[ ZAWGYI ]
လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင္႔ ကို အကာအကြယ္ေပးဖို႔ ကုလ ေတာင္းဆို
ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့ၿပီးတဲ့ေနာက္ပိုင္း လြတ္လပ္တဲ့ သတင္းမီဒီယာေတြ ဖိႏွိပ္ေျခမႈန္းတာ ခံေနရတဲ့ ျမန္မာႏိုင္ငံရဲ့ လြတ္လပ္စြာထုတ္ေၚေျပာၾကားမႈ နဲ႔ ပတ္သက္ၿပီး စိုးရိမ္ေနရေၾကာင္း ကုလသမဂၢက ၾကာသပေတးေန႔မွာ ေျပာပါတယ္။
ျမန္မာႏိုင္ငံရဲ လြတ္လပ္စြာထုတ္ေဖၚေျပာဆိုမႈ အတြက္ ဌာေနကုလအဖြဲ႔ေတြက အထူးစိုးရိမ္ေနေၾကာင္း ဒါဟာ မႏွစ္က ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္ အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း လြတ္လပ္တဲ့ သတင္းမီဒီယာေတြ ေျခမႈန္းတာ ခံခဲ့ရတဲ့ ေနာက္ ႀကံဳေနရတာလို႔ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres ရဲ့ ေျပာခြင့္ရ Stephane Dujarric ကေျပာပါတယ္။
ကုလသမဂၢ ယူနက္စကို ရဲ့ စစ္တမ္းေတြအရ ၿပီးခဲ့တဲ့တႏွစ္အတြင္း အဖမ္းဆီးခံရတဲ့ သတင္းသမားဟာ ဗုဒၵဟူးေန႔အထိဆို အနည္းဆံုး ၁၄၆ ဦး ရွိေနၿပီး အမ်ိဳးသမီးသတင္းေထာက္ ၁၂ ဦး အပါအဝင္ သတင္းသမား ၅၂ ဦးကေတာ့ ခုထိ အဖမ္းခံေနရဆဲ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ အဖမ္းခံရစဥ္ေသဆံုးရသူ ၃ ဦးထက္မနည္း ရွိေနတယ္ လို႔လည္း ေျပာပါတယ္။
ျမန္မာစစ္တပ္ အေနနဲ႔ သတင္းသမားေတြ အပါအဝင္ မတရား ဖမ္းဆီးထားသူအားလံုးကို ျပန္္လႊတ္ေပးဖုိ႔ ကုုလသမဂၢ ဌာေနအဖြဲ႔က ေတာင္းဆိုလိုက္ပါတယ္။
ဒါ့အျပင္ လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုခြင့္နဲ႔ သတင္းလြတ္လပ္ခြင့္ဆိုတာဟာ ဒီမိုကေရစီရဲ့ အေျခခံအုတ္ျမစ္ျဖစ္ၿပီး လြတ္္လပ္တဲ့ ျပည္သူအားလံုးအတြက္ အေျခခံလူ႔အခြင့္ေရး ရပိုင္ခြင့္ျဖစ္တာေၾကာင့္ အကာကြယ္ေပးရမွာ ျဖစ္ေၾကာင္းလည္း သတိေပးလိုက္ပါတယ္။
= = = = = = = = = = = = =
{ UNICODE }
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကို အကာအကွယ်ပေးဖို့ ကုလ တောင်းဆို
ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဖိနှိပ်ခြေမှုန်းတာ ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာထုတ်ေါ်ပြောကြားမှု နဲ့ ပတ်သက်ပြီး စိုးရိမ်နေရကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံရဲ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုမှု အတွက် ဌာနေကုလအဖွဲ့တွေက အထူးစိုးရိမ်နေကြောင်း ဒါဟာ မနှစ်က ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ခြေမှုန်းတာ ခံခဲ့ရတဲ့ နောက် ကြုံနေရတာလို့ အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။
ကုလသမဂ္ဂ ယူနက်စကို ရဲ့ စစ်တမ်းတွေအရ ပြီးခဲ့တဲ့တနှစ်အတွင်း အဖမ်းဆီးခံရတဲ့ သတင်းသမားဟာ ဗုဒ္ဒဟူးနေ့အထိဆို အနည်းဆုံး ၁၄၆ ဦး ရှိနေပြီး အမျိုးသမီးသတင်းထောက် ၁၂ ဦး အပါအဝင် သတင်းသမား ၅၂ ဦးကတော့ ခုထိ အဖမ်းခံနေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အဖမ်းခံရစဉ်သေဆုံးရသူ ၃ ဦးထက်မနည်း ရှိနေတယ် လို့လည်း ပြောပါတယ်။
မြန်မာစစ်တပ် အနေနဲ့ သတင်းသမားတွေ အပါအဝင် မတရား ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ဌာနေအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး လွတ်လပ်တဲ့ ပြည်သူအားလုံးအတွက် အခြေခံလူ့အခွင့်ရေး ရပိုင်ခွင့်ဖြစ်တာကြောင့် အကာကွယ်ပေးရမှာ ဖြစ်ကြောင်းလည်း သတိပေးလိုက်ပါတယ်။