ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း လှူဒါန်းငွေအဖြစ်နဲ့ အကြောင်းပြ ပေးအပ်တဲ့ ငွေ အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ကို ပုဂ္ဂလိက လုပ်ငန်းရှင်တဦး လုပ်နေတဲ့ လုပ်ငန်းအဆင်ပြေအောင် လုပ်ပေးတဲ့အနေနဲ့ ၂၀၁၉ နဲ့ ၂၀၂၀ မှာ တံစိုးလက်ဆေင်အဖြစ် ၄ ကြိမ်ခွဲ လက်ခံယူခဲ့တာ တွေ့ရှိရတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဂျပန်အစိုးရကချမှတ်ထားတဲ့ စီးပွားရေးဖွံ့ဖြိုးမှုရည်မှန်းချက်တွေ ပြည့်မီရေးအတွက် ဂျပန်နိုင်ငံအနေနဲ့ ၂၀၄၀ ခုနှစ်မတိုင်ခင် နိုင်ငံခြားကနေ ခေါ်ယူတဲ့အလုပ်သမား လက်ရှိထက် ၄ ဆလောက် ပိုပြီး လိုအပ်မယ်လို့ တိုကျိုမြို့အခြေစိုက် သုတေသနအဖွဲ့က ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
“ကမ္ဘောဒီးယား မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကတော့ ဒိအတွက် ပျက်ပြားစရာအကြောင်းလည်း မရှိပါဘူး။ အာဆီယံနဲ့ဆက်ဆံရေးကတော့ ကျနော်တို့အပေါ်မှာ ဒီလို တန်းတူရည်တူသဘောမထားတဲ့ နိုင်ငံတွေမှပါ...ကျန်တဲ့နိုင်ငံတွေနဲ့ဆက်ဆံရေးလည်း ကျနော်တို့ ကောင်းမွန်ပါတယ်။”(ဗိုလ်ချုပ်ဇော်မင်းထွန်း-တပ်မတော်သတင်းပြန်ကြားရေး)
အာဆီယံမူ ၅ ချက်ဖော်ဆောင်ရေး တိုးတက်မှုအနည်းငယ်သာတွေ့ရလို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကို မြန်မာစစ်ကောင်စီ တက်ရောက်ခွင့်ရမှာ မဟုတ်ဘူးလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရ Chum Sounry က ဗွီအိုအေ ခမာဌာနကို ဒီကနေ့ ပြောပါတယ်။
လေလောဆယ် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မယ့်အရိပ်လက္ခဏာ မတွေ့ရသေးဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ပြင်သစ် ရုပ်သံသတင်းဌာနတခုကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်မြောက်အောင် လုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ပုပ်ရဟန်းမင်းကြီး က အပတ်စဉ်လုပ်နေကျ ဝတ်ပြုဆုတောင်းပွဲမှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာမူဆလင်တွေအေပါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တရားစီရင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့အချက်ကိုလက်ခံတဲ့အကြောင်း NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာ့ဒီမိုကေရစီရေးအတွက် အမေရိကန်ပြည်ထောင်စုကကူညီမယ့်အစီအစဉ်ကို တစိုက်မတ်မတ်လုပ်ဆောင်ဖို့လိုအပ်ကြောင်း အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell က သမ္မတ Biden အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
စစ်အာဏာသိမ်းတနှစ်ပြည့်ချိန်မှာ တရားမျှတမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူရေးအပါအဝင် မြန်မာအရေး ထောက်ခံပံ့ပိုးဖို့ ဥရောပသမဂ္ဂနဲ့ ၉ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခံရတဲ့ အဖွဲ့အစည်းတွေထဲမှာ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လည်း ပါဝင်ပါတယ်။
အာဏာသိမ်းအပြီး တနှစ်အတွင်းမှာ တည်ငြိမ်မှုပျက်ပြားလာတဲ့အတိုင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ အရှေ့တောင်အာရှမှာ အရောင်းအဝယ်ကလည်း တက်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံး UNODC က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အမေရိကန်နဲ့ ရုရှားတို့ရဲ့ ထိပ်တန်းသံတမန်တွေဟာ အမေရိကန် စံတော်ချိန် အင်္ဂါနေ့မှာ ဖုန်းနဲ့ ဆွေးနွေးကြဖို့ ရှိပြီး ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယူကရိန်းကိုသွားပြီး သမ္မတ Volodymyr Zelenskiy နဲ့ ဆွေးနွေးဖို့ ရှိပါတယ်။
မြန်မာစစ်ကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ၊ သတင်းသမားတွေ၊ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တွေ တက်ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံခြားသားတွေကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရပါလိမ့်မယ်။
စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတာ ၁ နှစ်ပြည့်တော့မယ့်အချိန်မှာ စစ်ကောင်စီကို ထောက်ခံကြောင်း ချီတက်ဆန္ဒပြပွဲတွေ မြို့တချို့မှာ လုပ်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့က တနှစ်ကြာ နိုင်ငံတဝှမ်းအရေးပေါ်အခြေအနေကြေညာခဲ့တဲ့အမိန့်ကို နောက်ထပ် ၆ လသက်တမ်းတိုးတဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။
အာဏာသိမ်းတနှစ်ပြည့် နှစ်ပတ်လည်မတိုင်မီမှာပဲ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားအရေးယူတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စာရင်းထဲမှာ နောက်ထပ် ဒဏ်ခတ်အရေးယူမယ့်သူတွေကို တိုးလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်အတွင်း ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်လာတာကြောင့် သီပေါမြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်ပြေးဒုက္ခသည် ၄၀၀ ကျော် နေရပ်ပြန်သွားခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်က ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်