ယူကရိန်းအကျပ်အတည်းအပေါ် စိုးရိမ် ကြောက်လန့်အောင် အမေရိကန်ကဖန်တီးနေကြောင်းနဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူတာကို တရုတ်ကဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
အနောက်နိုင်ငံတွေနဲ့ အာရှ ပစိဖိတ်ဒေသတိုင်းပြည်တွေက ရုရှားတပ်တွေ ယူကရိန်းရဲ့ ခွဲထွက်ပြည်နယ် ၂ နယ်ထဲ ဝင်ရောက်သွားတာကို ရှုတ်ချနေချိန်မှာ ပါဝင်နေတဲ့ နိုင်ငံအားလုံးကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားက ဘာပဲလုပ်လုပ် အနောက်နိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့အရေးယူလိမ့်မယ်လို့ ယုံကြည်ကြောင်း ရုရှားသမ္မတပူတင်က တနင်္လာနေ့က ပြောလိုက်ပါတယ်။
"အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ သက်သေအထောက်အထား ရှိပေမယ့် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှးနိုင်ငံတို့က ဂျက်တိုက်လေယာဉ်တွေ၊ သံချပ်ကာကားတွေ တော်တော်များများ စစ်ကောင်စီကို ကူပေးနေတယ်" လို့မန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်
ယူကရိန်းကခွဲထွက်သွားတဲ့ ပြည်နယ် နှစ်နယ်ကို သီးခြားနိုင်ငံအဖြစ်အသိအမှတ်ပြုကြောင်း ရုရှားသမ္မတပူတင်က လက်မှတ်ထိုးပြီးတဲ့နောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့ညမှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့်နိုင်ငံတကာခရီးသွားတွေအပေါ် ၂ နှစ်နီးပါးပြည်ဝင်ခွင့်ကန့်သတ်ထားတာကို ဖယ်ရှားလိုက်ပြီလို့ သြစတေးလျနိုင်ငံ၊ New South Wales ပြည်နယ်ဝန်ကြီးချုပ် Dominic Perrotte ကဒီကနေ့ကြေညာပါတယ်။
“ရှုပ်ထွေးနေတဲ့အနေအထားက ဘာလဲဆိုတော့ အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့်မို့ နိုင်ငံတော်ကို ကိုယ်စားပြုခွင့်မရှိတဲ့လူတွေက နိုင်ငံတော်ကို ကိုယ်စားပြုရမယ့်နေရာမှာ လာပြီးတော့ ကိုယ်စားပြုနေတဲ့အတွက် ဖြစ်နေတဲ့ပြဿနာလို့ ဒီလိုပဲ ကျမတို့က ရှင်းရှင်းလင်းလင်း မြင်ပါတယ်။” (ဒေါ်ဇင်မာအောင်၊ NUG နိုင်ငံခြားရေးဝန်ကြီး)
အသက် ၉၄ နှစ်အရွယ် လေဖြတ်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး မနေ့က အဖျားရှိခဲ့ပေမယ့် ကိုဗစ်ပိုးစစ်ရလဒ်က ဒီနေ့မှ ထွက်လာတာပါ။ အခု ဂျပန်ဆေးရုံလို့ လူသိများတဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးကို ရောက်နေတယ်လို့ ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်တင်မိုးဝေက ဆိုပါတယ်။
မလေးရှား Petronas နဲ့ ဂျပန် Mitsubishi ကုမ္ပဏီတွေက မြန်မာနိုင်ငံတွင်း ရဲတံခွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေမှာပါဝင်နေတဲ့ သူတို့ရဲ့အစုရှယ်ယာတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ဒီကုမ္ပဏီတွေက ပြောဆိုလိုက်ပါတယ်။
“သမ္မတကြီးဦးသိန်းစိန်လက်ထက်က စုံစမ်းစစ်ဆေးရေးလုပ်ထားတာရှိတယ်။ အစိုးရပိုင်းအနေနဲ့ ၊ တပ်မတော်အနေနဲ့ စုံစမ်း စစ်ဆေးထားတာရှိတယ်။ ဒေသခံပြည်သူလူထုနဲ့ ကျယ် ကျယ်ပြန့်ပြန့် တွေ့ဆုံမေးမြန်းထားတာရှိတယ်။ ဒါတွေနဲ့တကွ စွပ်စွဲချက်တွေမမှန်ကန်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်တင်ပြသွားပါမယ်ခင်ဗျ။” -ဗိုလ်ချုပ်ဇော်မင်းထွန်း
စစ်အာဏာသိမ်းပြီး တနှစ်အတွင်း အပြစ်မဲ့ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန်ခဲ့တာတွေဟာ ရေတွက်မရနိုင်အောင် ကြီးမားကျယ်ပြန့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အကြီးတန်း ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kim Moy ဒီကနေ့ အောက်လွှတ်တော်မှာ ထွက်ဆိုမယ့် မူကြမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို ရှေ့လအတွင်း သွားခွင့်ရဖို့နဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ပါ တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီရဲ့သဘောတူညီချက်ရဖို့ စောင့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ဒီနေ့ ဖနွမ်းပင်မြို့မှာ ပြောကြားလိုက်ပါတယ်။
အာဆီယံနိုင်ငံတွေအကြား ကွဲလွဲချက်နဲ့ သဘောထား မတူညီတာတွေရှိပေမယ့်အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံ ပါဝင်ခြင်းမရှိတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ဖုံကြားရှင် ခေါ် ဖုံကြားစင်းဟာ အသက် ၉၄ နှစ်အရွယ်နဲ့ ကွယ်လွန်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကမ္ဘောဒီးယား၊ ဖနွမ်းပင်မြို့က ဒီနေ့ အာဆီယံအဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးကို မြန်မာစစ်ကောင်စီ အကြီးတန်းအရာရှိတဦး အွန်လိုင်းကတဆင့် တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရက VOA ခမာဌာနကို ပြောပါတယ်။
နိုင်ငံတကာ ဥပဒေပညာရှင် ပြင်သစ်နိုင်ငံသား ပါမောက္ခ Jean-Marc Thouvenin ၊ နိုင်ငံတကာရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပညာရှင် Steven Powles တို့ပါဝင်တဲ့ ဥပဒေအဖွဲ့သစ်ကို ဖွဲ့စည်းတဲ့အကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ကြေညာထားပါတယ်။
အမေရိကန် လေကြောင်းဆိုင်ရာ ကုမ္ပဏီ Lockheed Martin ထုတ် LMT.N F-35 ဂျက်တိုက်လေယာဉ်တွေကို ထိုင်းနိုင်ငံရဲ့ စိတ်ဝင်စားမှုဟာ အမှန်တကယ်ဖြစ်ပေမဲ့ ဒီလေယာဉ်တွေကို ဝယ်ယူဖို့ဆိုတာက အမေရိကန်အစိုးရတွက် အရေးပါမှုတခုဖြစ်တယ်လို့ ကာကွယ်ရေးကုမ္ပဏီရဲ့ အကြီးတန်းအမှုဆောင်တဦးက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
ယူကရိန်းနယ်စပ်မှာရှိတဲ့ တပ်တချို့ကို ပြန်ရုပ်သိမ်းမယ်လို့ ရုရှားဘက်ကပြောပေမယ့် အခုအထိတော့ တင်းမာမှု လျော့သွားတဲ့ အခြေအနေ မတွေ့ရသေးကြောင်းနဲ့ ရုရှားဘက်က တပ်တွေတိုးပြီး ချထားနေဆဲပဲလို့ နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ ဒီကနေ့ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်