုအရ စုံစမ်းစစ်ဆေးနိုင်ပြီး အထောက်အထားခိုင်လုံပါက ကော်မရှင်အနေနဲ့ တရားစွဲဆိုပိုင်ခွင့်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ကပြောပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြင်ဆင်ပြဌာန်းပြီးဖြစ်လို့ အဂတိလိုက်စားမှုတွေကို တိုင်ကြားမယ့်သူမရှိခဲ့လျင်လည်း ကျော်စောမှုအရ စုံစမ်းစစ်ဆေးနိုင်ပြီး အထောက်အထားခိုင်လုံပါက ကော်မရှင်အနေနဲ့ တရားစွဲဆိုပိုင်ခွင့်ရှိကြောင်းအပါအဝင်၊ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ကော်မရှင်အနေနဲ့ ကိုင်တွယ်ရမယ့် အကြီးစားလာဘ်စားမှုတွေနဲ့ အများပြည်သူနဲ့ ထိတွေ့ဆက်ဆံရတဲ့ဌာနတွေမှာ ပြည်သူ့ဝန်ထမ်းဥပဒေအရ ဌာနတွင်းအရေးယူနိုင်တဲ့ အသေးစားလာဘ်စားမှုစတာတွေနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ မဖြစ်မနေအကောင်အထည်ဖေါ်ရမယ့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ လာဘ်လာဘပေးတဲ့သူရော၊ ယူတဲ့လူပါ အရေးယူမယ့် ဥပဒေပြဌာန်းပြီးဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ အရေးယူတာတွေမဖြစ်ရအောင် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနဲ့ ကျင့်ဝတ်သိက္ခာနဲ့ အညီလိုက်နာဆောင်ရွက်ကြဖို့လိုပါတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌက အကြံပြုလိုက်ပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်တဲ့ လေးကြိမ်မြောက်နှစ်ပတ်လည် အာရှ အီလက်ထရောနစ်ကုန်ပစ္စည်း အရောင်းပြပွဲ CES မှာ ပြသထားတဲ့ ပစ္စည်းမျိုးစုံနဲ့၊ လာရောက်ကြသူ အများအပြားကို ကြည့်ရင် တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို
နောက်ထပ်ကြည့်ရှုရန်