မြန်မာနိုင်ငံဟာ ဒီမိုကရေစီအညွှန်းကိန်းသတ်မှတ်ချက် အဆင့် ၁၆၆ နဲ့ မြောက်ကိုရီးယား၊အာဖဂန်နစ္စတန်တို့နဲ့အတူ ဒီမိုကရေစီစံနှုန်းကျဆင်းသွားတဲ့ အဆိုးဆုံး ၃ နိုင်ငံထဲမှာ ပါဝင်ကြောင်း လန်ဒန်အခြေစိုက် ကမ္ဘာကျော် The Economist မဂ္ဂဇင်းရဲ့ စီးပွားရေး ဆန်းစစ်အကဲဖြတ်အဖွဲ့ EIU က ဒီနေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရုရှား-ယူကရိန်း ပဋိပက္ခကို သံတမန်ရေးအရ ဖြေရှင်းခြင်းဟာ အသင့်လျော်ဆုံး နည်းလမ်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြောကြားလိုက်ပါတယ်
အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့က ကိုဗစ် 19 ကူးစက်ခံရသူ ၇၇ သန်း ကျော်တိုးလာပေမဲ့လည်း ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တို့လိုနေရာတွေမှာ နှာခေါင်းစည်း မတပ်မနေရ တားမြစ်ချက်ကို ရုပ်သိမ်းဖို့ ပြည်နယ်အတော်များများမှာ စီစဉ်နေပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ Quad လို့ခေါ်တဲ့ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနဲ့ အမေရိကန် ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့ သြစတြေးလျနိုင်ငံ Melbourne မြို့ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ယူကရိန်းနယ်စပ်တင်းမာမှုအတွက် လာမယ့်ရက်တွေဟာ အရေးပါတဲ့ရက်တွေ ဖြစ်တယ်လို့ မော်စကိုမှာ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံပြီးနောက် ပြင်သစ်သမ္မတ Emmanuel Macron က အင်္ဂါနေ့က ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အင်ဒို ပစိဖိတ်ဒေသမှာ ရေကြောင်းနဲ့ဆိုက်ဘာလုံခြုံရေးအတွက် Australia၊ India၊ Japan တို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ Australia နိုင်ငံကို တနင်္လာနေ့နှောင်းပိုင်းက ထွက်ခွါသွားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေက အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေး ကို ဆက်လက် ခြိမ်းခြောက်နေဆဲဖြစ်တာမို့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးပေါ် အခြေအနေ ဆက်လက်ထားရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က လွှတ်တော်ကို အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။
ဒီကနေ့ (၇၅) နှစ်မြောက်ရှမ်းပြည်နယ်နေ့မှာ ပင်လုံစာချုပ်ကို ဘေးဖယ်ထားချင်တဲ့သဘောမျိုး နိုင်ငံရေးခေါင်းဆောင်တချို့ပြောကြတာဟာ ပြည်ထောင်စုကြီးထဲကိုလာရောက်ပူးပေါင်းတဲ့ တိုင်းရင်းသားတွေအတွက် အထူးဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ပြောပါတယ်။
ယူကရိန်းနယ်စပ် စစ်ရေးတင်းမာမှုလျော့ပါးရေးအတွက် ပြင်သစ်သမ္မတ Macron ဟာ ဒီနေ့ တနင်္လာနေ့မှာ ရုရှားနဲ့ယူကရိန်းကို သွားရောက်ခဲ့ပြီး သမ္မတ ၂ ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အနာဂတ်ခရီးစဉ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဘောတူခဲ့ကြောင်း ကမ္ဘောဒီယားဝန်ကြီတယောက်က တနင်္လာနေ့က ပြောပါတယ်။
ယူကရိန်းအကျပ်အတည်းနဲ့ပတ်သက်ပြီး ဒီကနေ့ တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဖို့ရှိသလို ပြင်သစ်သမ္မတ Macron နဲ့ ရုရှားသမ္မတပူတင်တို့လည်း မော်စကိုမှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။
Covid-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို ထရပ်ကားတွေနဲ့ ကန့်ကွက် တဲ့ ဆန္ဒပြပွဲတွေကြောင့် ကနေဒါမြို့တော် Ottawa မှာ သွားလာလုပ်ကိုင်လို့ မရအောင်ဖြစ်လာတဲ့အတွက် မြို့တော်ဝန်က မနေ့ တနင်္ဂနွေနေ့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ပါတယ်။
ပါမောက္ခ Sean Turnell ဟာ မနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီလို့ ခမာတိုင်းသတင်းဌာနရဲ့ရေးသားချက်နဲ့ပတ်သက်လို့ VOA က အကျဉ်းဦးစီးဌာနဘက်ကိုရော စစ်ကောင်စီဘက်ကိုပါ စုံစမ်းကြည့်ရမှာတော့ ပါမောက္ခ Sean Turnell လွတ်မြောက်တယ်ဆိုတဲ့သတင်းမဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အမေရိကန်စစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကို ပုံစံပြောင်း ကျင်းပမှာဖြစ်သလို မြန်မာနိုင်ငံကို လေ့လာသူအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားမှာ မဟုတ်တဲ့အကြောင်း ထိုင်းစစ်တပ်က ပြောဆိုပါတယ်။
တရုတ်နဲ့ရုရှားသမ္မတတို့ဟာ ဒီနေ့ ဘီဂျင်းအိုလမ်ပစ်ဖွင့်ပွဲမတိုင်ခင် တွေ့ဆုံခဲ့ကြပြီး အမေရိကန်အပါအဝင် အနောက်အုပ်စုကို ဆန့်ကျင်ကြောင်း စည်းလုံးညီညွတ်မှုကို ပြသလိုက်ကြပါတယ်။
ကမ္ဘာတဝန်း COVID-19 ကူးစက်မှု အရေအတွက်ဟာ မနေ့က ကြာသပတေးနေ့အထိ စာရင်းအရ ၃၈၃ သန်း ကျော်သွားပြီဖြစ်ပြီး သေဆုံးသူငေ်း ၅.၆၉ သန်း ရှိပြီလို့ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ ဒီအထဲမှာ ကူးစက်မှု နဲ့ သေဆုံးမှု အများဆုံးက အမေရိကန်ပြည်ထောင်စု ဖြစ်ပြီး နိုင်ငံ လူဦးရေရဲ့ ၅ ပုံ ၁ ပုံ ကူးစက်ခံရတာ ဖြစ်ပါတယ်။
ကျန်းမာရေးကြောင့် မနေ့က တရားရုံး မတက်ရောက်နိုင်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်ဟာ ဒီကနေ့တော့ ခေါင်းနည်းနည်းမူးပေမယ့် တရားရုံးတက်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်