ဒီသီတင်းပတ်အစောပိုင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi နဲ့ Hun Manet တို့ တွေ့ဆုံချိန်တုန်းက မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်လုပ်ဆောင်တာမှာ ပူးပေါင်းဆောင် ရွက်သွားကြဖို့ သဘောတူခဲ့ကြတယ်လို့ ဂျပန်တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
နော်ဝေးအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကလုပ်ငန်းကို ရောင်းချတဲ့အခါ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ထားပါတယ်ဆိုတဲ့ အာမခံချက်မျိုးပေးဖို့ တယ်လီနောမှာရင်းနှီးမြှုပ်နှံထားတဲ့ အစုရှယ်ယာ ရှင် အများအပြားက တောင်းဆိုနေကြတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။
မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်ကြောင်း ဖော်ပြထားတဲ့ Fortify Rights ရဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ပြန်ပေးဆွဲ၊ လူသားဒိုင်းတွေအဖြစ်အသုံးပြုနေပြီး အိမ်တွေ၊ ဘုရားကျောင်းတွေကို တိုက်ခိုက်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်လို့ ဖော်ပြထားပါတယ်။
ယူကရိန်းနယ်စပ်နားမှာချထားတဲ့ တပ်တချို့ဟာ စစ်ရေးလေ့ကျင့်မှုပြီးသွားတဲ့နောက် သူတို့ရဲ့ တပ်စခန်းတွေ ကို ပြန်ကြလိမ့်မယ်လို့ ရုရှားက ဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။
ဂျပန် ဘီယာကုမ္ပဏီ Kirin က စစ်တပ်ရဲ့ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ ဖက်စပ်လုပ်ငန်းကရော မြန်မာနိုင်ငံကပါ ထွက်သွားတာဟာ အစားထိုးရလွယ်တဲ့လုပ်ငန်းဖြစ်ပါတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
အဖွဲ့အစည်းတွေနဲ့ လူတဦးချင်းက စစ်တပ်ကထုတ်လုပ်တဲ့ပစ္စည်းတွေကို သပိတ်မှောက်နိုင်ဖို့ရည်ရွယ်ပြီး အဲဒီပစ္စည်းတွေထုတ်လုပ်နေတဲ့ စစ်တပ်ပိုင်လုပ်ငန်းစာရင်း Burma Campaign UK က ဒီ ကနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မှာ ထပ်တိုး ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း နိုင် ငံခြားရေးဝန်ကြီးအစည်အးဝေးကို မြန်မာနိုင်ငံအနေနဲ့ တက်ရောက်ဖို့မရှိဘူးလို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ယူကရိန်းကနေ အမေရိကန်နိုင်ငံသားတွေကို ၄၈ နာရီအတွင်းထွက်ကြဖို့ အိမ်ဖြူတော်က တိုက်တွန်းလိုက်ပြီးတဲ့နောက် အာရှမှာ စတော့ဈေးတွေကျဆင်းပြီး လောင်စာဆီဈေးနှုန်းတွေ တက်သွားခဲ့ပါတယ်။
NLD ပါတီရွေးကောက်ပွဲအနိုင်ရအောင် မလျော်သြဇာသုံးခဲ့တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဟောင်း ဦးမင်းသူတို့အပေါ် စွဲဆိုထားတဲ့အမှုအတွက် တရားလိုကို နေပြည်တော်မှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။
သမ္မတ Zelenskiy က ယူကရိန်းမှာရောက်နေတဲ့ ဂျာမနီဝန်ကြီးချုပ် Scholz ကို ဒီကနေ့ တနင်္လာနေ့မှာ လက်ခံတွေ့ဆုံပြီး ရုရှား-ယူကရိန်း နယ်စပ်အကျပ်အတည်းကို ဆွေးနွေးကြပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး အင်တာနက်လိုင်းအားလုံး အစိုးရထိန်းချုပ်မှုအောက်က ဖြတ်ကျော်လုပ်ကိုင်ဖို့ ကမ္ဘောဒီးယားအစိုးရရဲ့အမိန့်ဟာ အတိုက်အခံတွေရဲ့အသံတွေ ထပ်ပြီး တိတ်သွားအောင်လုပ်တာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။
စစ်တပ်ရဲ့ဦးပိုင်ကုမ္ပဏီနဲ့ အငြင်းပွါးနေတာတွေ ဖြေရှင်းနိုင်မယ့် မျှော်လင့်ချက်မရှိတော့တဲ့အတွက်ဆိုပြီး စစ်တပ်ရဲ့ မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက်နဲ့ မြန်မာဘီယာထုတ်လုပ်ရေးကို ဖက်စပ်လုပ်ကိုင်ခဲ့တဲ့ Kirin ကုမ္ပဏီဟာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကထွက်ခွါတဲ့ ပထမဆုံးဂျပန် ကုမ္ပဏီ ဖြစ်လာပါတယ်။
ဘေဂျင်းအိုလံပစ်ပွဲ အမျိုးသမီး မီတာ ၅၀၀၊ speedskating oval အရှိန်မြင့်စကိတ်စီးအပြေးပြိုင်ပွဲမှာတော့ အမေရိကန်ကအားကစားမယ် Erin Jackson က ဆောင်းရာသီအိုလံပစ်ရဲ့ပထမဆုံး လူမည်း ရွှေတံဆုရှင်အဖြစ်သမိုင်းမှတ်တမ်းတင်လိုက်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အဂတိလိုက်စားမှုတွေထဲက ဦးဖြိုးမင်းသိန်းပေးခဲ့တဲ့ ရွေတွေ၊ ဒေါ်လာတွေ လက်ခံယူခဲ့တယ်ဆိုတဲ့အမှုကို နေပြည်တော်အထူးတရားရုံးမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မှာ ဆက်လက်စစ်ဆေးပါတယ်။
ရုရှားနဲ့ယူကရိန်းနယ်စပ်မှာ ရုရှားနဲ့အမေရိကန်တပ်ဖွဲ့တွေကြား ကြီးမားတဲ့ပဋိပက္ခဖြစ်လာနိုင်ခြေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သတိပေးလိုက်ပြီး အမေရိကန်နိုင်ငံသားတွေ ယူကရိန်းနိုင်ငံထဲမှာ ရှိနေရင် ချက်ချင်း ထွက်ခွာကြဖို့လည်း သတိပေးလိုက်ပါတယ်။
အင်ဒိုပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံဘက်က သူ့ရဲ့နယ်မြေပိုင်ဆိုင်မှုတွေ အခိုင်အမာ ပြောလာချိန်မှာ တုံ့ပြန်နိုင်ဖို့ အထောက်အကူပြုမယ်လို့ယုံကြည်ပြီး အမေရိကန်ပြည်ထောင်စုကနေ အင်ဒိုနီးရှားနိုင်ငံကို လက်နက် ၁၄ ဘီလျံဖိုး ရောင်းချဖို့ သမ္မတ Joe Biden အစိုးရက အတည်ပြုလိုက်ပါတယ်။
“မြန်မာနိုင်ငံအကြောင်း ကျနော်တို့ ဒီကနေ့ ဆွေးနွေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက ကျနော်တို့အားလုံးအတွက် အင်မတန့် အင်မတန်ကို စိတ်ဒုက္ခ ရောက်စေပါတယ်။ စစ်အာဏာရှင် ဟာ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို နှစ်ဆတိုးလုပ်နေတာ တွေ့ရပါတယ်။” (အန်တိုနီ ဘလင်ကန်-အမေရိကန်နိုင်ငံခြားရေးဝန်ကြီး)
ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဖိနှိပ်ခြေမှုန်းတာ ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာထုတ်ေါ်ပြောကြားမှု နဲ့ ပတ်သက်ပြီး စိုးရိမ်နေရကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့မှာ အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။
ပြည်ပရောက် မြန်မာအတိုက်အခံအင်အားစုတွေကို ဖမ်းပေးဖို့ အာဏာသိမ်းစစ်ကောင်စီက အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) ကို အကူအညီတောင်းခဲ့ပေမယ့် ပြည်တွင်းပဋိပက္ခတွေမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ Interpol ရဲ့ ဒီနေ့ထုတ်ပြန်ချက်ကို ကိုးကားပြီး စင်္ကာပူအခြေစိုက် CNA သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုအခြေအနေ တကျော့ပြန် ဆိုးလာနေပြီလို့ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က ဗွီအိုအေကိုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်