“ပထမဆုံး ဓာတ်သတ္တုဆိုတဲ့ ရွှေတူးဖော်ရေးလုပ်ငန်း လိုင်စင်တွေကို ချပေးထားတဲ့ငွေ။ အဲဒီငွေတွေနဲ့ပတ်သက်တဲ့ ကြွင်းကျန်တွေကို ကောက်ရမှာ။သူ့တာဝန်နဲ့သူ လွှဲထားတာလေ။ အဲဒီမှာ ရွှေဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်းလိုင်စင်တွေ ပေးတယ်ဆိုတာ ...ချထားပေးတာရဲ့ လုပ်ဆောင်တဲ့ ဆပ်ကော်မတီတွေမှာပဲ တာဝန်ရှိတယ်လေ။ (တရားရုံးနဲ့နီးစပ်သူ)
ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စွဲဆိုချက်နဲ့ပတ်သက်တဲ့ အဓိကအကြောင်းက လူမျိုးသုဉ်း လုပ်ရပ်များဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်မှာ သဘောတူခဲ့သလို မြန်မာက မထိန်းသိမ်းဘဲ ချိုးဖောက်တာဖြစ်တယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က ပြောသွားပါတယ်။
အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို လာမယ့်မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ဝါရှင်တန်ဒီစီမှာ ပြုလုပ်မယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီက ရွှေနဲ့ ဒေါ်လာငွေတွေ ရယူခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှုဟာ အမှုမြောက်တယ်လို့ တရားရုံးက ဒီကနေ့ ဆုံးဖြတ်ပါတယ်။
မြန်မာစစ်တပ်အသုံးပြုနေတဲ့ လေယာဉ်ဆီကို ပိတ်ဆို့အရေးယူဖို့ ဗြိတိန် ပါလီမန်အမတ်တွေက တောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံရေးပါတီ ၉ ပါတီ နဲ့ ပုဂ္ဂလိက အမတ် စုစုပေါင်း ၅၅ ယောက်က အစိုးရကို ခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့မိတ်ဖက်အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ပါဆက်ဆံရေးတိုးတက်နေတဲ့အတွက် ယူကရိန်းအကြပ်အတည်းမှာ သံတမန်ရေးအရ အခက်ခဲဆုံးအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာ တုံ့ပြန်တဲ့အနေနဲ့ ရုရှားအပေါ် သံတမန်ရေးနဲ့ စီးပွါးရေးပိတ်ဆို့အရေးယူတာတွေ တိုးများလာနေသလို ကုလသမဂ္ဂ အထွေထွေညီလာခံကိုလည်း တနင်္လာနေ့မှာ ကျင်းပဖို့ ခေါ်ယူထားပါတယ်။
ရုရှားသမ္မတ Vladimir Putin က နျူကလီးယား တားဆီးရေးဆိုင်ရာ ရုရှားတပ်တွေကို အဆင့်မြင့် သတိပေးချက် တပ်လှန့်တဲ့အမိန့် ထုတ်ပြန်ထားလိုက်ချိန်မှာပဲ ယူကရိန်းက ရုရှားနဲ့ ဆွေးနွေးမှုတွေကို ဘယ်လာရုစ်နယ်စပ်မှာ ကျင်းပဖို့ သဘောတူလိုက်ပါတယ်။
ယူကရိန်းကို ရုရှားကဝင်တိုက်တဲ့ဒုတိယမြောက်နေ့ ဒီနေ့မှာ Kyiv မြို့ပြင်မှာ တိုက်ပွဲတွေဖြစ်နေပြီး သံတမန်ရေးလည်လမ်းဖွင့်ထားချိန်မှာ အနောက်နိုင်ငံတပ်တွေကလည်း ကာကွယ်ရေးတိုးမြှင့်လိုက်ပါတယ်။
ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုစွဲဆိုချက်နဲ့ ပတ်သက်လို့ ကြားနာပွဲကျင်းပနေတာမှာ- Gambia နိုင်ငံ ကနစ်နာသူမဟုတ်သလို ICJ က လည်း စီရင်ပိုင်ခွင့်မရှိကြောင်း မြန်မာနိုင်ငံဘက်က ဒီနေ့ ဒုတိယအကျော့အပြီးသတ် လျှောက်လဲချက်တင်သွင်းနေပါပြီ။
ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော် တိုက်ခိုက်နေတဲ့ အပေါ်မှာစိုးရိမ်ကြောင်းနဲ့ အခုလို စစ်ရာဇဝတ်မှုမြောက်နိုင်တာကြောင့် နိုင်ငံတကာ ပြစ်မှုဆိုင်တရာတရားရုံး ICC အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ကောင်း လုပ်လာနိုင်တယ်လို့ ICC တရားရုံး ရှေ့နေ့ချုပ်က ဆိုပါတယ်။
ရုရှားက ယူကရိန်းကို မနေ့က စဝင်တိုက်တာကို ရုရှားပြည်သူ ရာဂဏန်းတွေချီကလည်း မြို့တော် မော်စကိုအပါဝင် မြို့ကြီးတွေမှာ ချင်ချင်းဆန့်ကျင်ဆန္ဒပြခဲ့တာမှာ အစိုးရဘက်ကလည်း အရင်လိုပဲ ရဲတွေလွှတ် အမြန်ဖမ်းဆီးလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျာနီဗာမြို့မှာ ဖေဖော်ဝါရီလ ၂၈ရက်နေ့ကနေ ဧပြီလ ၁ရက်နေ့အထိ ကျင်းပမယ့် သီတင်းငါးပတ်တာကြာမြင့်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာ အာဖဂန်နစ္စတန် ဘီလာရုစ် အီသီယိုပီးယားနဲ့ ဗင်နီးဇွဲလားနိုင်ငံတို့ရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အထူးအရေးထားဆွေးနွေးကြဖို့ရှိပါတယ်။
“နံပါတ် ၁ က ရုရှားအနေနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေဖို့ လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့... နံပါတ် ၂ ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းညှိထားတဲ့ ချိန်ခွင်လျှာညီမျှရေးမှာ အင်အားကြီးနိုင်ငံတခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ကမ္ဘာကိုပြသခြင်းလို့ မြင်ပါတယ်။” -ဗိုလ်ချုပ်ဇော်မင်းထွန်း
မြန်မာစစ်ကောင်စီကို လေယာဉ်ဆီရောင်းတာ ပိတ်ပင်ဖို့နဲ့ နိုင်ငံပိုင်စွမ်းအင်ဌာနကို အမြန်ဆုံးပိတ်ဆို့ဒဏ်ခတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
မလေးရှားနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေ ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံမှာ တွေ့ဆုံချိန်အတွင်း မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားက ယူကရိန်းကို ဝင်တိုက်ပြီးတဲ့နောက် ကမ္ဘာ့အစုရှယ်ရာဈေးတွေ ထိုးကျပြီး လောင်စာဆီဈေးနဲ့ ရွှေဈေးတွေ စံချိန်တင် ထိုးတက်သွားပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းကို စဝင်တိုက်ပြီး နိုင်ငံတဝန်း ပေါက်ကွဲသံတွေညံနေပါပြီ။ ရုရှားသမ္မတက အထူးစစ်ဆင်ရေးကြေညာပြီး တခြားနိုင်ငံတွေ ဝင်မစွက်ဖို့ ဒီနေ့မနက်စောစောပြောအပြီး ချက်ချင်းကိုဖြစ်လာတာပါ။
ဂျပန်နဲ့ သြစတြေးလျတို့က အမေရိကန်နဲ့ တခြားနိုင်ငံတွေလိုပဲ ရုရှားအပေါ် ပိတ်ဆို့အရေးယူလိုက်သလို ရုရှားက ယူကရိန်းကို လုံးဝ အပြည့်အစုံ ကျူးကျော်တိုက်ခိုက်တော့မယ်ဆိုတာကို လုပ်ရပ်တွေတိုင်းက ပြနေတယ်လို့ နေတိုး အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။
ရှမ်းပြည်က အိုးအိမ်စွန့်ခွါ ထွက်ပြေးကြသူတွေကို အကူအညီပေးဖို့ ရှမ်းပြည်နယ်ကိုသွားတဲ့ မြန်မာ ကက်သလစ် ဘုန်းတော်ကြီး ၂ ပါး အဖမ်းခံရတယ်လို့ အာရှ ကက်သလစ် သတင်းဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်