နျူကလီးယားလက်နက်အစီအစဉ်တွေကို ရန်ပုံငွေပံ့ပိုးနေတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားစီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံကနေထွက်ခွာသွားအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ရှိပါကြောင်း အမေရိကန်သမ္မတ Donald Trump က မကြားသေးခင်က စာတစောင်ရေးသားပေးပို့ခဲ့တယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ အာရှရေးရာအကြီးတန်း ညွှန်ကြားရေးမှူး Matt Pottinger ကပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ အစိုးရ ပူးပေါင်းပြီး ဖြေရှင်းဖို့ကြိုးပမ်းတဲ့အနေနဲ့ UEHRD ကို ဖွဲ့စည်းအကောင်အထည်ဖော်နေကြောင်း NLD ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောပါတယ်။ ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားတဲ့ အပိုင်း ၁ ကို ရှုစားပါရှင်။
အငြင်းပွားစရာ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ၈ လေးလုံးပါတီ၊ USDP ပြည်ခိုင်ဖြိုးပါတီတို့ရဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့်အခြေအနေတွေအပေါ် ရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားအမြင်နဲ့ ပတ်သက်လို့ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
လွှတ်တော်မှာ လစ်လပ်နေတဲ့ ကိုယ်စားလှယ်နေရာတွေအတွက် နိုဝင်ဘာလ ၃ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။ VOA အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို သီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ ပထမပိုင်းကို ရှုစားပါရှင်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေဘင်္ဂလားဒေ့ရှၤနိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ မြန်မာအစိုးရရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်မှာ UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးတို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နှစ်ဖက် နားလည်မှုစာချွန်လွှာ ကနဦး သဘောတူညီချက်ရရှိသွားပြီဖြစ်ပါတယ်။
မိုင်းရှင်းလင်းရေး နည်းပညာ တိုးတက်အောင် ကြိုးစားနေတဲ့ ဓါတ်ခွဲခန်းလေးမှာ နိုင်ငံတွင်း မြေမြှုပ်မိုင်း ရှင်းလင်းသူတွေ လုပ်ငန်းအောင်မြင်စေဖို့ ကမ္ဘောဒီးယား ပညာရှင်တွေ ဦးဆောင်တဲ့ နိုင်ငံတကာအဖွဲ့က VR နည်းပညာ သုံးစက်တွေနဲ့ လက်တွေ့ သင်ပေးနေ ပါတယ်။ David Boyle ရဲ့ သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ် ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတဲ့ ဒုက္ခသည်တွေကို နှစ်နိုင်ငံအကြား ၁၉၉၃ ခုနှစ်ကသဘောတူခဲ့တဲ့ နိုင်ငံသား စိစစ်အတည်ပြုရေး လုပ်ငန်းစဉ်အတိုင်း လက်ခံသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ မိန့်ခွန်းပါ ကောက်နုတ်ချက်တချို့ကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ H1N1 ရာသီတုပ်ကွေးအခြေအနေနဲ့ ပတ်သက်ပြီး WHO ရန်ကုန်ရုံးခွဲကို ဇူလိုင်လ၂၄ရက်နေ့က တရားဝင် အကြောင်းကြားခဲ့ပြီးနောက် အခြေအနေကိုနေ့စဉ် အဆက်မပြတ်အကဲခတ်စောင့်ကြည့်နေပြီး အများပြည်သူအနေနဲ့ အစိုးရိမ်မလွန်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost က တိုက်တွန်းလိုက်ပါတယ်။
New York Times သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတ Donald Trump ကသူ့အပေါ် ပြင်းထန်စွာဝေဖန်ခဲ့ပေမယ့် အမေရိကန်ရှေ့နေချုပ် Jeff Sessions က သူ့အနေနဲ့ တာဝန်ဝတ္တရားတွေကိုဆက်ပြီး ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ကြာသာပတေးနေ့မှာပြောကြောင်း VOA သတင်းထောက် Bill Gallo ရဲ့ သတင်းလွှာကို ဒေါ်ခင်စိုးဝင်း တင်ပြထားပါတယ်။
တရုတ်နိုင်ငံရေး အတိုက်အခံလည်းဖြစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ကြာသာပတေးနေ့က ကွယ်လွန်သွားခဲ့တဲ့အတွက် တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာမူဝါဒတွေအပေါ် ဝေဖန်သံတွေ ထပ်ပြီးထွက်ပေါ်လာပါတယ်။ Liu Xiaobo နိုင်ငံရေးဖြတ်သန်းမှုတွေနဲ့ သူ့အကြောင်းတချို့ကို ဒေါ်ခင်စိုးဝင်း စုစည်းတင်ပြထားပါတယ်။
အသက် ၆၂ နှစ်အရွယ်၊တရုတ်နိုင်ငံရေးအတိုက်အခံလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ ကွယ်လွန်သွားပါပြီ။
သမ္မတ Donald Trump က သူနဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ခုခံပြောဆိုသွားပါတယ်။ သူ့ရဲ့ သား Donald Jr. ရုရှားရှေ့နေနဲ့တွေ့ဆုံခဲ့တာနဲ့ ဆက်စပ်တဲ့ email တွေထုတ်ပြန်လိုက်တဲ့ အပေါ်မှာလည်း သူက ကာကွယ်ပြောဆိုပါတယ်။ VOA သတင်းထောက် Jim Malone ကသတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
မြောက်ကိုးရီးယားကတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တခု ကိုအောင်မြင်စွာပစ်လွှတ်နိုင်ခဲ့တာကြောင့်ကမ္ဘာတဝန်း စိုးရိမ်မှုတွေနဲ့ ပြစ်တင်ရှုတ်ချနေကြပါတယ်။ဒီစမ်းသပ်မှုဟာ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုမှာအရေးပါတဲ့ သမိုင်းမှတ်တိုင်လည်းဖြစ်ပါတယ်။ Arash Arabasadi ရဲ့သတင်းကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
အစိုးရ အသုံးစရိတ်နဲ့ ဝန်ကြီး Tillrson ရှင်းလင်းချက်
ရှေ့နေချုပ် Jeff Sessions ကြားနာပွဲ
ပဲရစ်သဘောတူညီချက်နဲ့ အမေရိကန်ပြည်နယ်တွေရဲ့ ရပ်တည်ချက်
၂၀၁၆ ခုနှစ်အတွင်း နိုင်ငံအတော်များများမှာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုတွေ စံချိန်တင်အောင်တိုးလာခဲ့တယ်လို့ အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ Global Peace Index ကမ္ဘာတဝန်းငြိမ်းချမ်းရေး မှတ်တမ်းတင်တဲ့အညွှန်းကိန်းမှာ ဖေါ်ပြလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ လွန်ခဲ့တဲ့ ၇ နှစ်အတွင်း ပထမဆုံးအကြိမ်းအဖြစ် ငြိမ်းချမ်းမှုလျော့ကျတဲ့ အဖြစ်ကို တွေ့ကြုံနေရတယ်လို့ဆိုပါတယ်။
ငြိမ်းချမ်းရေးမှတ်တမ်းအညွန်းကိန်း
မြောက်ကိုရီးယားနဲ့ အမေရိကန် ဒုံးခွင်းဒုံး
မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီး တာဝေးပစ်ပဲ့ထိန်းတပ် ဒုံးလက်နက်တွေနဲ့ ရေငုပ်သင်္ဘောကနေပစ်နိုင်တဲ့ ဒုံးလက်နက်တွေ ဖြစ်ပုံရတဲ့ စစ်သုံးလက်နက်ကြီးတွေကို အများပြည်သူမြင်ကွင်းမှာ ထုတ်ပြခဲ့တာကြောင့် အမေရိကန်က အာရုံစိုက်စောင့်ကြည်နေရပါတယ်။ Michael Bowman သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်